ထိပြီ ဆိုမှတော့

avatar

FTX ပြိုလဲသွားမှုဟာ FTX မှာ ငွေအပ်ထားတဲ့သူတွေ၊ ရင်းနှီးမြှုပ်နှံထားသူတွေကိုသာ ထိခိုက်စေခဲ့တာမဟုတ်ပါဘူး။ Bahamas မှာရှိတဲ့ FTX ဝန်ထမ်းပေါင်းများစွာဟာလည်း အလုပ်လက်မဲ့ဖြစ်ကုန်ကြပြီးတော့ အရင်ရနေခဲ့တဲ့ အခွင့်အရေးတွေအားလုံး ဆုံးရှုံးသွားခဲ့ရပါတယ်။ ၂၀၁၉ခုနှစ်တုန်းက Bahamas မှာ ဟာရီကိန်းမုန်တိုင်း Dorian တိုက်ခတ်ခဲ့ပြီးနောက်မှာ လူအတော်များများ အလုပ်လက်မဲ့ဖြစ်ခဲ့ရပြီးတော့ ခရီးသွားလုပ်ငန်းနဲ့ ဘဏ်လုပ်ငန်းတွေအပေါ်အဓိကအားထားနေရတဲ့ နိုင်ငံ့စီးပွားရေးဟာလည်း ပြန်လည်ထူထောင်ရေးမှာ ခက်ခဲခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ နည်းပညာနဲ့လုပ်ကိုင်ရတဲ့လုပ်ငန်းဖြစ်တဲ့ FTX exchange ကနေ Bahamas နိုင်ငံသားအတော်များများကို အလုပ်အကိုင်တွေဖန်တီးပေးနိုင်ခဲ့ပြီး ဝန်ကြီးချုပ်ကတောင်မှ crypto industry ဟာ တိုင်းပြည်စီးပွားရေး ပြန်လည်ဦးမော့လာဖို့ အထောက်အကူပေးနိုင်မယ်လို့ ယုံကြည်နေခဲ့ပုံပါ။

ဒီနေရာမှာ တစ်ချက်ပြောစရာရှိတာက SBF ဟာ သူနဲ့သူ့အပေါင်းအသင်းတွေအတွက်သာမကဘဲ ဝန်ထမ်းတွေအတွက်ပါ လက်ဖွာခဲ့တယ်ဆိုတာပါပဲ။ အကောင်းဖက်ကပြောရရင်တော့ ရက်ရောတယ်ပေါ့ဗျာ။ FTX ဟာ ဝန်ထမ်းတွေကို facility အပြည့်နဲ့ ထားပေးဖို့အတွက် တစ်ပတ်ကို $100,000 သုံးခဲ့ပြီးတော့ ကျွန်းနိုင်ငံလေးအနှံ့ ဝန်ထမ်းတွေကို အကြိုအပို့လုပ်ပေးဖို့အတွက်ကိုလည်း private shuttering service တွေ စီစဉ်ပေးခဲ့ပါတယ်။ ဒါ့အပြင် company ရဲ့ အခြားလိုအပ်တဲ့နေရာတွေဖြစ်တဲ့ ကုန်ပစ္စည်းစီစစ်ရေးတို့၊ ပွဲစီစဉ်ရေးတို့၊ စည်းကမ်းထိန်းသိမ်းရေးတို့ဖက်တွေမှာလည်း Bahamas နိုင်ငံသားတွေကိုသာ ခန့်ထားခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ ဒါတွေဟာ လွမ်းစရာဖြစ်သွားခဲ့ပြီဖြစ်ပြီး FTX ရဲ့ ဝန်ထမ်းအများစုဟာ အလုပ်လက်မဲ့ဖြစ်ကုန်ကြတဲ့အပြင် အချို့ဝန်ထမ်းတွေဆိုရင် Bahamas အစိုးရရဲ့ စုံစမ်းစစ်ဆေးတာ ခံနေရပါတယ်။

Reference Link: https://cointelegraph.com/news/trouble-in-the-bahamas-following-ftx-collapse-report

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=M6QMGN5I

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
0 comments