ပြန်ရနိုင်လို့လား

WazirX exchange ဟာ အခိုးခံလိုက်ရတဲ့ user asset တွေကို ပြန်ယူနိုင်ဖို့အတွက် bounty program တခုကို ကြေငြာလာပါတယ်။ လက်ရှိမှာတော့ FIU (Financial Intelligence Unit) ကို တိုင်ကြားထားသလို CEX (Centralized Exchange) ပေါင်း 500 ဆီကိုလည်း hacker wallet နဲ့ ဆက်စပ် wallet address တွေဆီကနေ ဝင်လာသမျှ asset တွေကို freeze ပေးဖို့ တောင်းဆိုထားပါတယ်။

ဒါ့အပြင် bounty program အနေနဲ့ hacker ဆီကနေ ခိုးရာပါ crypto asset တွေ ပြန်ယူရာမှာ ကူညီပေးနိုင်တဲ့ ဘယ်သူကိုမဆို ဆုတွေ ပြန်ပေးသွားမှာဖြစ်သလို cryptocurrency transaction တွေကို ခြေရာခံကျွမ်းကျင်ပညာရှင်တွေနဲ့လည်း တိုင်ပင်ဆွေးနွေးနေပါတယ်။ ဒါပေမယ့် ဒီ hack ကနေ user တွေရဲ့ ငွေတွေဘယ်လောက်ပါသွားပြီး WazirX ရဲ့ လုပ်ငန်းလည်ပတ်မှုအပေါ် ဘယ်လောက်ထိခိုက်မှုရှိခဲ့သလဲဆိုတာကိုတော့ အတိအကျ မထုတ်ပြန်သေးသလို user တွေရဲ့ ငွေတွေကို ဘယ်လိုပြန်လျော်ပေးမလဲဆိုတာကိုလည်း မသိရသေးပါဘူး။

CEX တွေ hack ခံရတဲ့အခါ ပြန်ယူတဲ့ process ဟာ အရမ်းစိတ်ဝင်စားဖို့ကောင်းပြီး hacker တွေနဲ့ CEX တွေကြား ပညာပြိုင်ရသလိုပဲဖြစ်သလို အချိန်ကစကားပြောသွားမယ့် ယှဉ်ပြိုင်မှုတခုလည်းဖြစ်ပါတယ်။
အခုလက်ရှိ Bitcoin တွေ ပြန်အမ်းပေးနေတဲ့ Mt. Gox ဆိုရင်လည်း 2014 ခုနှစ်တည်းက hack ခံလိုက်ရတဲ့ Bitcoin တွေကို ပြန်ယူတဲ့ process ဟာ 10 နှစ်နီးပါးကြာမြင့်ခဲ့ပါတယ်။

Reference Link: https://cointelegraph.com/news/wazirx-bounty-program-recover-stolen-assets

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=UAPFLEFU

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
0 comments