ဖိနပ်တွေတောင် Web 3 ကုန်ပြီ

avatar

NIKE ဟာ သူတို့ရဲ့ ပထမဆုံးသော physical Web3 Sneaker ကို ကြေငြာလိုက်ပါတယ်။ ဒီ Web 3 Sneaker ကို NIKE ရဲ့ RTFKT ဖက်က ထုတ်ထားတာ ဖြစ်ပြီး Cryptokicks iRL လို့ နာမည်ပေးထားပါတယ်။

၂၀၂၁ခုနှစ်ထဲမှာ RTFKT ကို NIKE ဖက်က ဝယ်ယူပြီးနောက်ပိုင်းမှာ NFT sneaker တွေကို ခြေလှမ်းကျဲကျဲနဲ့ ထုတ်လာတာဖြစ်ပြီး အရင်ရှိပြီးသား NIKE ရဲ့ တောင့်တင်းတဲ့ fan base ကြောင့်လည်း NFT Collection တွေ တိုင်းဟာ အောင်မြင်မှုရခဲ့ပါတယ်။ NIKE ဖက်က Web 3 product တွေကို တင်သွားမယ့် .Swoosh platform ကိုလည်း ပြီးခဲ့တဲဲ့လအတွင်းမှာ ကြေငြာခဲ့ပြီးတော့ အခု Web 3 sneaker တွေကတော့ သူတို့ရဲ့ ခြေလှမ်းအသစ်ပါ။

RTFKT ဖက်က တင်ထားတဲ့ Twitter thread ထဲမှာတော့ Web 3 sneaker တွေမှာ lace engine ပါဝင်လာမှာဖြစ်ပြီး lace engine ဟာ auto-lacing(ဖိနပ်စီးလိုက်တာနဲ့ အလိုအလျောက်ဖိနပ်ကြိုးချည်ပေးတဲ့စနစ်)၊ အထိအတွေ့တုံ့ပြန်စနစ်တွေ၊ ဖုန်းနဲ့ချိတ်ဆက်ပြီးတော့ ဖိနပ်က lighting ကိုလိုသလို ချိန်ညှိလို့ရမယ့်စနစ်တွေ၊ wireless charging တွေနဲ့ AI (Artificial Intelligence)/ML (Machine Learning) Algorithm တွေပါ ပါဝင်လာမှာပါ။ ဒါ့အပြင် Move to Earn ကိုပါ ထည့်သွင်းပေးထားမှာဖြစ်လို့ ဖုန်းထဲမှာ ဖိနပ်ဝယ်ထည့်ပြီး ပြေးရတာမျိုးမဟုတ်ဘဲ အပြင်လောကမှာ တကယ့်ဖိနပ်စီးပြီး quest တွေကို အထာကျကျလုပ်ရင်းနဲ့ reward တွေ ယူနိုင်တော့မှာဖြစ်ပါတယ်။

ဒီ Web 3 sneaker တွေကို ဝယ်ဖို့အတွက် December ၇ရက် ကနေ ၉ရက်အတွင်း RTFKT website မှာ register လုပ်ရမှာဖြစ်ပြီး ရွေးချယ်ခံရသူတွေကို December ၁၄ရက်နေ့မှာ public sale စပေးမှာပါ။ Lace Engine NFT Holder တွေအတွက်တော့ December ၁၂ရက်နေ့မှာ private sale စပေးမှာဖြစ်ပါတယ်။ ဒါပေမယ့် ဝယ်ယူပြီးရင်တော့ ဖိနပ်တွေကို US region အတွင်းကိုပဲ ပို့ပေးမှာဖြစ်ပါတယ်။ US ပြင်ပ အခြားနိုင်ငံတွေက ဝယ်ချင်ရင်တော့ US ကနေမှ တဆင့် ပြန်ပို့ခိုင်းရမယ့်သဘောပါပဲ။

Future is Now, boisss! 👟⚡️

Reference Link: https://bitcoinist.com/nike-1st-native-web3-sneaker-rtfkt/

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=M6QMGN5I

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
2 comments