Luna Crash

avatar

LUNA crash ကိစ္စမှာ အတွင်းလူရှိနေတာကြောင့် ဒီလောက်အထိဆိုးရွားသွားခဲ့တာဖြစ်တယ်လို့ Do Kwon က interview တစ်ခုမှာ ပြောလာပါတယ်။

LUNA Crash ဟာ မေလ ၇ရက်နေ့ညပိုင်းလောက်မှာ trading pool တွေကနေ ဆိုင်းမဆင့်ဗုံမဆင့် fund တွေ လွှဲပြောင်းတာကနေ စခဲ့တာဖြစ်ပြီး LUNA ဖက်က liquidity pool မှာ အခြေအနေမတည်ငြိမ်မှုတွေ စဖြစ်လာပါတယ်။ ဒါဟာ ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ခုဖြစ်တာကြောင့် LUNA ဖက်ကနေ အခြေအနေတွေကို ပြန်ထိန်းမယ်ဆိုရင် ထိန်းနိုင်တဲ့အခြေအနေတစ်ခုမှာ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုဖြစ်သွားတဲ့ကိစ္စဟာ တနည်းနည်းနဲ့အပြင်ကိုပေါက်ကြားသွားတာကြောင့် ၁၃မိနစ်လောက်အကြာမှာပဲ trader အချို့ဟာ $200 million ဖိုး UST တွေကို ထုတ်ရောင်းလိုက်ကြပါတယ်။ ညဖက်ကနေစရောင်းလိုက်ကြတဲ့ UST sale တွေဟာ နောက်တစ်နေ့မနက်အထိကို ဆက်သွားပြီးတော့ LUNA liquidity pool ထဲမှာ အခြေအနေတော်တော်ဆိုးဆိုးဖြစ်သွားတဲ့အတွက် UST Depeg လည်း စဖြစ်လာပါတယ်။

အဲ့ဒီအချိန်မှာ UST Depeg ဖြစ်တဲ့ကိစ္စက Twitter ပေါ်မှာ ပြန့်နေပါပြီ။ Twitter ပေါ်မှာပြန့်ပြီဆိုမှတော့ investor တွေက ဝိုင်းရောင်းကြတာ မဆန်းပါဘူး။ ဒီလိုအခြေအနေရောက်နေတဲ့အချိန်မှာတောင် Do Kwon က Twitter မှာ “UST Depeg ဖြစ်တယ်ဆိုပြီး အာသီးယောင်နေတဲ့သူတွေပြောတဲ့စကားကို နားထောင်နေမလား၊ ဒါမှမဟုတ် အခုသူတို့အကုန်မွဲကုန်ကြတာကို ကြည့်ပြီး အပြေးထွက်ကျင့်မလား” ဆိုပြီး အကြောတက်မာနေခဲ့သေးတာကလည်း အမှတ်တရတစ်ခုပါပဲ။

တကယ်တော့ အဲ့ဒီအချိန်မှာ Do Kwon ဟာ ကူကယ်ရာမဲ့ ဖြစ်နေပြီးတော့ သူ့ရဲ့ executive team ကလည်း Terraform ရုံးချုပ်က အစည်းအဝေးတစ်ခုကို တက်ဖို့အတွက် စင်ကာပူကို လေယာဉ်နဲ့သွားနေကြချိန်ဖြစ်ပါတယ်။ Do Kwon ကတော့ ဒါဟာ အချိန်ကိုက်လုပ်ကြံမှုတစ်ခုဖြစ်ပြီး ဒီအချက်အလက်တွေ အကုန်လုံးတိုက်ဆိုင်နေဖို့ဆိုတာ မဖြစ်နိုင်ကြောင်းနဲ့ အတွင်းလူရှိလို့သာ မအေးအေးဝင်းစီစဉ်သလိုဖြစ်နေတာဆိုပြီး ယူဆထားပါတယ်။

ဒါပေမယ့် LUNA Crash ဖြစ်သွားတဲ့ကိစ္စမှာ Do Kwon ရဲ့ ခေါင်းမာမှု၊ မောက်မာရိုင်းပြမှုတွေလည်း ပါဝင်နေတာကတော့ ငြင်းလို့မရပါဘူး။ UST ရဲ့ algorithmic pegging စနစ်ဟာ သေချာအကွက်ချပြီး တိုက်ခိုက်လို့ရနိုင်ကြောင်းကို ထောက်ပြတဲ့သူတွေကိုလည်း Do Kwon က နင်ပဲငဆရန်တွေ့ခဲ့ပြီးတော့ Twitter မှာ ချဉ်ဖတ်သဖွယ်ဖြစ်နေခဲ့တာပါ။ နောက်ဆုံးမှာတော့ အကြောင်းတရားတွေ၊ အကျိုးတရားတွေစုစည်းပြီး ဖြစ်သွားခဲ့တဲ့ LUNA Crash ကြောင့် ကြားထဲက ခံလိုက်ကြရတာကတော့ investor တွေပါပဲ။

Reference Link: https://cryptopotato.com/do-kwon-admits-to-insider-role-in-the-collapse-of-terra-network/

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/myancrypto

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=TIRSVFWP

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
0 comments