ခွေးဖေဖေကတော့

avatar

FTX ကိစ္စတွေ၊ exchange တွေက စိတ်ချရလား မချရလားဆိုတဲ့ ကိစ္စနဲ့ပဲ စိတ်ညစ်နေကြတဲ့သူတွေအတွက် ခွေးဖေဖေက အာရုံပြောင်းပေးနေပါပြီ။ “Hardcore Twitter 2.0” ဆိုတဲ့ Twitter အသွင်သစ်ကို ပြောင်းလဲဖို့အတွက် Elon Musk ရဲ့ အလုပ်ခွင်မညှာမတာခိုင်းစေမှုတွေကြောင့် Twitter ဝန်ထမ်းရာနဲ့ချီဟာ အလုပ်ထွက်ကုန်ကြပြီးတော့ Twitter ရဲ့ အဆောက်အဦးတွေကိုလည်း Twitter အုပ်ချုပ်ရေးဖက်က ပိတ်ချထားပါတယ်။ ဒါ့အပြင် ဝန်ထမ်းဝင်ခွင့်တွေအားလုံးကိုလည်း ကန့်သတ်ထားပြီးတော့ ဘယ်သူ့ကို access ဖွင့်ပေးရမလဲဆိုတာကို စဉ်းစားနေကြောင်း Twitter Leadership ဖက်က စဉ်းစားနေတယ်လို့ tech journalist တစ်ဦးဖြစ်တဲ့ Zoë Schiffer က ရေးသားထားပါတယ်။

ခွေးဖေဖေလက်ထက်မှာ Twitter ဟာ ဗရမ်းဗတာဖြစ်နေတယ်လို့ ဆိုရမှာဖြစ်ပြီး Twitter ပိုင်ရှင်ဖြစ်လာတည်းက ဝန်ထမ်း ထောင်နဲ့ချီကို ကြိုတင်အကြောင်းကြားထားတာမျိုးမရှိဘဲ အလုပ်ထုတ်ပစ်ခဲ့တာကြောင့် ဝန်ထမ်းတွေဖက်က တရားပြန်စွဲထားပြီးတော့ “8$ပေး၊ verification badge ယူ” ဆိုတဲ့ Elon Musk ရဲ့ မဟာအကြံတော်ကြီးဟာလည်း အလုပ်မဖြစ်ခဲ့ဘဲ ရပ်နားထားရပါတယ်။ ဒီမဟာအကြံတော်ကြီးနဲ့ verification badge တွေထုတ်ပေးပြီးခါမှ fake account တွေက blue mark ရကုန်ပြီး verification team တစ်ခုလုံး အရှက်တွေကွဲခဲ့တာကြောင့်လည်း ပါပါတယ်။

အခု Twitter ဝန်ထမ်းတွေ နှုတ်ထွက်ကုန်ပြီး အဆောက်အဦးတွေပိတ်ချ၊ badge access တွေမရတဲ့ ကိစ္စဟာလည်း Twitter ပေါ်မှာ ရေပန်းစားပြောစရာဖြစ်နေပါတယ်။ Twitter ရဲ့ ပြသနာတွေကို Twitter ပေါ် မှာ share ရင်းနဲ့ Twitter ကြီး စည်ကားနေပါတယ်။

Reference Link: https://www.ign.com/articles/elon-musks-twitter-takeover-and-the-chaos-that-followed-the-complete-timeline

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=M6QMGN5I

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
3 comments