Job Opportunity

avatar

အလုပ်ခေါ်စာ

Crypto နဲ့ ပတ်သတ်တဲ့ ဗဟုသုတတွေကို လွယ်လင့်တကူလေ့လာနိုင်အောင် Myan Crypto (MCM Club) ရဲ့ Help Desk အစီအစဥ် စတင်ဖို့ပြင်ဆင်နေပါတယ်။ အဲ့ဒီအတွက် Help Desk Admin ၁ယောက် လိုအပ်ပါတယ်။

Position – Help Desk Admin

လိုအပ်ချက်တွေအနေနဲ့ကတော့ စာသင်ရတာ (သူများမသိတာကို ရှင်းပြပေးရတာ) စိတ်ဝင်စားသူ၊ ကိုယ်မသိသေးတာကို ကြိုးစားသင်ယူချင်စိတ်ရှိသူ၊ Crypto အကြောင်းကို စိတ်ဝင်တစားလေ့လာနေတဲ့ သူဖြစ်ရပါမယ်။ တစ်ဦးတစ်ယောက်တည်း လေ့လာတာထက် အများနဲ့ အတူလေ့လာပြီးတော့ ကူညီချင်စိတ်ရှိတဲ့သူအတွက် အထူးသင့်လျော်တဲ့ အလုပ်ဖြစ်ပါတယ်။ Crypto အကြောင်း မသိသေးတဲ့သူတွေ ပါနိုင်တဲ့အတွက် အလုပ်လျှောက်တဲ့သူအားလုံးက အစမ်းခန့်ကာလမတိုင်ခင် Crypto ရဲ့ Basic Class အတန်းမှာ တက်ခွင့်ရမှာဖြစ်ပါတယ်။

လုပ်ရမယ့်အလုပ်ကတော့ အခုမှ Crypto ကို စလေ့လာတဲ့သူများကို guide လုပ်ပေးရမှာဖြစ်ပြီး မသိလို့ လာမေးတဲ့သူတွေရဲ့ မေးခွန်းတွေကို ဖြေပေးရမှာဖြစ်ပါတယ်။ အလုပ်ချိန်ကတော့ တစ်နေ့ကို ၆ နာရီဖြစ်ပြီးတော့ အဆင်ပြေအောင် ညှိနှိုင်းသွားလို့လည်း ရပါတယ်။

အခြေခံလစာအနေနဲ့ USD 100 ကနေစပြီးတော့ အချိန်မှန်ကြေး၊ ရက်မှန်ကြေး၊ Performance နဲ့ Community Feedback တွေပေါ် မူတည်ပြီး Bonus တွေ ထပ်ရရှိမှာပါ။

အလုပ်လျှောက်လွှာကို ဒီ https://forms.gle/srSpvnG4YKF1WsnZ9 ကနေ ဖြည့်နိုင်ပါတယ်။ Registration deadline ကတော့ ၁၀လပိုင်း ၃ရက်နေ့ ည ၁၁:၅၉ ပါ။



0
0
0.000
3 comments