အန်ကယ်ဆမ်ရယ်... တော်ရုံဆို တော်ပြီ လေ

Binance တရားစွဲခံရတဲ့သတင်းနဲ့အတူ cryptocurrency market ထဲက အနီချောင်းကြီးတွေဟာလည်း ရဲရဲတောက်ပါပဲ။ SEC ဟာ Binance ကို တရားစွဲဖို့အတွက် April လလောက်မှာတည်းက တာဆူနေခဲ့တာဖြစ်ပြီး June လ မှာတော့ Binance နဲ့အတူ Binance CEO CZ (ChangPeng Zhao) ကိုပါ တရားစွဲခဲ့တာဖြစ်ပါတယ်။

Binance ဟာ $ billion နဲ့ချီတဲ့ user fund တွေကို သီးသီးသန့်သန့်ခွဲမထားဘဲ company fund တွေနဲ့ ရောထားခဲ့ပြီး CZ ပိုင်ဆိုင်တဲ့ အခြား company တစ်ခုဆီကို လျှို့ဝှက်ပို့ခဲ့ကြောင်း၊ US မှာ လိုင်စင်မရှ်ိဘဲ exchange လုပ်ငန်းလုပ်ကိုင်နေကြောင်းနဲ့ US နိုင်ငံသားတွေကိုလည်း Binance International website ကို ဝင်မရအောင် တားမြစ်ဖို့ ပျက်ကွက်ခဲ့ကြောင်းတွေ စွပ်စွဲထားတဲ့အပြင် cryptocurrency အချို့ကိုပါ security product အဖြစ် စာရင်းသွင်းလိုက်ပြန်ပါပြီ။

ဒီတစ်ခေါက်စာရင်းထဲမှာတော့ ဒိတ်ဒိတ်ကြဲ cryptocurrency တွေဖြစ်တဲ့ BNB၊ BUSD၊ SOL၊ ADA၊ MATIC၊ ATOM၊ SAND၊ MANA၊ AXS နဲ့ COTI တို့ပါ ပါဝင်လာပါတယ်။

Security product လို့ SEC ဖက်က ယူဆလိုက်တဲ့ cryptocurrency project တိုင်းဟာ အကြောင်းအမျိုးမျိုးနဲ့ ပြဿနာရှာခံရလေ့ရှိပြီးတော့ ပြဿနာရှာခံရတိုင်းလည်း project တွေကို အညွှန့်ချိုးသလိုဖြစ်ပြီး ဈေးထိုးကျလေ့ရှိပါတယ်။ ဒါကြောင့် ဒီလိုပြဿနာရှာခံရမယ်ဆိုရင် အခုလက်ရှိ crypto market cap ထဲက $100 billion ကျော်ဖိုးလောက်အထိ ထိခိုက်သွားနိုင်ပါတယ်။

SEC ဥက္ကဌ Gary Gensler ကတော့ Bitcoin ကလွဲပြီး ကျန်တဲ့ cryptocurrency တိုင်းကို security product လို့ SEC အနေနဲ့ သတ်မှတ်ထားကြောင်းလည်း ပြောဖူးတာကြောင့် ဘယ်လိုနေနေကို ပြေးမလွတ်တဲ့ အခြေအနေဖြစ်နေပြီးတော့ US ကနေ ပြေးမှသာ လွတ်မယ့်အခြေအနေမှာ ရှိနေပါတယ်။

Binance ဖက်ကတော့ SEC နဲ့ ၂နှစ်ခွဲနီးပါး ပူးပေါင်းလုပ်ကိုင်ခဲ့တာဖြစ်ပေမယ့် အခုတော့ ဒီလို စွပ်စွဲခံရတာကြောင့် စိတ်ပျက်မိကြောင်း၊ စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိကြောင်းနဲ့ ဒီအမှုကို အဆုံးထိရင်ဆိုင်သွားဖို့ ပြင်ဆင်ပြီးသားဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

Reference Link: https://decrypt.co/143446/binance-hit-with-sec-lawsuit-in-latest-regulatory-woes
https://cointelegraph.com/news/sec-labels-61-cryptocurrencies-securities-after-binance-suit

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
0 comments