ယူကရိန်းရဲ့ထိုးစစ်ဆင်မှု အတော်ခရီးရောက်လာ

avatar

ရုရှားအနေနဲ့ယူကရိန်းကို သိမ်းပိုက်နိုင်ဖို့အတွက် စစ်ဆင်းရေးဆင်းနွှဲနေခဲ့တာဆိုရင်ဖြင့် ၇ လကျော်ကြာခဲ့ပါပြီး။ ဒီ ၇လ ကျော်ကြာပြီးတဲ့အချိန်မှာတော့ နှစ်ဖက်စလုံးအကျအဆုံးများခဲ့ပါတယ်။ရုရှားအနေနဲ့တော့ဘယူကရိန်းရဲ့ မြို့လေးတွေလောက်တာ ထိန်းချူပ်ထားနိုင်ပြီးတော့ အဓိကကျတဲ့မြို့တွေကိုတော့ တိုက်ယူနေရဆဲပါပဲ။

ယူကရိန်းရဲ့ခံစစ်ကအတော်လေးလဲ ကောင်းမွန်သလို နိုင်ငံတကားရဲ့စစ်ရေးထောက်ပံမှုတွေကြောင့်လဲ ရုရှားရဲ့ထိုးစစ်တွေက ထင်သလောက်ခရီးမပေါက်ခဲ့ပါဘူး။အခုဆိုရင် ယူကရိန်းတပ်အနေနဲ့ ရုရှားတပ်တွေကို တန်ပြန်ထိုးစစ်တောင် စတင်နေခဲ့ပါပြီး။ထိုစစ်ဆင်မှုကလဲ အတော်လေးကို ခရီးရောက်နေခဲ့ပါပြီး။

ယူကရိန်းနိုင်ငံတောင်ပိုင်မှာရှိနေတဲ့ ရုရှားတို့ထိန်းချူပ်ထားတဲ့ ခါရာဆွန်ဒေသမှာတော့ ယူကရိန်းစစ်တပ်တွေရဲ့ တန်ပြန်ထိုးစစ်ဆင်မှုဟာ အရှိန်ရလာနေတယ်လို့ စစ်ရေးအရင်းအမြစ်တွေအရသိရပါတယ်။ထိုဒေသမှာရှိနေတဲ့ ​ခါရာဆွန်မြို့နဲ့ မြစ်အရှေ့ခြမ်းကိုဆက်သွယ်ထား တံတားတွေကိုပစ်မှတ်ထားပြီး အခုနောက်ဆုံးပစ်တဲ့ဒုံးကျည်တွေကြောင့် ထိုတံတားတွေသုံးစားလို့မရအောင် ဖြစ်သွားခဲ့ရပါတယ်။

အခုဆိုရင်ဖြင့် ရုရှားတပ်တွေ ထိုတံတားအသုံးပြုလိုမရတော့တာကြောင့် မြစ်အနောက်ခြမ်းမှာရှိနေတဲ့ ရုရှားရဲ့ထောင်နဲ့ချီသောတပ်တွေအဆက်အသွယ်ပြတ်သွားနိုင်တယ်လို့ စစ်ရေးသတင်းအရင်အမြစ်တွေက ဆိုထားပါတယ်။ထိုမြို့ဟာဆိုရင် စစ်ပွဲစတင်ခဲ့တဲ့ အစောပိုင်ရက်တွေမှာ ရုရှားလက်ထဲကျရောက်ခဲ့တဲ့ ယူကရိန်းရဲ့ အရေးပါတဲ့မြို့တွေထဲက ပထမဆုံးသော မြို့တစ်မြို့ပဲဖြစ်ပါတယ်။

@kaunglay2
22:30PM



0
0
0.000
2 comments