ယူကရိန်းနဲ့ရုရှားတို့ရဲသတင်း

avatar

ရုရှားအနေနဲ့ ယူကရိန်းရဲ့ အိုဒက်ဆာမြို့ကနေ ဂျူံတင်ပို့ကို စတင်နိုင်ရန်အတွက် ရုရှားခွင့်ပြုပေးဖို့သဘောတူညီချက်တစ်ခုကို ရုရှားကလက်မှတ်ရေးထိုးခဲ့ပါတယ်။ဒါပေမယ့် ရုရှားဘက်ကတော့ တစ်ရက်အကြာမှာပဲ ထိုမြို့ကို ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့ပါတယ်။

ရုရှားအနေနဲ့ ထိုတိုက်ခိုက်မှုအပေါ်မှာတော့ ရုရှားအဆိုအရ သူတို့အနေနဲ့ စစ်သင်္ဘာလို့ ခေါ်တဲ့ လက်နက်သိုလှောင်ရာ နေရာတစ်ခုကိုပဲ တိုက်ခိုက်ခဲ့တယ်လို့ဆိုထားပြီး သူတို့ကလေကြောင်ကနေ အသေအချာတိုက်ခိုက်ခဲ့မှုကြောင့် ကင်းလှည့်လှေတစ်စီးဖြစ်ကြောင်းကို ရုရှားရဲ့နိုင်ငံခြားရေးဝန်ကြီးကအစောပိုင်းရည်ညွှန်းဖော်ပြထုတ်ပြန်ထားပါတယ်။

ရုရှားရဲ့ထိုတိုက်ခိုက်မှုကို ကမ္ဘာတစ်ဝန်း နိုင်ငံတကားကကို ကန့်ကွက်ရှုတ်ချခဲ့ကြပါတယ်။ယူကရိန်းသမ္မတကတော့ ထိုတိုက်ခိုက်မှုတစ်ခုဟာ ရုရှားတို့ရဲ့ ရက်စက်ပြီးတော့ ကြမ်းကြုတ်မှုတစ်ခုသာဖြစ်တယ်လို့ ဆိုထားပါတယ်။ရုရှားကတော့ ထိုမြို့ကိုတိုက်ခိုက်မှုကြောင့် နိုင်ငံတကားရဲ့အမျက်ထွက်မှုကို ရင်ဆိုင်နေရပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးကတော့ ထိုရင်ဆိုင်မှုကို အလေးမထားဘဲနဲ့ သံတမန်းရေးမှာ လက်ဦးမှုရယူဖို့အတွက် အာဖရိကတိုက်ကိုသွားရောက်ခဲ့ပြီးလဲဖြစ်ပါတယ်။ထိုနိုင်ငံခြားရေးဝန်ကြီးအနေနဲ့ အာဖရိကတိုက်ထဲမှာရှိတဲ့ အီဂျစ်နိုင်ငံရဲ့အကြီးအကဲနဲ့အရင်ဆုံးတွေ့ဆုံမှာပဲဖြစ်ပါတယ်။အီဂျစ်နိုင်ငံကတော့ ရုရှားရော် အမေရိကန်နဲ့ပါ မျှမျှတတဆက်ဆံဖို့ကြိုးစားနေတဲ့ နိုင်ငံပဲဖြစ်ပါတယ်။

@kaunglay2
23:00PM



0
0
0.000
2 comments