ရင်နာတယ်

avatar

img_0.6882841969935812

အမှန်တော့အမှန်တော့ ဒီနေ့ဖို့စာရေးရမှာစိတ်မပါသလိုဖြစ်နေတယ်၊စိတ်မပါဘူးဆိုတာထက် ဒီနေ့အတွက် စာရေးချင်စိတ်ကိုမရှိဘူး။စိတ်မကောင်းစရာတွေ ရင်နာစရာတွေနဲ့ ဒီနေ့ကတော့ အထူးဝမ်းနည်းရတဲ့ နေ့တနေ့ပါပဲ။

ခုတလောမီးကလုံးဝကိုမပြတ်ဘဲရှိနေခဲ့တာ ရက်တစ်ပတ်ခန့်ကျော်ခဲ့ပြီးတော့ မနေ့ညကတော့ မီးကစတင်ပြီးပျက်သွားခဲ့တယ်။ကိုယ်တွေးလိုက်တာက အော် မီးကဒီကလ မမှန်ဘဲဆိုတော့ ဒီအတိုင်လေးပဲ တွေးလိုက်ပါတယ်။ဒါနဲ့ facbook ပေါ် ဟိုပွတ်ဒီပတ်နဲ့ မီးကတစ်နိုင်ငံလုံးပျက်တာကို သတိထားမိလိုက်တယ်။အော် မီးကအချိန်ပြည့်ပေးနေခဲ့တော့ ခနလေး system breakdown ပဲဖြစ်တာနေမှာဆိုးပြီးတော့ အိပ်လိုက်တယ်။

အဖြစ်အပျက်ကတော့ တကယ့်ကို မျက်စီတစ်မှိတ်အတွင်းမှာဖြစ်သွားခဲ့တယ်။မနက်အိပ်ယာထတော့ fb ပေါ်ကနေ မြင်လိုက်ရတဲ့သတင်းကအတော်ကို ဆို့နင့်စရာပါပဲ၊လုံးဝကို မမျှော်လင့်ထားသလို အခုလိုကြီးလဲ မြန်သွားလိမ့်မယ်လို့မထင်ထားခဲ့ဘူး။ထိုသတင်းကြောင့် ဒီနေ့တနေကုန် ဘာလုပ်လို့ဘာကိုင်ရမယ်မှန်းမသိတော့ဘူး။တနေ့တာလုံးကို အဆင်မပြေခဲ့ဘူး။မနာလိုမှုတွေ တအားများလှပါလားနော်။

မီးပျက်တဲ့ကိစ္စကတော့ အစကတော့ သွေးရိုသားရိုထင်ခဲ့မိတယ်။မနက်အိပ်ယာနိုးတော့မှပဲ ဘာကြောင့် မီးပျက်ရတယ်ဆိုတာ သိခွင့်လိုက်ရတယ်။ထိုအပြင် ဒီနေ့တနေကုန်နီးပါး ကိုယ်နေတဲ့နေရမှာတော့ မီးက တနေကုန်ပြတ်နေတာကြုံနေရတယ်။စိတ်ကလဲ ထိုသတင်းကြောင့် မကြည် မီးကလဲတနေကုန်နီးပါးပျက်နေတော့ ဒီနေ့တောင် ဘယ်လိုကုန်ဆုံးသွားခဲ့လဲဆိုတာတောင် မသိလိုက်ရတဲ့အဖြစ်ပါပဲ။
@kaunglay2



0
0
0.000
2 comments