တူရကီရဲ့ကန့်ကွက်မှုအကြောင်း

avatar

img_0.6453551101536344.jpg

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ဆွီဒင်နဲ့ဖင်လန်က နေတိုးအဖွဲ့ဝင်ဖြစ်ဖို့အတွက် လျှောက်လွှာတွေအသီးသီးတင်သွင်းခဲ့ကြပါတယ်။တူရကီအနေနဲ့ သူရဲ့ ပြည်တွင်းအရေးကိစ္စနဲ့ပတ်သတ်ပြီးတော့ ထိုနှစ်နိုင်ငံရဲ့ ရပ်တည်ချက်တွေကြောင့် တူရကီက ကန့်ကွက်နေပခဲ့ပါတယ်။

ဆွီဒင်နဲ့ဖင်လန်နိုင်ငံဟာဆိုရင်ဖြင့် ကာ့ဒ်စစ်သွေးကြွအဖွဲ့တွေကို နှိမ်နင်းရာတွင် တူရကီဖက်ကမရပ်တည်ဘဲ ကန့်ကွက်ခဲ့တာတွေ နောက်ပြီးတော့ တူရကီနိုင်ငံထဲ ဆီးရီးယားမြောက်ပိုင်းမှာ လှုပ်ရှားနေတဲ့ တခြားကာ့ဒ်တွေကို တိုက်နေတာကို ဖင်လန်နဲ့ဆွီဒင်တို့က ကန့်ကွက်ခဲ့တယ်ဆိုပြီးတော့ တူရကီအနေနဲ့ ထိုနှစ်နိုင်ငံကို သဘောမကျဖြစ်နေပါတယ်။

တူရကီအနေနဲ့ ဆီးရီးယားမှာ စစ်ရေးအရ ဝင်စွတ်ဖက်နေတာနဲ့ပတ်သတ်ပြီးတော့ တူရကီကို ကန့်ကွက်တဲ့အနေနဲ့ လက်နက်ဝယ်မှုကို ပိတ်ပင်းခဲ့တယ်။တူရကီအနေနဲ့ထိုပိတ်ပင်းမှုကို ဖယ်ရှာစေချင်ခဲ့တယ်။

တူရကီနဲ့နေတိုးက အရင်ကလည်း သဘောထာကွဲလွဲမှုတွေ ရှိခဲ့ဖူးပါတယ်။ နေတိုးရဲ့အတွင်းရေးမှုချူပ်အဖြစ် ၂၀၀၉ ခုနှစ်မှာ ဒိန်းမတ်ဝန်ကြီးကို ခန့်အပ်တာနဲ့ပတ်သတ်ပြီး တူရကီကကန့်ကွက်ခဲ့တယ်။ ၂၀၀၆ ခုနှစ်က ဒိန်းမတ်မှာ မိုဟာမက်ကာတွန်းပုံနဲ့ပတ်သတ်ပြီးတော့ ပေါ်ပေါက်လာတဲ့ ပြဿနာတွေကို ဖြေရှင်းရာမှာ ညံ့ဖျင်းတယ်လို့ စွပ်စွဲခဲ့တယ်။နောက်ဆုံးမှာတော့ နေတိုးနဲ့တူရကီ ဆွေးနွေးညှီနှိုင်းမှုတွေအကြာကြီး လုပ်ပြီးတော့ နေတိုးဘက်ကနေ လိုက်လျောမှုတွေ လုပ်ခဲ့ပြီးမှ သဘောတူခဲ့ပါတယ်။

ဆွီဒင်နဲ့ဖင်လန်နိုင်ငံတွေရဲ့ နေတိုးအဖွဲ့ဝင်ခွင့် လျှောက်လွှာတွေကို တူရကီသမ္မတ အနေနဲ့ ကန့်ကွက်နေပေမယ့် နေတိုးနဲ့ညှီနှိုင်းမှုတွေ လုပ်ပြီးတော့ နောက်ဆုံးမှာတော့ ထိုနှစ်နိုင်ငံ နေတိုးထဲဝင်လာမှာကို သဘောတူလိမ့်မယ့် ခန့်မှန်းတွေက ဆိုထားပါတယ်။
@kaunglay2
21:30PM



0
0
0.000
0 comments