သတိထားနိုင်ကြပါစေ

avatar
(Edited)

fb_img_1613374265540.jpg
ကျတော်တို့မြန်မာနိုင်ငံမှာအပေါဆုံးက သံယံဇတတွေပါပဲအရင်ကမြန်မာနိုင်ငံက ကမ္ဘာမှာအချမ်းသာဆုံးစာရင်ဝင်နိုင်ငံတနိုင်ငံဖြစ်ခဲ့ပါတယ်။အခုလက်ရှိမှာတော့ အပေါဆုံးကတော့ သူခိုး၊ဓားမြ၊လုယှက်သူတွေပဲဖြစ်ပါတယ်။
ဘယ်လောက်ပေါသလဲဆိုရင်တော့ နေ့ခင်ပိုင်လူပြတ်တဲ့လမ်းတွေသွားမိရင်တော့ ဆိုင်ကယ်အပြင် ဖုန်း ပိုက်ဆံတွေအပြင် အခန့်မသင့်ရင်အသက်ပါပေးရတဲ့အထိပဲဖြစ်ပါတယ်။မန်းလေးကအဲလောက်ထိကိုအခြေအနေဆိုးသွားပါပြီ။
၇၃လမ်းနဲ့၁၁၁လမ်းထောင့် ကွေ့ ၃ ကွေ့လေးရှိတယ်။မန်းလေးသားတွေဆိုသိမှာပါ။new ocean အကျော် MIIT ကျောင်းဘေးနားကလမ်းဆို လူတိုင်သိကြပါလိမ့်မယ်။အဲနေရာ ညမပြောပါနဲ့ နေ့ခင်တောင်လူအတော်ပြတ်တဲ့လမ်းပါ ဒီကာလကြီးမဖြစ်ခင်တုန်းကအဲလမ်းမှာဘာသံညာသံတွေမကြားရပါဘူး။အခုတော့ အဲလမ်းမှာကားတောင်သွားမိရင် ကားတားတဲ့အထိကိုလုယှက်နေကြပါပြီး။အခုဆိုကားနဲ့တောင် မန်းလေးမှာ ညမှောင်ပြီးဆိုရင် လူသွားလူလာနည်းတဲ့လမ်းတွေကိုမသွားတာအကောင်းဆုံးပါပဲ။

အခုလက်ရှိကျတော်တို့ရုံးအသစ်လမ်းကြားမန်းလေးအခေါ် တစ်ပြပေါ့။အဲလမ်းမှာကျတော်ရုံးကြီးရှိနေပါလျှက်နဲ့လူတွေလဲရှိပါတယ်။ ဒါကိုဘယ်ကမိန်းမကြီးလဲမသိပါဘူး။အဲလမ်းကြားမှာဆိုင်ကယ်ရပ်ပြီးဖုန်းပြောနေတာ ယောကျ်ားလေး၆ယောက်ဆိုင်ကယ်နှစ်စီး လုပြီးပြေးမှအော်တော့ကျတော်တိုလဲဘာမှမတတ်နိုင်ပါဘူး။ခုတော့အဲလိုစာလေးနဲ့သတိပေးထားပါတယ်။
img_20220114_134113.jpg
သူတို့တွေကမှောင်ရိပ်ကိုခိုပြီးလုပ်စားနေတော့ညတွေမှာဆို မှောင်တဲ့ဘက်ကမသွားတာအကောင်းဆုံးပါ။နေ့ခင်ဘက်ဆိုလဲ လူသွားလူလာပြတ်တဲ့နေရာတွေ အိမ်တွေနဲ့ဝေးတဲ့နေရာတွေမှာ ဆိုင်ကယ်ရပ်ပြီးဖုန်းတွေလဲမပြောကြပါနဲ့ ဖုန်းကိုလဲလူပြတ်တဲ့လမ်းပေါ်မှာဆိုင်ကယ်မောင်းရင်မပြောကြပါနဲ့။ဆိုင်ကယ်မောင်းနေရင်နဲ့ကိုအလုခံရတဲ့လူအများကြီးပါ။မန်းသူမန်းသားတွေလဲဂရုစိုက်ပါ။ မန်လေးကိုလာမယ့်အနယ်နယ်အရပ်ရပ်ကလူတွေလဲ ဂရုစိုက်ပြီးလာပေးပါဗျ။



0
0
0.000
3 comments
avatar

Congratulations @kaunglay2! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):

You got more than 200 replies.
Your next target is to reach 300 replies.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out the last post from @hivebuzz:

Hive Power Up Month - Feedback from day 13
Hive Power Up Month - Feedback from day 10
Support the HiveBuzz project. Vote for our proposal!
0
0
0.000
avatar

အခြေအနေတွေဆိုးလိုက်တာ... လုတဲ့သူတွေကို တန်ပြန် ဆုံးမပေးမဲ့ သူတွေ မရှိကြဘူးလား...

0
0
0.000