ပိုပိုဆိုးလာနေတဲ့ သီရိလင်္ကါ

avatar

img_0.6453551101536344.jpg

မြန်မာနိုင်ငံကအခြေအနေဆိုးပြီးလို့ထင်ထားခဲ့တယ်။သီရိလင်္ကါနိုင်ငံက ကျတော်တို့ထက်ကိုဆိုးရွားနေပါတယ်။သီရိလင်္ကါပြည်တွင်းမှာ အစာရေစာတွေလဲ ပြတ်လပ်နေပါပြီး နိုင်ငံခြားကနေအခြေခံစားသောက်ကုန်တင်သွင်းဖို့ကို အစိုးရမှာငွေမရှိတော့တဲ့အထိဖြစ်နေရပြီး။

သီရိလင်္ကါအစိုးရအနေနဲ့ယခုအချိန်ပြည်တွင်း စားသောက်ကုန်တင်မကပဲ ပြည်တွင်းစက်သုံးဆီကလဲ ၁ရက်စာလောက်ပဲလို့ ကျန်တော့တယ်လို့ ဝန်ကြီးချူပ်ကဆိုလိုက်ပါတယ်။ပြည်တွင်းလောင်စာဆီတင်မကပဲ ပြည်တွင်းဆေးဝါးတွေလဲ ပြက်လပ်တဲ့အထိ ဖြစ်လို့နေပါတယ်။

ထိုနိုင်ငံအနေနဲ့အစိုးရဝန်ထမ်းတွေကိုလဲ လစာပေးဖို့အတွက် ငွေမရှိတော့လို့ဆိုပြီး အစိုးရအနေနဲ့ငွေစက္ကူအသစ် ရိုက်ထုတ်ပြီးတော့ ဗဟိုဘဏ်ကနေလစာပေးမယ်လို့ ပြောကြားထားပါတယ်။ထိုရိုက်ထုတ်မှုနဲ့ပတ်သတ်ပြီးတော့ တစ်ဖက်မှာလဲ ရူပီးငွေတန်ဖိုး လျော့ကျနိုင်တယ်ဆိုပြီးတော့လဲ ပြောထားပါသေးတယ်။

အစိုးရပိုင်လေကြောင်းလိုင်းတွေအနေနဲ့လဲ နိုင်ငံရဲ့ဘဏ္ဍာရေးလိုအပ်ချက်အရအစိုးရကနေပြီးတော့ ရောင်းချဖို့အတွက် စီစဥ်နေပြီးလို့သိရပါတယ်။ထိုလိုင်းအနေနဲ့ တစ်နှစ်အတွင်းမှာ အမေရီကန်ဒေါ်လာအနေနဲ့ ၁၂၉.၅သန်း အရှုံးပေါ်ခဲ့ရတယ်။ဝန်ကြီးအချူပ်အသစ်ကတော့ ပြည်တွင်းမှာ ပြည်သူတွေအနေနဲ့ ထမင်းသုံးနပ် မှန်မှန်စားနိုင်အောင် သူကလုပ်ပေးမယ်ဆိုပြီးတော့လဲ ကတိပြုပြောဆိုသွားခဲ့ပါသေးတယ်။
@kaunglay2
22:22PM



0
0
0.000
0 comments