ငါးဖမ်းလုပ်ငန်း ထိခိုက်နေတဲ့ သိရီလင်္ကါ

avatar

img_0.6882841969935812

သိရီလင်္ကါရသိရီလင်္ကါရဲ့စီးပွားရေးအကျပ်အ တည်းနဲ့လောင်စာဆီတွေပြတ်တောက်တာတွေက နိုင်ငံမြောက်ပိုင်မှာရှိနေတဲ့ ငါးဖမ်းလုပ်ငန်းနဲ့ပတ်သတ်နေတဲ့ အသက် မွေးတဲ့လူ့အဖွဲ့အစည်းတွေထိခိုက်နေပါတယ်။ထိုမြောက်ပိုင်ရဲ့စီးပွားရေးလုပ်ငန်းက ငါးဖမ်းလုပ်ငန်းကို မှီခိုနေရပြီးတော့ ထိုဒေသမှာရှိနေတဲ့ လူ၁သိန်းလောက်ကို အလုပ်ပေးထားပါတယ်။

သိရီလင်္ကါရဲ့စီးပွားရေးနဲ့နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ထိုဒေသမှာရှိနေတဲ့ငါးဖမ်းအလုပ်သမားတွေ ဆက်လက်ရှင်သန်ဖို့အတွက် ခြိမ်းခြောက်မှုတွေရှိနေပါတယ်။ဆီဆိုင်တွေမှာ စက်လှေမှာအသုံးပြုဖို့အတွက်လောင်စာဆီ ဝယ်ဖို့ကို ၆ နာရီလောက်တန်စီစောင့်ဆိုင်းနေရပါတယ်။

ထိုဒေသမှာရှိနေတဲ့ပြည်သူတစ်ယောက်ကတော့ သူ့မှာလှေနှစ်စီးရှိပြီးတော့ ထိုလှေနှစ်စီးကို လူ၆ ယောက်ကဦးစီးလုပ်ကိုင်ပါတယ် အလုပ်ရှိတဲ့အချိန်ဆိုရင်တော့ သူကပဲဦးစီးလုပ်ကိုင်ပါတယ် အခုတော့ ထိုစက်လှေအတွက်ဆီရဖို့က အခက်အခဲရှိပါတယ် ပြီးတော့ ဆီတွေကိုလဲ အရင်လို ပုံနဲ့မရောင်းတော့ဘဲ အဲကနေ ဘယ်ကိုသွားသွား ရူးပီ၁၀၀၀ လောက်ကုန်ကျပြီးတော့ သူ့အနေနဲ့အလုပ်သမားတွေကို ဒီငွေသုံးပြီးပေးဖို့မဖြစ်နိုင်ပါဘူး လို့သူ့ရဲ့အဖြစ်အ ပျက်တချိူ့ကို ပြောပြသွားခဲ့ပါတယ်။

ထိုဒေသမှာတော့ အရင်တုန်းက ငါးဖမ်းပြီးရင် freezer တွေ ရေခဲတွေနဲ့ ရှိတော့ ငါးသယ်ရာမှာအလွယ်တကူးဖြစ်ပါတယ်။အခုတော့ လောင်စာဆီအခက်ခဲကြောင့် ငါးဖမ်းမိရင် အချိန်အကန့်အသတ်နဲ့ရောင်းဖို့အတွက် စျေးကိုအချိန်မှီပို့ရပါတယ်။အချိန်နောက်ကျသွားရင်တော့ ရူးပီ၅၀၀ ရမယ့်ဟာက ရူးပီ၂၀၀ လောက်သာရပါတော့တယ်လို့ ထိုဒေသရဲ့ လုပ်ငန်းတွေကပြောပါတယ်။

ပြင်ပတင်ပို့မှုကထိုဒေသရဲ့အဓိကလုပ်ငန်းပဲဖြစ်ပါတယ်။သူတို့အနေနဲ့ငါးတွေ ဂဏန်းတွေကို သန့်စင်ပြီးတော့ ပြည်ပပို့ပါတယ်။ဒါပေမယ့် ပြီးခဲ့တဲ့ဧပြီလတုန်းကတည်းက ဓာတ်ငွေ့နဲ့လောင်စာဆီပြတ်သွားကတည်းက ပြင်ပတင်ပို့မှုတွေကအလုပ်မဖြစ်တော့ပါဘူး။ထိုဒေသမှာရှိနေတဲ့ ငါးသန့်စင်လုပ်ငန်းတွေကတော့ ဓာတ်ငွေ့နဲ့လောင်စာဆီမရရှိမှုကြောင့် စက်ရုံတွေပိတ်ခဲ့ရတဲ့အထိဖြစ်ပြီးတော့ ထိုစက်ရုံအလုပ်သမားတွေတော့ အလုပ်လက်မဲ့ဖြစ်ကုန်ပါတယ်။

@kaunglay2
22:00PM



0
0
0.000
4 comments
avatar

ပြည်သူတွေ ဒုက္ခရောက်ရှာကြပေါ့။
!PIZZA

0
0
0.000