ခေါင်းစားသော နေ့တနေ့

avatar

ဒီနေ့အတွက်တကယ့်ကို ခေါင်းစားတဲ့နေ့တနေ့ပါပဲ။အတော်လေးလဲခေါင်းစားခဲ့ရတယ်။အတော်လေးလဲ စဥ်းစားပြီးတော့ရေးခဲ့ရတယ်။တခါမှတော့ ဒီလောက်ထိ ကြိုးစားပြီအချိန်မပေးခဲ့ဖူးဘူး၊ စိန်ခေါ်မှုအသစ်ဆိုလဲ ဟုတ်တယ်၊ကိုယ်အတွက် ကိုယ် Hive Myanmar Community အတွက်ဆိုပြီးတော့ တွေးပြီးရေးခဲ့တယ်။

မနက်လင်ကတည်းက စပြီးတော့ဒီအကြောင်းအရာကို ဘယ်ကနေဘယ်လိုစရေးရင်ကောင်းမလဲလို့စဥ်းစားနေခဲ့တယ်။ခက်တာက ကိုယ်ရေးမယ့်အကြောင်းအရာကို သေချာမသိ၊ကိုယ်ဆော့နေခဲ့တာလဲ ခုရက်ပိုင်ပဲရှိနေခဲ့တယ်။မနက်ကတည်းကနေ ရေးလိုက်ဖျက်လိုက်နဲ့ တစ်ယောက်တည်းကို ခေါင်းစားနေခဲ့တယ်။

လူကသာ ရုံးမှာရှိနေပြီး ရုံးမှာရုံးအလုပ်တွေသာ လုပ်နေတာ စိတ်ကတော့ ဒီအကြောင်းအရာကို ဘယ်လိုစာစီပြီးတော့ ချပြရမလဲဆိုတာပဲ စဥ်းစားနေမိတယ်။စဥ်းစားနေရင်နဲ့ Hive Myanmar Community အတွက် ရေးစရာက ဒီနေ့အတွက် စဥ်းစားဖို့အချိန်က မထည့်တွက်မိလိုက်တော့ community အတွက် တင်ပေးဖို့အတွက် မရှိလိုက်ရဘူး။

ဆိုတော့ ဘာတင်ရင်ကောင်းမလဲဆိုတော့ ဒီနေ့ဖြစ်ပျက်တဲ့အကြောင်းအရာလေးကိုပဲ အချိန်းနည်းနည်းလေးနဲ့ပဲရေးလိုက်ရပါတယ်။အမှန်တော့ ကျတေယ်အနေနဲ့ ကိုယ်ကအချိနိနည်းနည်းလေးနဲ့ HP များချင်တာရယ်ကြောင့် game ပြိုင်တွေကို ဝင်ပြိုင်ပြီးတော့ HP များများစုဆောင်ချင်နေမိတာ HP မြန်မြန်စုဆောင်းပြီးတော့ Hive myanmar community ကို အကျိူးပြုစေချင်တာနဲ့ တနေကုန်အဲ ပြိုင်ပွဲအကြောင်းနဲ့ ဒီနေ့တနေတာ ကုန်ဆုံးသွားခဲ့တယ်။
@kaunglay2
22:45PM



0
0
0.000
2 comments