crypto လောကထဲရောက်ရှိခဲ့ပုံ(၂)

avatar

fb_img_1613374267868.jpg
MLM လောကထဲကိုကျတော်အနေနဲ့၂နှစ်လောက်ထိတော့လေ့လာဖြစ်ခဲ့ပါတယ်။MLM ရဲ့ကောင်းခြင်းဆိုးခြင်းတွေအားလုံးပါ။အာ့အပြင်ကိုကျတော်အနေနဲ့ ပွဲတွေအထိပါ လိုက်တက်ပြီးလေ့လာဖြစ်ခဲ့ပါတယ်။နောက်ဆုံးကုန်ကုန်ပြောရရင် Camp တွေထဲထိလိုက်ပါလေ့လာတဲ့အထိလေ့လာခဲ့ပါတယ်။

ကျတော်အတွက်တော့ အတော်လေးတော့ ဘဝအတွက်တော့ အကျိူးရှိစေခဲ့ပါတယ်။တက်ဖူးတဲ့လူတိုင်လဲသိလောက်မှာပါ။ဒါပေမယ့်ကျတော်အနေနဲ့တော့ အဲလုပ်ငန်းကိုဝင်ရောက်လုပ်ကိုင်ဖို့စိတ်ကူးမရှိခဲ့ပါဘူး။ဘာလို့လဲဆိုတော့ အဲလိုချည်းသူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းတွေကို တစ်ယောက်ချင်လိုက်ပြောပြဖို့ စိတ်မဝင်စားတာရယ်နဲ့ငွေရေးကြေးရေးအရ ပြန်ပြောပြဖို့ကိုကျတော်အနေနဲ့မပြောပြချင်ခဲ့တာပါ။အဲဒီတော့ကိုယ်လဲ လေ့လာခဲ့ရုံကလွဲပြီး ကျန်တဲ့အပိုင်တွေရှေ့ဆက်မဖြစ်ခဲ့ပါဘူး။

ဒီတော့ဟောပြောပွဲတွေတိုင်လိုလိုပဲလိုက်တက်ပြီးဘဝအတွက်ရမယ့်သင်ခန်းစာလေးတွေမှတ်သားရမယ့်အကြောင်းအရာလေးတွေကိုပဲလိုက်ပြီးလေ့လာဆည်းပူခဲ့ပါတယ်။ကိုယ်တိုင်မှအဲလုပ်ငန်းကိုမလုပ်နိုင်တော့သူများတွေကိုလဲ တွဲခေါ်ပြီးအလုပ်လုပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးဆိုတာ ကိုယ်ကိုကိုယ်သိခဲ့လိုက်တော့။ငါ့အတွက်တော့ လေ့လာတာပဲကောင်းတယ်ဆိုပြီးလေ့လာရုံလောက်ပါပဲ။

MLM လဲတကယ်လုပ်နိုင်တဲ့သူအတွက်ဆိုရင်တော့ကောင်းတဲ့လုပ်ငန်းပါ။ဘာအရင်းအနှီးမှမလိုတာ။အရင်းအနှီးမလိုတဲ့ဘယ်စီးပွားရေးမဆိုကောင်းတယ်လေး။MLM တိုင်တော့မဆိုလိုပါဘူး။ကောင်းတဲ့ဟာလဲရှိသလို မကောင်းတဲ့ဟာလဲရှိပါတယ်။ဘယ်လုပ်ငန်းမဆို အဆိုးနဲ့အကောင်းဒွန်တွဲတာပါပဲ။စဥ်းစားချင့်ချိန်ပြီးလုပ်ကြတာအကောင်းဆုံးပါပဲ။



0
0
0.000
8 comments
avatar

လုပ်တာ မလုပ်တာ အသာထားလေ့လာထားတော့ ကောင်းတာပေါ့

0
0
0.000
avatar

နားလည်ထား​တော့ ​ကောင်းပါတယ် ​မောင်​လေး​ရေ

0
0
0.000
avatar

ညီရေ... ကိုယ်ရေးတဲ့ စာ မှန်းသိအောင် စာအဆုံးမှာ ညီလေး နာမည်နဲ့ ရက်စွဲ လေး ထည့်ပေး ... မူပိုင် ဖြစ်တာပေါ့။ ကိုယ်ဒီစာကို ဘယ်အချိန်တုန်းကရေးခဲ့တာ ဘယ်သူမှ ခိုးချလို့ မရဘူး !PIZZA

0
0
0.000