အနောက်တိုင်းလက်နက်ရဲ့ အစွမ်းတွေ

avatar

ယူကရိန်းကို အနောက်နိုင်ငံတွေကပေးတဲ့လက်နက်တွေက ရုရှားအတွက် အိမ်မက်ဆိုးဖြစ်နေပြီးလား ပြီတော့ ရုရှားရဲ့ပြင်းထန်လှတဲ့ တိုက်ခိုက်မှုတွေကိုလဲ နှောင့်နှေးစေခဲ့တာလား ခဏတဖြုတ် နားသွားစေရုံလား၊ စစ်ပွဲ အလှည့်အပြောင်း ဖြစ်လာပြီဆိုတဲ့ လက္ခဏာတွေလားဆိုတာကတော့ ဝေခွဲမရပေမယ့် သေချာတာကတော့ ရုရှားကတော့ အတော်လေးဒုက္ခနဲ့လှလှတွေ့နေပါပြီး။

ယူကရိန်းကို အနောက်နိုင်ငံတွေက ပေးတဲ့ခေတ်မှီလက်နက်တွေကြောင့် ရုရှားအတွက်ကတော့ တကယ့်ကို အိမ်မက်ဆိုးဖြစ်နေခဲ့ရပါတယ်။ရုရှားက ယူကရိန်းရဲ့အရှေ့ပိုင် ဒွန်ဘက်စ်ဒေသရဲ့ ရှေ့တန်စစ်မျက်နာဆီကို ဘယ်ကားပဲလာလာ အရင်က စီစီညက်ညက်ကြေအောင် တိုက်ထားပါလား ခံစားမိနိုင်သလို ထိုဒေသရဲ့နေရာအနှံ့တွေကို ဗုံးတွေနဲ့အထိန်းအကွပ်မရှိတဲ့ပုံတွေလဲ တွေ့နိုင်ပါတယ်။

ယူကရိန်းရဲ့အရှေ့ပိုင် ဒွန်ဘက်စ်ဒေသရဲ့ မြို့ပြင် ဂျူံခင်းတစ်ခုရဲ့ ထောင့်နေရာလေးမှာ ယူကရိန်းစစ်တပ်ရဲ့အမြောက်တပ်ဖွဲ့တစ်ဖွဲ့ရှိနေပါတယ်။ထိုတပ်ဖွဲ့ရဲ့တပ်ဖွဲ့တစ်ယောက်ရဲ့ပြောပြချက်အရကတော့ အရင်လိုတော့ ရုရှားတပ်တွေ ခနခနပစ်မနေတော့ဘူး၊အရင်ကထက် လက်နက်ကြီး ပစ်တဲ့နှုန်းတွေ တစ်ဝက်လျော့သွားတယ်လို့ ထင်ရပေးမယ့် အမှန်တော့ သုံးပုံနှစ်ပုံထိကို လျော့သွားတယ်လို့ သူ့ရဲ့ဘေးနာမှာရှိနေတဲ့ အစိမ်းရောင်ယာဥ် ကိုပုတ်ပုတ်ပြီး ပြောထားပါတယ်။

ထိုယာဥ်ကတော့ အနောက်နိုင်ငံကနေ ထောက်ပံထားတဲ့ ခေတ်မှီလှတဲ့ ပြင်သစ်ထုတ် ဆီဇာ ဟောင်ဝစ်ဇာ အမြောက်တင်ယာဥ်ပါ။ထိုအမြောက်တင်ယာဥ်ပေါ်မှာတော့ ကိုယ်တိုင်ပဲ့ထိန်းနိုင်တဲ့ ဒုံးကျည်နဲ့အမြောက်ကြီးတင်ထားတဲ့ယာဥ်မျိူးပါ။ထိုအမြောက်တွေဟာ လူတွေရဲ့နားကွဲလောက်တဲ့ အသံကြီးမျိူးဖြစ်ပြီးတော့ အကွာအဝေးအရ မိုင်း၃၀ လောက်ထိကို ပစ်မှတ်ကိုတိတိကျကျ ပစ်ချနိုင်ပါတယ်။ဒါ့အပြင် ပစ်ပြီးရင်လဲ တခြားနေရာကိုလဲ လွယ်လွယ်ကူးကူး ရွေ့ပြောင်းနိုင်ပါတယ်။

ထိုယာဥ်တွေကြောင့်ရုရှားအနေနဲ့ ယူကရိန်းဘက်ကပစ်လိုက်တဲ့နေရာကို မခန့်မှန်းနိုင်တော့သလို ယူကရိန်းစစ်တပ်ကတော့ ဒွန်ဘက်စ်ဒေသက လမ်းတွေမှာ သွားလာနေတဲ့ ဒီယာဥ်တွေထဲမှာ ဆီဇာအမြောက်ယာဥ်တွေလည်း ပါဝင်ပါတယ်။ယူကရိန်းရဲ့ အမြောက်တပ်ရဲ့တပ်ဖွဲ့တစ်ယောက်ကတော့ ခပ်ပြုံးပြုံး အခု ကျွန်တော်တို့ အများကြီး ပိုတိကျလာပြီ။ ပိုဝေးဝေးကိုလည်း ပစ်နိုင်လာပြီ" လို့ သူက ပြောပါတယ်။တစ်ဆက်တည်းမှာပဲ ဒီက လူတွေ အတော်များများက ဒီလက်နက်တွေက ရုရှားကို တွန်းလှန်ရာမှာ အလှည့်အပြောင်း ဖြစ်စေတယ်လို့ ယုံကြည်နေကြပါတယ်လို့ လဲ ပြောသွားပါတယ်။
@kaunglay2
22:30PM



0
0
0.000
5 comments
avatar

နည်းပညာချင်း ပြိုင်တဲ့ပွဲ။
!PIZZA

0
0
0.000