အီရန်ကို ပူတင်သွား

avatar

img_0.6882841969935812

ရုရှားအနေနဲ့ ယူကရိန်းကို ပြီးခဲ့တဲ့ဖေဖော်ဝါရီလကကျူးကျော်စစ်ဆင်နွဲဲပြီးတဲ့နောက်မှာတော့ ရုရှားသမ္မတအနေနဲ့ ဒုတိယမြောက် ခရီးစဥ်အနေနဲ့ ပြီးခဲ့တဲ့ အင်္ဂါနေ့က သွားရောက်ခဲ့ပါတယ်။ရုရှားသမ္မတအနေနဲ့ ယူကရိန်းကို ကျူးကျော်ကတည်းက သူရဲ့ခရီးစဥ်တွေကို ဆိုဗီယက်နိုင်ငံအဟောင်းတွေကိုပဲသွားခဲ့တယ်။

ပြီးခဲ့တဲ့အင်္ဂါနေ့မှာတော့ ဒုတိယမြောက်ခရီးစဥ်အဖြစ်နဲ့ အီရန်နိုင်ငံနဲ့တူရကီနိုင်ငံတို့ကို သွားရောက်ခဲ့ပါတယ်။ရုရှားသမ္မတအနေနဲ့ ထိုနှစ်နိုင်ငံစလုံးရဲ့ ထိပ်ပိုင် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ စီစဥ်ထားပါတယ်။တူရကီနိုင်ငံအနေနဲ့ကတော့ ဂျုံတင်ပို့မှု ဆီးရီးယားနဲ့ယူကရိန်း ကိစ္စတွေကို တွေ့ဆုံဆွေးနွေးဖို့ပါလို့ တူရကီအစိုးရတာဝန်ရှိသူတွေက ဆိုထားပါတယ်။

အမေရီကန်အနေနဲ့ကတော့ ရုရှားနဲ့တွေ့ဆုံမယ့် အီရန်က ရုရှားကို ယူကရိန်းမှာသုံးဖို့အတွက်ဒရုန်းတွေထောက်ပံ့ပေးမယ့်လို့ အမေရိကန်က ပြီးခဲ့တဲ့ သီတင်းအပတ်က စွပ်စွဲပြောဆိုထားပါတယ်။အမေရိကန်ရဲ့အိမ်ဖြူတော် အမျိူးသားလုံခြုံရေးအကြံပေးအဖွဲ့အနေနဲ့ အီရန်က ရုရှားစစ်တပ်က တပ်ဖွဲ့ဝင်တွေကို ဒရုန်းတွေကို သုံးနိုင်အောင် လေ့ကျင့်ပေးဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းကို ရထားကြောင်း ပြီးခဲ့တဲ့သတင်းပတ်က ဆိုထားပါတယ်။

အမေရိကန်အနေနဲ့က ရုရှားဆီကို အီရန်က ဒရုန်းတွေကိုပေးပို့ထားပြီးလား မထားသေးဘူးလားဆိုတာကို အတည်ပြုလို့မရသေးဘူးလို့ဆိုထားပါတယ်။ထိုကိစ္စနဲ့ပတ်သတ်ပြီးတော့ အီရန်ဖက် တာဝန်ရှိသူတွေအနေနဲ့ အမေရိကန်ရဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားခြင်းမရှိသလို အတည်ပြုထားခြင်းလဲမရှိပါဘူး အီရန်အနေနဲ့ ယူကရိန်းနဲ့စစ်မဖြစ်ခင်ကတည်းက ရုရှားနိုင်ငံနဲ့ နည်းပညာတွေ ပူးပေါင်းဆောင်ရွက်တွေ လုပ်ခဲ့တာလို့ ဆိုထားပါတယ်။
@kaunglay2
22:30PM



0
0
0.000
2 comments