ရပ်ကွက်ထဲမှာ ( Henry Aung )

avatar

111.jpeg

မင်္ဂလာပါ။ ယနေ့ကတော့ ဘာရယ်မဟုတ် ကျွန်တော် နေထိုင်ရာ ရပ်ကွက် အကြောင်း အနည်းငယ် ရေးပြလိုပါသည်။ အခြား မဟုတ်ပါ။ ကျွန်တော့ မဟေသီ နာမည်ပြောင် ပေးထားသော လူများ အကြောင်း ဖြစ်ပါသည်။ ပထမဆုံး ပြောလိုသည့် အကြောင်း ကတော့ အာပြဲစီန် ဖြစ်ပါသည်။

အာပြဲစိန် က သုံးယောက်တောင် ဖြစ်ပါသည်။ ရပ်ကွက် တွင် ရန်ဖြစ်ကြပြီ ဆိုလျင် သေချာပါသည် ထို အာပြဲစိန် သုံးယောက် ထဲမှ တယောက်ယောက် နှင့် ဖြစ်ပါသည်။ ထို အမျိုးသမီး သုံးယောက်၏ အမည်များအား ကျွန်တော်လည်း မသိပါ။ သို့ပေသိ မဟေသီ ကတော့ အမည်ပေးထားပါသည်။

ကျွန်တော်နှင့် မဟေသီသာ သိသော အမည်ပြောင်များ ဖြစ်ပါသည်။ အသက် ခပ်ကြီးကြီး ဝဝဖိုင့်ဖိုင့် နှင့် တယောက်ကတော့ အာပြဲစိန် အကြီးမ / အနည်းငယ် ပိန်ပိန်ပါးပါး နှင့်တယောက်ကတော့ အာပြဲစိန် အလတ်မ / အသက်ငယ်ငယ်နှင့် ပို၍ အာကြမ်း အဆဲကြမ်း သူကတော့ အာပြဲစိန် အငယ်မ ဖြစ်ပါသည်။

ထို သုံးယောက်၏ တူညီသည့် အချက်ကတော့ ငွေးတိုးချေးသူများဖြစ်ကာ ရန်ဖြစ်ပြီ ဆိုလျင် အခြားသူများထက် ပိုအော်နိုင် ဆဲနိုင်သလို မထင်လျင် မထင်သလို လက်ပါလာကြခြင်း ဖြစ်ပါသည်။ ဖက်လုံး သတ်ပုတ် လျင် ဘေးဘီမှ အမြင်မတော်သူတို့ ဝင်မဆွဲလျင် ထဘီကျွတ်လည်း ဂရုမစိုက် ကြသူများ ဖြစ်ပါသည်။

ပြောရမည်ဆိုလျင်တော့ သူတို့ဖာသာ အာကြမ်းလျှာကြမ်း ရှိကြသော်လည်း သာရေးနာရေး ကူညီစရာ ရှိလျင် သူတို့ကပဲ ရှေ့မှ ရောက်နေလေ့ရှိပါသည်။ နောက်တယောက်ကတော့ ဦးလေးကြီး တယောက်ဖြစ်ပါသည်။ ထိုဦးလေးကြီးကတော့ တတိုက်ကျော်မှ သံပန်း လုပ်သူဖြစ်ပါသည်။

ညနေပိုင်း တွင် ကျွန်တော့ အိမ်ဘေးရှိ အသုပ်ဆိုင်မှောင်ရိပ်တွင် အခြားသူများနှင့် ခွက်ပုန်း ကစ်လေ့ရှိပါသည်။ မနက်စောစော ကျွန်တော်တို့ ဆိုင်ဖွင့်သည်နှင့် OraminG တနေ့တလုံး ပုံမှန် ဝယ်သောက်သူဖြစ်ပါသည်။ မဟေသီက ဦးလေး OraminG တနေ့တလုံး ဝယ်နေတာ ကဒ်လိုက်ဝယ်ထားပါလားဟု ပြောသော အခါ ကဒ်လိုက်က ဈေးကြီးတယ် ဟူလို။

ထို ဦးလေးကြီးအမည်ကတော့ ရိုးရိုးလေးသာ "သံပန်း ဦးလေးကြီး" ဖြစ်ပါသည်။ ကျွန်တော်တို့တိုက်၏ နှစ်တိုက်ကျော်တွေင် ကွမ်းယာ ရောင်းသော အန်တီ ကြီးတယောက်ရှိပါသည်။ တရပ်ကွက်လုံးနှင့် တယောက် ဖြစ်ပါသည်။

ပြီးခဲ့သော ရွေးကောက်ပွဲကာလတွင် တရပ်ကွက်လုံး အိမ်တိုင်း NLD အလံများ လွှင့်ထူထားကြသော်လည်း ထိုအန်တီကြီး၏ အိမ်တအိမ်တည်း ကြံ့ဖွတ် အလံ လွှင့်ထားပါသည်။ သူကိုယ်တိုင် ကြံ့ဖွတ်ပါတီ ဝင်ထားသည်လားဆိုတော့ မဟုတ်ပါ။ ရပ်ကွက်အား အရွဲ့တိုက်ခြင်း သာ ဖြစ်ပါသည်။ သူကလည်း အာကြမ်းလျှာကြမ်း ရှိသူမှို့ မည်သူမှ အမုန်းခံပြီး မပြောကြပါ။ ထိုအန်တီကြီး အား အမည်ပေးထားသည်က တော့ " ကြီးတော် " ဖြစ်ပါသည်။

နောက်တယောက် ကတော့ တရက်တရက် ဘာအလုပ်မှမရှိ ပါတိတ်ဝမ်းဆက် ထည်လည် ဝတ်ကာ ကလေး ပွေ့ပြီး အသုပ်ဆိုင်ထိုင်လိုက် / လဖက်ရည် ဆိုင်ရောက်လိုက် / သူများ အိမ်ရှေ့သွားလိုက်နှင့် ရောက်လေရာ ကြွားနေသူ အမျိုးသမီး ဖြစ်ပါသည်။

ကျွန်တော်တို့လည်း ဆိုင်စဖွင့်ကာစက သူ့ကြွားလုံးများ အတော်လေး ခံလိုက်ရပါသည်။ တိုက်ခန်း ဘယ်နှခန်း ဝယ်ထားသည် ဆိုသည့် အကြောင်း တလ တလ ဘဏ်တိုး နှင့် စားတာ မကုန်လို့ ရွှေဝယ်စုထားသည် ဆိုသည့် အကြောင်းများ ။ သူ့အမျိုးသားက ဘာအလုပ်လုပ်သလဲမေးကြည့်တော့ ယောင်ဝါးဖြေပါသည်။

အမှန်တော့ သူ့အမျိုးသားမှာ တိုက်ခန်းများတွင် ရေမော်တာများ / ရေပိုက်များ လိုက်ပြင်ပေးသူသာ။ ဘဏ်တိုးဖြင့် ရွှေဝယ်စုနေသူက Covid ထောက်ပံ့ကြေး ၂၀၀၀၀ နှင့် ဆန်ဆီဆား ဝေးပေစဉ်က ထိပ်ဆုံးမှ ရောက်သူဖြစ်ပါသည်။ သူ့အား ပေးထားသည့် အမည်ပြောင်က " အိုဗာတင်း " ဖြစ်ပါသည်။

နောက်ယောက်ျား လေးတယောက်၏ အမည်ကတော့ " ပြတိုက် " ဖြစ်ပါသည်။ ယောကျ်ား လေး ဆိုသော်လည်း အသက် ၃၀ ကျော်ခန့် ရှိပြီ ဟု ထင်ပါသည်။ ကျွန်တော်တို့ ရှေ့တိုက် ၅ လွှာတွင် နေကြခြင်း ဖြစ်ပါသည်။

မိအို ဖအို တို့က နံနက် စောစောထ သူများအိမ်ဘေးတွင် အဖီဆွဲကာ အသုပ်ဆိုင်ဖွင့် အကြော်ကြော်ရောင်း သော်လည်း မိအို ဖအိုအား ကူဖေါ်လောင်ဖက်မရ။ ရေတပုံး ဆွဲမကူ ပန်းကန်တချပ်ကူမဆေး ။

နံနက် ၁၀ နာရီ ထိုးလောက် အိမ်ပေါ်ထပ်မှ ကျော့ကျော့မော့မော့ ဆင်းလာ မအေ သုပ်ပေးသော အသုပ်နှင့် နံနက်စာစား ပြီးလျင် ခုံတန်းလေးတွင် ထိုင်ကာ စီးကရက် သောက်။ ဖအေ လုပ်သူက ပန်းကန်ဆေး ရေနွေးကြမ်း ဖြည့် လုပ်နေသော်လည်း ဒီအတိုင်းကြည့်နေပါသည်။

စီးကရက် သောက်ပြီးလျင် ဖုန်းထုတ်ကာ ဂိမ်းပွတ်နေပါတော့သည်။ ဆေးလုံး ၃ လိပ်ခန့် ကုန်မှ အပေါ်ထပ်ပြန်တက်သွားပါသည်။ မအေဖအေက အသုပ်ရောင်းပြီး ၁၁ နာရီ ခန့်မှ ဟင်းချက်စရာ ဝယ် အသုပ်ဆိုင်သိမ်းဆည်းကာ အပေါ်ထပ် တက်သွားရပါသည်။ အိုးခွက် ပလုံးများ တချက်မှ ဆင်းကူ၍ သယ်မပေးပါ။ အတော်နေနိုင့်သည့် သား ဖြစ်ပါသည်။

မိအို ဖအို လုပ်စားအား မျိုကျ နေသည်မှာ အံ့ဩစရာ။ ဘာအလုပ်မှ လုပ်သည်မတွေ့ရ။ မဟေသီကတော့ ဤကဲ့သို့သော သားမျိုး ပြတိုက်ပို့ထားသင့်သည် ဆိုသောကြောင့် အမည်ပြောင် "ပြတိုက်" ဟု ပေးထားခြင်း ဖြစ်ပါသည်။

ရပ်ကွက် ထဲမှ အကြောင်း အတော်လေး ရေးစရာကျန်နေသေးသော်လည်း သူများ အကြောင်း ရေးရသည်ဆိုတော့ .... အတင်းပြောသလိုများ ဖြစ်နေမလားဟူ၍ လက်တွန့်ကာ ရေးလိုက်ရပါသည်။

Henry Aung ( Kachin )

28/01/2022 - Friday - 18;28 Pm



0
0
0.000
18 comments
avatar

နာမည်လေးတွေက စိတ်ဝင်စားစရာ
အကို့ကိုရော နာမည်ပြောင်ပေးထားသေးလား 😁😁

0
0
0.000
avatar

အဲတာတော့ သူများ လိုက်မေးမှ ရမယ်...😁😁😁😁😁

0
0
0.000
avatar

တွေ့ရ ဆုံရ ဘုံဘဝ ဓလေ့စရိုက် အစုံ အဖုံဖုံ ရေးလို့မကုန် အတင်းစုံ အဲ သတင်းစုံ 😁

0
0
0.000
avatar

ရေးချင်တာရေးလိုက်တာဗျို့... ရေးကွက်ပျောက်နေလို့..,😁😁😁😁

0
0
0.000
avatar

မည်သို့ဆိုစေ ကုန်ကြမ်းရတာပ ဟုတ်ဖူးလား။
!LOL
!PIZZA

0
0
0.000
avatar

တခါတလေတော့လည်း အဆင်ပြေသလိုပေါ့... တွေ့ရမြင်ရ ရေးလိုက်တာပဲ..!PIZZA

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
@kachinhenry(1/15) tipped @htwegyi (x1)
htwegyi tipped kachinhenry (x1)
uthantzin tipped kachinhenry (x1)

You can now send $PIZZA tips in Discord via tip.cc!

0
0
0.000
avatar

ကိုင်း...ကိုဟင်ကတော့ ပိုစ်တစ်ခုတည်းနဲ့ တရပ်ကွက်ကုန်ပြီ။
ကိုဟင်ပြောမှသတိရတယ်။ ကျနော့်အမတစ်ယောက်လည်း အဒ့လိုအမည်ပြောင်ပေးတတ်တယ်။ သူပေးတဲ့အမည်ပြောင်တွေကလည်း ကိုဟင့်ပိုစ့်လို စိတ်ဝင်စားဖို့ကောင်းတယ်။ အားပေးပါတယ်။ ဆက်ရေးပါရှင့်။

0
0
0.000
avatar

ဆက်ရေးဖို့ ရှိပေမယ့် အခြား အကြောင်းအရာတွေကို အရင်ဦးစားပေးရမှာမို့... နောက်များမှပေါ့..😁😁😁😁

0
0
0.000
avatar

နာမည်ပြောင်ဆိုတာကလဲ ရှိကြတာချည်းပါပဲ အဲ သူတို့ မကြားအောင်တော့ ခေါ်ပေါ့ဗျာ အော်ကြောလန်တွေ ဖြစ်ကုန်ပါဦးမယ် ဖတ်ရတာ အရသာ ရှိပါတယ် ဆက်ရန် လုပ်ပါဦး

0
0
0.000
avatar

ဒီလိုပဲ အဆင်ပြေသလို ရေးလိုက်ရတာပါ့...😁😁😁😁

0
0
0.000
avatar

နာမည်ပြောင်ရာထူးရတာကလည်း နည်းတဲ့ကုသိုလ်မဟုတ်ဘူး။သူများထက် ထူးအောင် နေထိုင်ပြောဆိုတတ်မှ အဲသလိုရာထူးရတာ...ဟီးဟီး😃😃😃😃
ရပ်ကွက်ထဲမှာ ရှိကြတာပေါ့လေ...!PIZZA

0
0
0.000
avatar

ရပ်ကွက်ထဲက အကြောင်း ဆိုတော့ အရမ်းရေးလို့ကလည်း မကောင်းဘူး... ခုလို သာသာထိုးထိုး ရေးရတာပါပဲ။😁😁😁😁

0
0
0.000
avatar

ရေးသာရေး သူများအကြောင်းသိရတော့ ဗဟုသုတရတာပေါ့ဗျ။ !LOLZ

0
0
0.000
avatar

ကိုဟင်တို့နဲ့ အိမ်နီးချင်းဖြစ်ရမှာ​တောင် ခပ်​ကြောက်​ကြောက်ပါလားဗျို့ နာမည်​ပြောင်ရ​နေမှဖြင့်🤣🤣🤣🤣

0
0
0.000
avatar

မကြောက်ပါနဲ့.... တခါတည်းပါလို့...😁😁😁😁

0
0
0.000