စိတ်ကူးတည့်ရာ ( Henry Aung )

avatar

111.jpeg

မင်္ဂလာပါ။ Hive ဈေးက တအိအိ ကျလာခြင်း နှင့်အတူ Vote Value များကလည်း တဖြည်း ဖြည်း ပြန်ကျလာနေပြီ ဖြစ်ပါသည်။ Voting Value ကျလာပါသည်ဆိုမှ Ecency ကလည်း ခပ်ချေချေ ဖြစ်လာပါသည်။ Hive $3 ရောက်စဉ်က Voting value များ တက်လာသည်ဟူ၍ Ecency Point အား တိုးလိုက်ပါသည်။

ယခင်က Point 200 ဖြင့် Boost လုပ်လိုက်လျင် $3 ခန့် ရသော်လည်း ယခုတော့ Ecency point 500 ဖြင့် Boost လုပ်မှ $3 ရနိုင်ပါတော့သည်။ ယခု Hive ဈေးကျ၍ Voting ကျလာသည့်တိုင်း Ecency Point အား လျှော့ချမပေးပါ။ ဒီအတိုင်း မသိသလို / အတိတ်မေ့သလို / ရွှေပျောက်သလို လုပ်နေပါတော့သည်။

သူ့အား စိတ်ဆိုးအောင် သွားလုပ်၍ မဖြစ်ပါ။ ခုတော့ မလာတရက် လာတရက် ဆိုတော့ စိတ်ကောက်သွားလျင်ဖြင့် ခက်ရချည့်။ Ecency point System ကလည်း မြန်မာပြန်မှ ကုန်ဈေးနှုန်း အားသဘောကျ၍ ထင်ပါသည်။ တက်ပြီးလျင် ပြန်မဆင်ချင်တော့။

ယခုတလော Hive ဈေးကျလာ၍ စာရေးရသည်မှာ မုဒ် အတော်လေးထည့်နေရပါသည်။ စာရေးရန် မုဒ် မဝင်ရသည့် အထဲ လျပ်စစ်မီးက မလာတလှည့် ပျက်တလှည့်။ မီးလာသည့် အချိန် အလုပ်ထလုပ်ရသည် ဆိုတော့ ည သန်းခေါင် တလွဲ ရေထတင်ရ အဝတ်ထလျှော်ရ ဟင်းထချက်ရ ကြက်ဥ ထကြော်ထားရ။ ဆိုးလိုက်သည့် ဘဝများ ။

ယခင်ကတော့ သတင်းစာထဲတွင် ဘယ်အချိန်မှ ဘယ်အချိန် မီးပျက်မည် ကြေညာသေးသည်။ ယခု​တော့ ဤသို့ ကြေညာသည်လည်း မတွေ့တော့။ ပျက်ချင်သည့် အချိန်ပျက် လာချင်သည့် အချိန်လာနှင့် အတော်လေး ကသိကအောက် ဖြစ်ရပါသည်။

မဟေသီက Online သင်တန်း တက်နေသူဆိုတော့ မီးပျက်သွားတိုင်း ကြင်စိုးအား ကျိန်ဆဲနေသူ ဖြစ်ရာ တနိုင်ငံလုံး အတိုင်းအတာ ဖြင့် ဆိုလျင်တော့ ကြင်စိုးလည်း အတော်လေး မေတ္တာပို့ခံနေရမည် ဖြစ်ပါသည်။

လွန်ခဲ့သော ၂ ရက်ခန့်က ကျွန်တော့ဆိုင်တွင် အန်တီကြီးတယောက် ခလေး သေးခံ အတော်များများ နှင့် ဆေးဝါးများ လာဝယ်ရာ စပ်စုကြည့်သော် ဘုရားဘူး ခရီးထွက်ရန် ဟူလို။

ခေတ်ကာလ အခြေအနေအရ မလိုအပ်လျင် အပြင်မထွက်ကြပါရန် မေတ္တာ ရပ်ခံထားသော်လည်း အန်တီကြီးတို့ မိသားစုကတော့ အခွင့် ထူးခံလူတန်းစားများ ဖြစ်ဟန်တူပါသည်။ အိုမီခရွမ် လည်းကြောက်ဟန်မတူပါ။ ကိုဗစ် တတိယလှိုင်းတွင် သောက်သောက်လဲ သေထားကြသည်ကိုလည်း သတိမရကြတော့ပါ။

ယခုတလော ပို၍ ဆိုးသည်က ကျွန်တော်တို့ နှင့် တတိုက်ကျော်တွင် နတ်ကနား ကကြခြင်း ဖြစ်ပါသည်။ ယခင်က နတ်ကနားပေး လျင် တရက်သာ နတ်ဒိုးသံ ကြားရသော်လည်း ယခုတော့ သုံးရက်ဆက်တိုက်။

ယခင်ကလို နတ်ဒိုးသံအား စပီကာ ဖြင့် ဖွင့်ခြင်း ဖြစ်သော်လည်း ယခုကတော့ ဆိုင်းနှင့် ဝိုင်းနှင့် ပတ်တလားနှင့် ဗုံ နှင့် ဖြစ်ပါသည်။ နံနက် ၇ နာရီခန့်မှ တီးကြ ဆိုကြသည်မှာ ညနေ ၆ နာရီထိုးမှ သိမ်းပါသည်။ တနေ့လုံး တီးကြ ကကြ ဆိုကြ နေ့လည် ထမင်းစား ချိန် တချိန်သာ နားပူသက်သာပါသည်။

စဉ်စားမိသည်က မီးပျက်သွားလျင် တော့ နားပူ သက်သာ ပါလိမ့်မည်ဟု ။ မဟုတ်ပါ။ ဆိုင်းနှင့် ဝိုင်းနှင့် ဆိုတော့ ။ သုံးရက်ခန့် အတော်လေး နားပူသွားခဲ့ပါသည်။ ထို ကနားပေးသည့် တိုက် အပေါ်ထပ်တွင် နေကြသူများကတော့ မည်သို့ ခံစားရမည်မသိ။ တတိုက်ကျော်မှ ကျွန်တော်တို့ တောင် အတော်လေး နားပူ သွားသည်ဆိုတော့။

ဘေးအိမ်မှ အန်တီကြီးကတော့ ပြောရှာပါသည်။ နတ်ပေးပြီး ကြင်စိုးအား ... ဘာဖြစ်အောင်ဆိုလား... တိုင်ပြည် စည်ပင်ဝပြော အောင်ဆိုလား... ဤ သို့ဆိုလျင်ဖြင့် နားစည် ကွဲလျင် ကွဲပါစေတော့။ စိတ်ထဲ ရှိသည့်အတိုင်း ကောက်ရေး လိုက်ရပါသည်။ သည်းခံ၍သာ ဖတ်ကြပါတော့။

Henry Aung ( Kachin )

18/01/2022 - Tuesday - 18;15 Pm



0
0
0.000
24 comments
avatar

ကြင်စိုး ကို လုပ်ဖို့က တော်တော် သူရို့က ပွဲငတ်တာ ကြာသကိုး။
မြန်မာလူမျိုး ဆိုင်းသံကြားရင် ရိုးတိုး ရွတ လူမျိုး။
ဒါနဲ့ စကားမစပ် LVL က ဘယ်မှာ ဝယ်ရတာလဲ
leodex မှာဝယ်ရသလား ကိုဟင်။
!LOL
!PIZZA

0
0
0.000
avatar

အဲသာတော့ ဟုတ်သဗျို့... ဟေးလားဟားလားနဲ့ ကာလသား တရုန်းရုန်းနဲ့ ကြက်ကြော်တွေ ငါးကြော်တွေလည်း ပါသကိုးလို့။ LVL ကိုတော့ LeoDex မှာ ဝယ်လို့ ရနိုင်ပါသဗျာ။ 0.002 Hive ဈေး ပေါက်နေပါတယ်။😁😁😁 !LOL

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
htwegyi tipped kachinhenry (x1)
uthantzin tipped kachinhenry (x1)
kachinhenry tipped uthantzin (x1)
@kachinhenry(3/15) tipped @donjaun (x1)
nyinyiwin tipped kachinhenry (x1)
kachinhenry tipped ansoe (x1)
donjaun tipped kachinhenry (x1)

Join us in Discord!

0
0
0.000
avatar

သူများတွေ ဒုက္ခရောက်နေချိန်မှာ ကိုယ်ပျော်ရွှင်နေရမှာ စိတ်မသန့်တာတော့အမှန်ပါ အကိုရေ။

မဖြစ်မနေလုပ်ရမည့် အခြေအနေကြောင့် လုပ်ရမည်ဆိုလျှင်တောင် Social မှာ ကြွားဖို့မသင့်ဘူးလို့ ထင်မိတယ်

ခုတော့ အဲလိုမဟုတ်ဘူး ပျော်ရွှင်နေကြတာဆိုတာ သူတို့ပျော်ရွှင် (ပျော်ပွဲရွှင်လုပ်တာ) ကို တားလို့လည်းမကောင်းပါဘူး ဒါပင်မဲ့ အသိတရားလေးတော့ ထားသင့်တယ်လို့ထင်မိတယ် !lol

0
0
0.000
avatar

Knock knock...
ERROR: Joke failed.

@johndieo, You need more $LOLZ to use this command. The minimum requirement is 16.0 LOLZ.
You can get more $LOLZ on HE.

0
0
0.000
avatar

အမှန်ပါပဲ.. ဒါပေမယ့် တချို့ကြတော့လည်း attention ယူဖို့က ပိုအရေးကြီးနေကြတာကိုး !LOL

0
0
0.000
avatar

ခုချိန်ထိ ကနားပေးတာတွေရှိတုံးလား ပွဲကြိုက်မောင်တို့ ပွဲကြိုက်ခင်တို့ အကြိုက်ပေါ့

0
0
0.000
avatar

ကနားပေးတာမှ ၃ ရက်ဆက်တိုက် ... ကြော်လှော် ချက်ပြုတ်ပြီး ဆိုင်းနဲ့ ဝိုင်းနဲ့ ရှယ်ကို ပေးတာ !PIZZA

0
0
0.000
avatar

ဟုတ်ပ မီးအခြေအနေကြည့်ပြီး စာရေး Post တင်လုပ်ရမှာပါ။နောက်ပိုင်း လျပ်စစ်မီးက ပိုဆိုးနိုင်သေးသည်။...!PIZZA

0
0
0.000
avatar

အဲဒီ မီးကလည်း မီတာ ဆောင်ရေး မဆောင်ရေး ကနေစပြီး စိတ်ဝမ်းကွဲလာကြပြီ။ !PIZZA

0
0
0.000
avatar

နတ်ကြမ်းကြမ်းနဲ့ အမြန်သာတိုက်ထုတ်လိုက်ပါ​တော့လို့ ဆိုင်ရာပိုက်ရာ​လျှောက်ကျတာထင်ပ ကိုဟင်😁😁😁

0
0
0.000
avatar

တိုက်တဲ့ သူတွေလည်း တိုက်ကြမှာပါပဲ... ကိုယ်တွေမသိလို့သာပဲ !LOL

0
0
0.000
avatar

ကတောက်! လျပ်စစ်မီးအကြောင်းပါလာလျင် စိတ်က အလိုလိုတိုမိနေသည်။ :D !PIZZA !LOLZ

0
0
0.000
avatar

ဟုပါ့... မီး ကိုကိုးကွယ်ရမဲ့ ခေတ်ပြန်ရောက်နေပြီ။ !LOL

0
0
0.000
avatar

တရက်က အိမ်နားမှာလည်း နတ်ကနားပွဲ လုပ်သွားသေးတယ်ဗျို့
!PIZZA

0
0
0.000
avatar

ဝင်က လိုက်သေးလား..?😁😁😁😁 !PIZZA

0
0
0.000
avatar
(Edited)

ကြင်စိုးတစ်ယောက် ကျိန်စာဝလေ မောင်စာလှလေများ ဖြစ်နေမလား။ နိုင်ငံ့ဂုဏ်ဆောင် ကျက်သတုံးနော်။
စကားမစပ် နတ်ကန္နာပွဲတော့ ကြည့်ချင်သား 😝😝

0
0
0.000
avatar

မိုးနတ်သူဇာမယ် လေးတွေ ကော့တော့ ကော့တော့ နဲ့ ဆိုင်မှာအအေး လာဝယ်သောက်ကြတာရယ် 😁😁😁

0
0
0.000