Ragnarok Game အကြောင်း သိကောင်းစရာ ( Henry Aung )

avatar
(Edited)

111.jpeg

မင်္ဂလာပါ။ ယခုကျွန်တော်ရေးသားမည်ဖြစ်သော Ragnarok Game အကြောင်း တွင် နည်းပညာ အကြောင်း အမှားအယွင်း တစုံတရာပါဝင်သွားလျင် လေ့လာသူ ကျွန်တော်၏ အားနည်းချက်သာ ဖြစ်ကြောင်း ကြိုတင်ဝန်ခံအပ်ပါသည်။

ဤ Ragnarok Game သည်လည်း Hive Community တွင် အခြေပြုထားသော Project တခုဖြစ်ပါသည်။ ပထမဆုံး အနေဖြင့် Ragnarok ဟူသော အမည်ယူထားပုံ အကြောင်း အား အနည်းငယ်ရှင်းပြပါမည်။ Ragnarok ဟူသည်မှာ God နှင့် Titan တို့၏ ကမ္ဘာပျက် နောက်ဆုံးတိုက်ပွဲ ၏ အမည် ဖြစ်ပါသည်။ ပြောရမည် ဆိုလျင် တော့ မီးကုန်ယမ်းကုန် တိုက်ခိုက်ကြသည့် တိုက်ပွဲ ဟူ၍ အဓိပ္ပာယ်ရမည် ထင်ပါသည်။

ဤ Game မှာ NFT အခြေခံ card Game အမျိုးအစား ဖြစ်ပါသည်။ အခြားသော NFT Game များက မည်သို့ ကစားကြသည်ကို ကျွန်တော် နားမလည်းပါ။ တခါမှ လည်း မကစားဘူးပါ။ သို့သော် ဤ Ragnarok Game ကတော့ အခြားသော NFT Game များနှင့် မတူကွဲပြား ခြားနားသည်ဟု ဆိုပါသည်။

ဤသည် Chess နှင့် Poker game ကို အခြေခံ၍ တည်ဆောက်ထားသည်ဟု ဆိုပါသည်။ ကျွန်တော်လည်း ဤ Ragnarok Game အား အများကြီး နားမလည်သော်လည်း နားလည်ထားသလောက် ဖေါ်ပြပေးပါမည်။

Chess နှင့် ဥပမာပြရလျင် ပွန်း ( စစ်သား ) များက ထိပ်တိုက်ရင်ဆိုင်တွေ့မည် ၊ ရဲတိုက် က တည့်တည့်နှင့် ကန့်လန့် တိုက်မည် ၊ ဘုန်ကြီး က တစောင်း သွားမည် ၊ ရထားက ထောင့်ချိုး တိုက်မည် ၊ ဘုရင်မက တကွင်းလုံး ပတ်ကစားနိုင်သလို ဘုရင် ကတော့ တကွက်ပတ်လည်သာ ကစားနိုင်ပါသည်။ (Chess ကစားနည်းအား နားလည်သူ မဟုတ်လျင်တော့ ကျွန်တော်ရေးပြထားသည်အား နားလည်မည်မဟုတ်ပါ။ )

ဆိုတော့ ဤ Ragnarok Game သည်လည်း ထိုအတိုင်း ဖြစ်ပါသည်။ မိမိရရှိထားသော ကဒ်များတွင် အရည်အချင်း တခုချင်း စီရှိမည့် အပြင် အားသာချက် အားနည်းချက်များ ရှိကြမည် ဖြစ်ပါသည်။ မိမိယူထားသော Gods / Titans တယောက်ချင်းစီ တွင် Mana များရှိမည် ဖြစ်သလို တိုက်ပွဲကြာချိန်နှင့်အမျှ mana အားနည်းလာမည် ဖြစ်ပါသည်။

မိမိ တိုက်ခိုက်နေသော ရန်သူတွင် ပါဝါမည်မျှရှိသည် / မည်သို့သော လက်နက်ရှိသည် / မည်သို့သော အကောင်ပလောင် ရှိထားသည် စသည်တို့ကို သိထားရမည် ဖြစ်ပါသည်။ တိုက်ပွဲ တပွဲကြာချိန်မှာ ၁၀ မိနစ်မှ ၄၅ မိနစ်အထိ ရှိနိုင်သည်ဟု ဆိုပါသည်။

အကောင်ပလောင် ဆိုသည်မှာ မိမိ ယူထားသော Gods / Titan တို့၏ အိမ်မွေးတရိစ္ဆာန် များဖြစ်ပါသည်။ ကျား / ဝက်ဝံ / ခွေး / ဝံပုလွေ စသည်ဖြင့်။ ထိုအကောင်များတွင်လည်း သူ့စွမ်းရည်နှင့် သူရှိသည်ဟု ဆိုပါသည်။ တိုက်ခိုက်ခြင်း / သခင်ကို ကာကွယ်ပေးခြင်း / လျင်မြန်ခြင်း စသည်ဖြင့် ။

ထို့ အပြင် တိုက်ခိုက်ရန် နေရာသည်လည်း လျပ်စစ်ကွင်းပြင် / မြေပြင် / ရေပြင် / မီးကွင်းပြင် စသည်ဖြင့် မတူညီသော စစ်မြေပြင် ဖြစ်ပါသည်။ ဤ Ragnarok Game အား အရိုးရှင်းဆုံး မြင်ယောင်ကြည့်လျင် ပထမဦးဆုံး Chess ကစားသည့် ကျားကွက်ခုံကြီးအား မြင်ယောင်ကြည့်ပါ။

ထို့နောက် ကျားကွက်များအတွင်းတွင် ဘယ်နေရာကိုတော့ဖြင့် ဘယ်လို အစွမ်းရှိသည့် god / titan ကဒ်များထားမည်။ မည်သည့် အကွက်တွင်တော့ မည်သို့ အစွမ်းရှိသည့် တိရိစ္ဆာန် ကောင်ထားမည်၊ စသည်ဖြင့် အကွက်ချကြည့်ပါ။ တဖက်တွင်လည်း ရန်သူ၏ စစ်ပြင်ထားမှုအား ကြည့်၍ မိမိလည်း စစ်ပြင်နိုင်ပါသည်။

ထို့နောက် တိုက်ပွဲစသည်နှင့် ကဒ်များ တရွေ့ရွေ့တက်သွားကာ မိမိတို့ အစွမ်း ရှိသလောက် တိုက်ကြမည်။ ရှုံးသွားသော ကဒ်သည် တိုက်ပွဲမှ ပျောက်သွားမည်။ စစ်ပွဲ တစ်ပွဲ ၏ အရှုံးအနိုင် ရလဒ်သည် စစ်အင်အားကြီးသည် နည်းသည်နှင့် မဆိုင်ပါ။ မိမိက မိမိပိုင်ဆိုင်ထားသော God / titan / Pets ( တိရိစ္ဆာန် ) ကဒ်များအား တခုချင်းစီ နားလည်ထား၍ မဟာဗျူဟာ ချတတ်ရန်သာ လိုပါသည်။

Poker ဖဲကစားနည်း ဖြင့် ပြောရလျင် အခြား သူများ၏ ခေါ်ဖဲ ပြစ်ဖဲ များအားကြည့်၍ ထိုသူပိုင်ဆိုင်ထားသောဖဲအား ခန့်မှန်း တတ်ရမည် ဖြစ်ပါသည်။ ပြောရမည်ဆိုလျင် မိမိတိုက်နေသော နေရာစစ်ပွဲ မီးကွင်ပြင် / ရေပြင် စသည့်နေရာတို့ တွင် မိမိ ပိုင်ဆိုင်ထားသော ကဒ်များ၏ အားသာချက်အားနည်းချက်များကို သေချာ သိရှိကာ စစ်ပြင် နိုင်ရမည် ဖြစ်ပါသည်။

ဥပမာ ပြရလျင် မိမိပိုင်ဆိုင်သော Gods/ Titan / Pets များက ရေပြင်တွင် အားသာမည် ဖြစ်သော်လည်း လျပ်စစ်ကွင်းပြင်တွင် အားနည်းကောင်း နည်းနိုင်သော ကြောင့် ဖြစ်ပါသည်။ အချုပ်ဆိုရလျင် ဤ Ragnarok Game ကစားနိုင်ရန် အတွက် ဗျူဟာ ကောင်းကောင်း ချတတ်ရန် လိုပါလိမ့်မည်။ ဤသည်မှာ Game အကြောင်း အကျဉ်းချုံ့ ရေးသားထားခြင်းသာ ဖြစ်၍ အမှန်မှာ Game Function မှာ ထိုထက်ပိုများပါသည်။

ragnarok.jpeg

lmage Source

Top left: Health

Bottom left: Abilities, Gods can have up to 4 abilities.
Bottom center: Class type (chess archetype)
Bottom Right: Class-specific abilities, max 2 per god.
Color of eyes, chess piece background: Element type: Red = Fire / Blue = Water / Green = Earth / Yellow = Wind
Background: 3 types, Gold, Silver, Bronze. Gold grants more exp coins per win than Silver. Silver grants more exp coins per win than Bronze.
Border type: Vanir ( having 8 Vanir in one deck grants boosted attributes for all Vanir gods)

ကဒ်တကဒ်နှင့် သူ၏ စွမ်းအားများအကြောင်း ဥပမာပေ ဖေါ်ပြလိုက်ပါသည်။ ( အကျယ်သိလိုလျင် ဤနေရာတွင် ဝင်ရောက်ဖတ်ရှုနိုငိပါသည်။ )

တိုက်ပွဲ တစ်ပွဲ၏ အနိုင်ရလဒ်မှာ HBD ပင်ဖြစ်ပါသည်။ မည်ရွေ့မည်မျှ ရမည်ဟု တော့ မဖေါ်ပြထားပါ။ သို့သော် တိုက်ပွဲ နိုင်သွားသော သူသည် Reward အနေဖြင့် HBD ရရှိမည် ဖြစ်ပါသည်။ ကျွန်တော့ အထင် ထိုတိုက်ပွဲတွင် သုံးခဲ့သော ကဒ်တန်ဖိုး များအလိုက် Reward HBD ပေးလိမ့်မည်ဟု ထင်ပါသည်။ ကျွန်တော့ အထင်သာ ဖြစ်ပါသည်။

ဆိုတော့ Ragnarok Game မှာ Play to Earn အမျိုးအစား ဖြစ်ပါသည်။ ကျွန်တော် အထက်တွင် ဖေါ်ပြခဲ့သည့် အတိုင်း တွေးတော စဉ်းစားရန် ဝါသနာပါသူ ၊ ဗျူဟာချမှတ်ရန် ဝါသနာပါ သူတို့ အတွက် အလွန်သင့်လျော်သော Game ဖြစ်ပါသည်။

ယခု မိတ်ဆွေတို့ သိချင်နေသော အကြောင်းအရာအား ဖေါ်ပြပေးပါတော့မည်။ ဟုတ်ကဲ့ ဤ Ragnarok game သည် NFT များအား Airdrop ချပေးမည် ဖြစ်ပါသည်။ Hive Power ရှိထားသော အကောင့် တိုင်း အား 10HP : 1 NFT Airdrop ချပေးမည် ဖြစ်ပါသည်။ ဆိုလိုသည်မှာ မိတ်ဆွေတွင် HP 100 ရှိထားလျင် NFT 10 ခုရမည် ဖြစ်ပါသည်။ HP 1000 ဆိုလျင် NFT 100 ရမည် ဖြစ်ပါသည်။

Game မထွက်လာမှီ NFT ဈေးကွက် အလျင်ဖွင့်ပေးမည် ဖြစ်ပါသည်။ ကျွန်တော့ အထင် ယမန်နေ့က ဖေါ်ပြခဲ့သော Peerplays DEX ဖြစ်ဖို့ များပါသည်။ Airdrop အတွက် မနက်ဖြန်ည ဇန်နဝါရီ ၆ ရက်နေ့ညတွင် Hive အကောင့် wallet တိုင်း အား Snapshot ရယူမည် ဖြစ်ပါသည်။

မိတ်ဆွေတို့ သတိထားမိပါလိမ့်မည် SPK Network အတွက်လည်း မနက်ဖြန်ညတွင် Snapshot ရယူမည် ဖြစ်ပါသည်။ ကျွန်တော့ အထင် မမှားလျင် SPK web3 အသင့် ဖြစ်ချိန် Peerplays DEX သည်လည် စတင်ချိန် Ragnarok game သည်လည်း အသက်ဝင်လာမည်ဟု ထင်ပါသည်။

Airdrop ရယူရန် နည်းလမ်းကတော့ ရှင်းပါသည်။ Game website ထဲသို့ မိမိ Hive အကောင့် ဖြင့် ဝင်လိုက်ရုံသာ ဖြစ်ပါသည်။ ဤ Ragnarok game သည် တနှစ်တိတိ Hive Community အဖွဲ့သားများအား ကစားစေပြီး Game ၏ အားနည်းချက် Bug များအားလုံး ပြင်ဆင်ပြီးသွားလျင် ပြင်ပသို့ ဈေးကွက် ဖေါက်ထွက်မည် ဖြစ်ပါသည်။

Game တခု ဖေါက်ထွက်ရန် နည်းလမ်းကတော့ လွယ်ပါသည်။ Ragnarok game ပြိုင်ပွဲရှိသည် နောက်ဆုံး အနိုင်ရသူအား ဒေါ်လာ ၅ သိန်း ပေးမည်ဆိုလျင် တကမ္ဘာလုံးရှိ Gamer များ Hive ထဲသို့ စုပြုံရောက်လာကြပါလိမ့်မည်။ ဤသို့ ပြုလုပ်နိုင်ရန်လည်း Hive Community တွင် HBD Fund အလုံအလောက်ရှိထားပြီး ဖြစ်ပါသည်။

ကောင်းပြီ။ မိတ်ဆွေတို့ Hive Power ရှိသလောက် NFT Airdrop ရမည်။ မည်ကဲ့သို့သော ကဒ်များ ရလာမည်ကတော့ ဆုတောင်းရုံသာ ရှိပါသည်။ Hive Power မရှိထားသော Gamer များအတွက်တော့ စိတ်မကောင်း ဖြစ်မိပါသည်။ Hive platform ၏ အသက်သည် Hive Power သာ ဖြစ်ပါသည်။

Ragnarok Game အားအပြည့်အစုံ ဖတ်ကြည့်ရန်

Henry Aung ( Kachin )

05/01/2022 - Wednesday- 18;12 Pm



0
0
0.000
23 comments
avatar

ကိုယ်တွေ ဂိမ်းမဆော့သူတောင် ရင်တွေခုန်နေပါပြီ
ဂိမ်းမာတေ‌ွတော့ ဘယ်လိုနေကြမည်မသိ။
အောင်မြင်ကြပါစေ။
!PIZZA
!LOL

0
0
0.000
avatar

ကျွန်တော်လည်း ရင်ခုန်နေပြီ... ကဒ်တွေရောင်းစားမလို့...😀😀😀 !LOL. !PIZZA

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
kachinhenry tipped myanmarkoko (x1)
kachinhenry tipped ansoe (x1)
myanmarkoko tipped kachinhenry (x1)
nyimwa tipped kachinhenry (x1)
kachinhenry tipped htwegyi (x1)
kachinhenry tipped nyinyiwin (x1)
naythan tipped kachinhenry (x1)
@donjaun(1/5) tipped @kachinhenry (x1)
kachinhenry tipped nyimwa (x1)
uthantzin tipped kachinhenry (x1)
htwegyi tipped kachinhenry (x1)
kachinhenry tipped sheinthu (x1)
sheinthu tipped kachinhenry (x1)
kachinhenry tipped naythan (x1)
kachinhenry tipped uthantzin (x1)

Join us in Discord!

0
0
0.000
avatar

နေ့တိုင်း ဒီလိုမင်္ဂလာသတင်းအကြောင်းတွေပဲ ကြားချင်နေပီလို့။!PIZZA !LOL

0
0
0.000
avatar

အဲဒီလို မင်္ဂလာသတင်းပဲ ပေးချင်တာပါလို့။!LOL. !PIZZA

0
0
0.000
avatar

ဆော့လို့ရနေဘီလား စမ်းဆော့ကြည့်အုံးမှဘာ 😁

0
0
0.000
avatar

ဆော့လို့မရသေးဘူး ဦးစိုး... Website ထွက်မလာသေးဘူး။ !LOL. !PIZZA

0
0
0.000
avatar

အစ်ကိုရေးပြတာနဲ့တင် ဂိမ်းဆော့မဲ့သူတွေ ရင်ခုန်နေလောက်ပြီ။Ragnarok game လေး hive မှာ တစ်နှစ်အောင်မြင်ပြီး အပြင်များရောက်သွားလို့ကတော့ဖြင့် ....!PIZZA

0
0
0.000
avatar

Game က သူရေးပြထားပုံ အရတော့ စိတ်ဝင်စားစရာ ကောင်းတာတော့ အမှန်ပဲ...!PIZZA

0
0
0.000
avatar

wow ဒီဂိမ်းအကြောင်းလေသံသဲ့သဲ့ကြားထားတာကြာပီ အခုအကောင်အထည်ပေါ်လာပီပေါ့။ ကျွန်တော်က Chessကစားရတာကြိုက်တယ် သဘောတရားနားလည်ထားတော့ အဆင်ပြေမယ်ထင်တယ်။ အခုလို သိရတော့ ကျေးဇူးကမ္ဘာဆိုင်းရော ကိုဟင်ရေ။ !PIZZA !LUV

0
0
0.000
avatar

Ragnarok က သူရေးပြထားပုံအရဆိုရင် Chess ထက်တောင် ပိုစဉ်းစားရမဲ့ပုံပဲ။ သူက တိရိစ္ဆာန် တွေကော ပါနေတော့😁😁😁 !LOL. !PIZZA

0
0
0.000
avatar

Chess မကစားတက်လေတော့ တိုင်ပက်ပြီထင်ပါတယ်။
Chess ကစားနည်း အရင်သင်ထားဦးမှပါ ဆာဟင် 😅
ဘယ်လိုလာမယ်တော့မသိသေးဘူး။ ဆာဟင်ပြောပြတာနဲ့တင်
ရင်ခုန်နေရပါပြီ...

!PIZZA

!LOL

0
0
0.000
avatar

အမှန်ပဲ ညီရေ... Chess က ကွက်ကျော် တွေးတတ်ရတာ.. ခု Game က Chess ထက်တောင် ပိုခက်မဲ့ ပုံပဲ။😀😀😀 !LOL. !PIZZA

0
0
0.000
avatar

Gamer တွေ ရင်ခုန်နေကြပီ !LUV !PIZZA

0
0
0.000
avatar

အဲဒါတော့ အသေအချာပဲ... Ragnarok က ဗျူဟာချပြီး ကစားရမဲ့ game ဆိုတော့ Chess မှာဆိုရင် ကွက်ကျော် မြင်တတ်သူ ထောင်ချောက် ဆင်တတ်သူ ညဏ်ကစားတတ်သူတွေ အကြိုက်ပေါ့။ !PIZZA

0
0
0.000
avatar

Ragnarok Game ကို စိတ်ဝင်စားနေတာနဲ့အတော်ပဲဖြစ်သွားတယ်
theycallmedan ဆိုတဲ့လူကလုပ်ထားတာဆိုတော့ project ကောင်းမယ် ထင်တယ်အကို
အခုနောက်ပိုင်း hive မှာ game တွေကို အဓိကထားပြီး လုပ်လာကျတယ်
နောက်ထပ် chifibots game လဲစိတ်ဝင်စားနေတာ...hive တွေတော့စုထားတယ်အကို
!PIZZA
!LOLZ
!LUV

0
0
0.000
avatar

အဲဒီဘဲက ဒီဂိမ်းကို လုပ်တာမဟုတ်ဘူး... နောက်ကွယ်ကနေ အဓိကငွေကြေးပံ့ပိုးသူ။ အေးပေါ့ ပြောရမယ်ဆိုရင်တော့ အမည်မခံတဲ့ CEO ပဲပေါ့။ !LOL. !PIZZA

0
0
0.000
avatar
(Edited)

chess က မဆော့တတ်ဘူးကယ်
nft card ပဲ ဝယ်ရောင်း လုပ်မှ ထင်တယ်
ဟီးဟီး
!PIZZA

0
0
0.000
avatar

နည်းနည်းနားလည်ပါတယ်

0
0
0.000