PSYBER X Game အကြောင်း သိကောင်းစရာ ( Henry Aung )

avatar
(Edited)

111.jpeg

မင်္ဂလာပါ။ ယခုတလော Hive ဈေးကလည်း အနည်းငယ်ပြန်ကျလာတော့ Voting Values များကလည်း တဖြည်းဖြည်း ပြန်ကျလာနေပါသည်။ မိတ်ဆွေတို့၏ Post များအား အလျင်မှီအောင် လိုက်လံ Vote ပေးသော်လည်း နေ့စဉ် Vote အကြွေးကျန်နေပါတော့သည်။ကိစ္စမရှိပါ။ နေ့စဉ် အလျဉ်မှီအောင် အတတ်နိုင်ဆုံး Vote ပေးပါမည်။

ယနေ့ကျွန်တော်ဖေါ်ပြပေးလိုသည်ကတော့ Hive Blockchain မှ ထွက်ပေါ်လာမည့် နောက်ထပ် Game တခုဖြစ်သည့် PSYBER X အကြောင်းပင်ဖြစ်ပါသည်။ ဤ Game မှာ အပစ်အခတ် အသတ်အညှပ် များကြိုက်သော Gamer ကြီးများအတွက်တော့ လက်မလွတ်သင့်သော Game ဖြစ်ပါသည်။

Video Game အမျိုးအစား ဖြစ်ကာ သိပ္ပံ / လူသား နှင့် စက်ရုပ်တို့ကြား မှ တိုက်ပွဲများ ဖြစ်ပါသည်။ PUBG ပစ်ဘူးကြသူများကတော့ သိပါလိမ့်မည်။ ဂိမ်းထဲမှာပင် လက်နက်ကောက်တပ် ဒါဏ်ရာရလျင် ဆေးကု ကားတွေ့လျင် ကားတက်စီး ရန်သူတွေ့လျင် သေနတ်ပစ် စသည်ဖြင့် ဤ PSYBER X game သည်လည်း ထိုအတိုင်း ဖြစ်မည်ဟု ထင်ပါသည်။

tyr.png
( Image source - PSYBER X )

တခုထူးခြားသည်က NFT များ ပါဝင်ခြင်း ပင် ဖြစ်ပါသည်။ PSYBER Crates ခေါ် လိုတရသေတ္တာ NFT များ ဖြစ်ပါသည်။ ထိုသေတ္တာ တခုချင်း စီတွင် မတူညီသော ကဒ် ၅ မျိုးပါဝင်မည် ဖြစ်ပါသည်။

အများအားဖြင့်တော့ Character/ Weapons / Power-Ups / KillStreaks စသည် တို့ ဖြစ်ပါသည်။ Character ဆိုလျင်လည်း မတူညီသော Character အမျိုးမျိုး လက်နက်ဆိုလျင် လည်း မတူညီသော လက်နက်အမျိုးမျိုး ဖြစ်ပါလိမ့်မည်။

KillStreaks က တော့ Drone တမျိုးဖြစ်ကာ တိုက်ပွဲ အတွင်း၌ မိမိခေါင်း အထက်တွင် ပျံသန်း နေပြီး ရန်သူ စက်ရုပ်များအား တွေ့သည်နှင့် သူက အရင် ပစ်ကာ ကိုယ့် အားကားကွယ်ပေးမည့် Drone စက်ရုပ်ဖြစ်ပါသည်။

crates.jpeg
( Image source - PSYBER X )

ဇန်နဝါရီလကုန် ဖေဖါဝါရီလဆန်း ပိုင်းတွင် ဤ Game ထွက်လာမည် ဖြစ်ပါသည်။ Countdown in 22 days ဆိုတော့ ဇန်နဝါရီလကုန် ဖြစ်ပါလိမ့်မည်။ ဤ Game ကတော့ Hive Community မှ ဖန်တီးသော Project တခုမဟုတ်ပါ။ PSYBER X team မှ ဖန်တီးထားသော Game ဖြစ်ကာ Token ကတော့ LVL token ဖြစ်ပါသည်။

စုစုပေါင်း Token သန်း ၅၀၀ သာ ထုတ်လုပ်ထားပါသည်။ ဤ PSYBER X Game ကတော့ Hive Power ရှိသော အကောင့် တိုင်းအား Airdrop ချမပေးပါ။ သို့သော် LVL token 200000 ပိုင်ဆိုင်ထားသူတိုင်းအား လစဉ် PSYBER Crates ခေါ်လိုတရ NFT သေတ္တာ တလုံး Airdrop ချပေးမည်ဟု သိရပါသည်။

ယနေ့ LVL ပေါက်ဈေးအရ LVL 200000 ရရန် Hive 224 ပေးရမည် ဖြစ်ပါသည်။ ယနေ့ Hive ပေါက်ဈေးမှာ မြန်မာကျပ်ငွေ ဖြင့် ၂၅၃၆ ကျပ် ဈေးပေါက်နေသည် ဖြစ်ရာ LVL 200000 အတွက်ဆိုလျင် မြန်မာငွေ ၅ သိန်း ၆ သောင်းကျော် လောက် ရင်းရမည် ဖြစ်ပါသည်။ဤ LVL token ဝယ်ချင်သည်ဆိုလျင်တော့ Hive Engine ဈေးကွက်ထဲတွင် ဝယ်ယူနိုင်ပါသည်။

p2e.jpeg
( Image source - PSYBER X )

သို့သော် ဤ လိုတရ သေတ္တာ Airdrop မှာ Season 1 အတွက် အလုံးရေ တသိန်းသာ ထုတ်လုပ်ထားပြီး အလုံးရေ တသောင်း သာ Airdrop ချပေးမည် ဖြစ်ပါသည်။ ထို အလုံး ရေတသောင်း ကုန်သွားလျင် Airdrop အလိုလို ရပ်သွားမည် ဖြစ်ပါသည်။

မိတ်ဆွေ အနေဖြင့် ထို PSYBER Crates အား Game market place ဝယ်ယူ နိုင်မည် ဖြစ်သလို သေတ္တာ တလုံး၏ ဈေးမှာ SBD 20$ ဖြစ်ပါသည်။ သို့သော် မိတ်ဆွေတွင် LVL power 200000 ရှိထားမည် ဆိုပါက အဆိုပါ PSYBER Crates သေတ္တာ တလုံးအား 30% discount ရရှိမည် ဖြစ်ပါသည်။

ဆိုတော့ သေတ္တာ တလုံး HBD 20$ အစား HBD 14$ သာပေးရမည် ဖြစ်ပါသည်။ ဤ Game အား လွယ်လွယ်ကူကူ ကစားနိုင်ရန် အနည်းဆုံး LVL power 200000 ရှိထားဖို့ တော့ လိုမည့်သဘော ဖြစ်ပါသည်။

wed.jpeg
( Image source - PSYBER X )

ဆိုတော့ ဤ PSYBER X Game သည်လည်း Play to Earn အမျိုးအစားပင် ဖြစ်ပါသည်။ Game ထဲတွင် မိမိက ရန်သူတယောက် သတ်နိုင် လျင် ထိုရန်သူ၏ Level အလိုက် မိမိက LVL token ရရှိမည် ဖြစ်ပါသည်။ ဤ Game Website ထွက်လာလျင် မိမိ Hive Account ဖြင့် ဝင်ရောက်နိုင်ပါလိမ့်မည်။

အကယ်၍ မိမိက LVL 200000 ပိုင်ဆိုင်ထားသူဖြစ်ပါက မိမိ Game အကောင့် ထဲမှာပင် Airdrop ရောက်နေပါလိမ့်မည်။ Game Site ထဲမှာပင်NFT Market ပါဝင်လာမည်ဟု သိရပါသည်။

အချုပ် အနေဖြင့် ဆိုရလျင် PSYBER X သည် ဤ ဂိမ်း တမျိုးတည်း ထုတ်လုပ်မည် မဟုတ်ပါ။ နောက်ထပ် လျာထားသော Game အတော်များများ ရှိသည်ဟု သိရပါသည်။ အနာဂတ် ဂိမ်းများတွင် Hive Power လက်ဝယ်ရှိသူများ အတွက် Airdrop ချပေးမည့် အစီအစဉ် ရှိကြောင်း လည်း သိရပါသည်။

PSYBER X အကြောင်း အပြည့် အစုံဖတ်ရန်

PSYBER X အကြောင်း Video Trailer ကြည့်ရန်

Henry Aung ( Kachin )

07/01/2022 - Friday - 18;03 Pm



0
0
0.000
37 comments
avatar

HP ကရော ခုမှစုနေတုံးဆိုတော့ ဆော့ဖြစ်ဖို့သိပ်မလွယ်ပါဘူး 😥😥
!LOL

0
0
0.000
avatar

ဟုတ်တယ်... အဲဒီ Game က အခြား Game တွေနဲ့ မတူတော့ နည်းနည်းတော့ ဈေးကြီး နေတယ်။ !PIZZA

0
0
0.000
avatar

အင်း ဂိမ်းမာတွေအတွက် အားတက်ဖွယ်ရာပ
ကိုယ်တွေတော့ အလိုက်သင့် စီးမျှောရမှာပ။
!PIZZA
!LOL

0
0
0.000
avatar

မြန်မာငွေ ၆ သိန်းလောက်ရင်း လိုက်ရင် လစဉ် .. Airdrop ရတဲ့ သေတ္တာလေး ရောင်းစားလို့ ရမှာနော် 😁😁😁 !LOL. !PIZZA

0
0
0.000
avatar

Job interviewer: Where do you see yourself in 5 years?
Me: I would say my biggest weakness is listening.

@htwegyi, I sent you an $LOLZ on behalf of @kachinhenry
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/6)

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
kachinhenry tipped johndieo (x1)
kachinhenry tipped kaunglay2 (x1)
kachinhenry tipped ansoe (x1)
kachinhenry tipped myanmarkoko (x1)
kachinhenry tipped princekham (x1)
tin.aung.soe tipped kachinhenry (x1)
kachinhenry tipped htwegyi (x1)
kachinhenry tipped nyinyiwin (x1)
naythan tipped kachinhenry (x1)
donjaun tipped kachinhenry (x1)
kachinhenry tipped nyimwa (x1)
uthantzin tipped kachinhenry (x1)
htwegyi tipped kachinhenry (x1)
nyinyiwin tipped kachinhenry (x1)
kachinhenry tipped sheinthu (x1)
sheinthu tipped kachinhenry (x1)
@kachinhenry(12/15) tipped @naythan (x1)
kachinhenry tipped tin.aung.soe (x1)
kachinhenry tipped uthantzin (x1)

Please vote for pizza.witness!

0
0
0.000
avatar

အရင်းအနှီးတွေက တော်ရုံလူ မလွယ်ပါလားဗျာ
!PIZZA

0
0
0.000
avatar

မလွယ်ရုံသာမက ဘူး လက်ရှိ လျပ်စစ်မီး နဲ့လည်း ဆော့ရင် ရှုံးမဲ့ ဘက်မှာ ရှိတယ် !PIZZA

0
0
0.000
avatar

PUBG လိုမျိုးဆိုရင်တော့ မဆော့နိုင်ဘူးဗျ။
ဘာလို့ဆို ခေါင်းအရမ်းမူးလို့ပါ။
MBBL လိုမျိုးဆိုရင်တော့ ဆော့နိုင်ပါတယ်။
အရင်းနှီးကများတော့ ဆော့နိုင်မယ် မထင်တော့ပါဘူးဗျာ။

!PIZZA

!LOL

0
0
0.000
avatar

အစ်ကိုလည်း PUBG တို့ Dota 2 တို့ ဆော့လို့ မရဘူး... Motion sickness လို့ ခေါ်တဲ့ ရောဂါရှိလို့.... ဖန်သားပြင်မှာ လှုပ်ရှားမှုမြန်တာကို ဘယ်လိုမှ ကြည့်လို့မရဘူး... ခေါင်းမူးပြီး အန်ချင်လာတာ...!PIZZA

0
0
0.000
avatar

PSYBER X Game အကြောင်းမျှဝေပေးတဲ့အတွက် ကျေးဇူးပါ။ LVL 200000 ကတော့ မစုနိုင်လောက်သေးဘူး...Game အသစ်တွေ ထပ်လာမည့်သတင်းကတော့ အားတက်စရာကောင်းလှပါတယ်...!PIZZA

0
0
0.000
avatar

Game ကတော့ အတော်လေး ကောင်းမဲ့ Game… သို့ပေသိ ဈေးကြီးနေလို့ !PIZZA

0
0
0.000
avatar

ဒီဂိမ်းလေး စိတ်ဝင်စားစရာပါပဲ။
!BEER
!LUV

0
0
0.000
avatar

Game ကတော့ အတော်လေး ကောင်းမဲ့ Game… သို့ပေသိ ဈေးကြီးနေလို့ !PIZZA

0
0
0.000
avatar

အရင်းအနှီးက ကြီးလွန်းနေတော့ကာ စဉ်းစားကာနေရအုံးမည်

0
0
0.000
avatar

အနော်လည်း စဉ်းစားနေတာ...ဂိမ်းမဆော့ တတ်သူဆိုတော့...!PIZZA...!LOL

0
0
0.000
avatar

Gameတွေကတော့ တက်လာပီ ကိုယ်တွေပဲလိုက်နိုင်လားမလား ချင့်ချိန်နေရပီ။
တက်နိုင်ရင် အနည်းအကျဉ်ရှိထားတော့ စုံတာပေါ့။!PIZZA !LOL

0
0
0.000
avatar

My roommate keeps saying that our house is haunted.
But I've lived here for last 216 years, and haven't heard anything unusual.

@kachinhenry, I sent you an $LOLZ on behalf of @sheinthu
Use the !LOL or !LOLZ command to share a joke and an $LOLZ. (3/4)

0
0
0.000
avatar

တတ်နိုင်လို့ ဝယ်စုထားနိုင်ရင်တော့... ရှယ်ပဲ...!PIZZA

0
0
0.000
avatar

ကျတော်ဆိုဆော့ဖို့အဆင်မပြေပါဘူးဗျာ!LOLZ

0
0
0.000
avatar

အစ်ကိုလည်း ဆော့ဖို့ အဆင်မပြေဘူး...😀😀!PIZZA

0
0
0.000
avatar

အဲဂိန်းကြီးက ဈေးကြီးလွန်းတာ :D ပြေးလွားပြစ်ခတ်နေရတာဆို ပွဲစဉ်တစ်ပွဲကို အချိန်ပေးဆော့ရလိမ့်မယ်ထင်တယ်။ အင်တာနက်ဈေးနဲ့ ကျနော်တို့ဆီမှာတော့ ဆော့ဘို့မလွယ်ဘူးဗျို့။ !LOL !PIZZA

0
0
0.000
avatar

အဲတာ စဉ်စားနေတာ... ဆော့နေတုန်း မီးပျက်သွားရင်ဖြင့်...😁😁 !PIZZA

0
0
0.000
avatar

ဒီလောက် အရင်းနှီးကြီးရင် ဆော့ဘို့မလွယ်ဘူး !PIZZA

0
0
0.000
avatar

အနော်လည်း စဉ်းစားနေတာ...ဂိမ်းမဆော့ တတ်သူဆိုတော့...!PIZZA

0
0
0.000
avatar

game တွေကအများကြီးပဲ ထွက်လာတော့မယ်
ရွေးစရာ များလွန်းလို့ ဘာကိုရွေးရမယ် မသိတော့ဘူးအကို
!PIZZA
!LUV
!LOLZ

0
0
0.000
avatar

I’ve been told crocodiles can grow up to 15 feet
but I’ve never seen one with more than four.

@kachinhenry, I sent you an $LOLZ on behalf of @naythan
Use the !LOL or !LOLZ command to share a joke and an $LOLZ. (7/10)

0
0
0.000
avatar

အကုန်လုံး လိုက်ဆော့လို့တော့ အဆင်မပြေလောက်ဘူး... အခြေအနေကြည့်ပြီး... အားသာတဲ့ဘက် ကို သွားရမှာပဲ..!LOL. !PIZZA

0
0
0.000
avatar

စျေးကြီးတယ်
ဟီးဟီး
!PIZZA

0
0
0.000