ကျွန်တော်ပြောသော စင်္ကပူ - အပိုင်း ( ၃၆ ) ( Henry Aung )

avatar

111.jpeg

မင်္ဂလာပါ။ ကျွန်တော်ပြောသော စင်္ကပူ ခန်းဆက်အား ဤ တပိုင်းပြီးလျင်တော့ ခေတ္တခဏ အနားပေးထားမည်ဟု ဆုံးဖြတ်ထားပါသည်။ အဘယ့်ကြောင့် ဆိုသော် နေ့စဉ် နီးပါး ပုံစံတူ များသာ ဖတ်နေရလျင် ပျင်းရိ ဖွယ်ကောင်းလာသော ကြောင့် ဖြစ်ပါသည်။ ထမင်း စားလျင်တောင် နေ့တိုင်း ဟင်းတမျိုးတည်းသာ ဆိုလျင် မစားချင် ဖြစ်လာသည့် အတိုင်း စာဖတ်ရသည်မှာလည်း ထိုအတိုင်းသာ။

သိုပေသိ ယနေ့ ဖေါ်ပြပေးမည့် အပိုင်းကတော့ သည်းခံ၍သာ ဖတ်ကြပေရော့။မနက်ဖြန်တွင် အခြား ဆောင်းပါးများ ရေးသားဖေါ်ပြပေးပါမည်။ ကျွန်တော် Pensing Warehouse တွင် အလုပ်လုပ်နေစဉ် ၆ လ အတွင်း Manager ၃ ယောက် ပြောင်းသွားပါသည်။ ဤ သည်က warehouse နှင့် Pensing တို့၏ ကိစ္စများသာဖြစ်၍ ကျွန်တော်လည်း အသေးစိတ် မသိရပါ။

ပြောရမည် ဆိုလျင်တော့ ထိပ်ပိုင်းတွင် အတော်လေး Pressure များဟန်တူပါသည်။ ရှိစေတော့။ ဤ စာအုပ်များ ဖြန့်ချီသော လုပ်ငန်းတွင် ကျွန်တော်နားမလည် သည်မှာ Return ဟူသော ဌာနဖြစ်ပါသည်။ Return ဟူသည်မှာ စာအုပ်အရောင်းဆိုင်များမှ ရောင်းမကုန်၍ ပြန်ရောက်လာသော စာအုပ်များအား ပြန်လည် လက်ခံရခြင်း ဖြစ်ပါသည်။

စင်္ကပူ ရှိ စာအုပ်အရောင်း ဆိုင်များက Pensing မှ စာအုပ်များ မှာယူသည် ထို့နောက် ဆိုင်ပေါ်တင်ရောင်းသည် ရောင်းမကုန်လျင် Pensing သို့ ပြန်ပို့ပါသည်။ ဤ နေရာတွင် Pensing နှင့် စာအုပ်ဆိုင်များ မည်သို့ နာလည်မှုယူထားကြသည်တော့ မသိပါ။ Pensing ထံမှ နေ့တိုင်း စာအုပ် အထွက်ရှိသလို နေ့တိုင်းလည်း Return ရှိပါသည်။

Return ဌာနတွင် အလုပ်လုပ်သူများက ပြန်ရောက်လာသော စာအုပ် တအုပ်ချင်းစီအား ဖင်ပြန်ခေါင်းပြန် သေချာ စစ်ဆေးရပါသည်။ အဖုံးများ တွန့်ကြေ ခြင်း / ဆုတ်ပြဲခြင်း / အစွန်းအထင်းများရှိ ခြင်း အစရှိသော စာအုပ်များအား ဘေးဖယ်ထားကာ ကောင်းမွန်သော စာအုပ်များကိုတော့ စင်ပေါ်သို့ ပြန်ပို့ရပါသည်။ ဤ Return မှ ပြန်ပို့သော စာအုပ်များအား Scanner ဖြင့် မဖတ်ပဲ Computer မှ တိုက်ရိုက် စာရင်းသွင်းရပါသည်။

ပျက်စီး သွားသော စာအုပ်မျိုးစုံ များအား ကတ္ထူပုံ ကြီးကြီး တခုထဲတွင် ထည့်ထားကာ ထိုကတ္ထူပုံး ပြည့်သွားလျင် ပျော့ဖတ်လုပ်သော စက်ရုံသို့ ပို့ကာ စာအုပ်များ ပျော့ဖတ် လုပ်၍ ဖျက်ဆီးလိုက်ပါတော့သည်။ အဓိက ပျက်စီးသော စာအုပ်များမှာ ကလေးသူငယ်ဆိုင်ရာ သင်ကြားရေး စာအုပ်များ နှင့် ကာတွန်း စာအုပ်များ ဖြစ်ပါသည်။

အဘယ့်ကြောင့် ဤ ကလေးစာအုပ်များ ကာတွန်းစာအုပ်များ ပျက်စီးရသည့် အကြောင်း အား အသေးစိတ်ဖေါ်ပြပေးပါမည်။ စင်္ကပူ ရှိ မြို့နယ် တိုင်းတွင် Shopping Mall ရှိပါသည်။ ထို Shopping mall အများစုမှာ ဘူတာရုံနှင့် တွဲဖက် ဆောက်ထားခြင်း ဖြစ်ပါသည်။ ဤ Shopping mall တိုင်းတွင် Popular ဟူသော စာအုပ်ဆိုင် အကြီးကြီး ရှိပါသည်။

ဤ Popular စာအုပ်ဆိုင်တွင် သတင်းစာ မဂ္ဂဇင်း များမှ စပြီး နောက်ဆုံး IT နည်းပညာသိပ္ပံနှင့် ဆိုင်သောစာအုပ်များ အထိ အစုံရှိပါသည်။ သူ့အကန့်နှင့်သူ အပျော်ဖတ်စာပေ / အချက်အပြုတ် / ဖက်ရှင် / စုံထောက် / 18+ ( 18+ ကတော့ စင်ပေါ်တင်မထားပါ ။ ကောင်တာတွင် မေးဝယ်ရပါသည် ) / စင်္ကပူ ကျောင်းသုံး ပြဒါန်းစာအုပ်များ / ဘောပင်ခဲတံ စသည်ဖြင့် အစုံရှိပါသည်။

အသေးစိတ်သိလိုလျင်တော့ Singapore Popular bookstore ဟူ၍သာ Google ခေါက်ကြည့်ကြပါကုန်။ ကျွန်တော် ပြောလိုသည်မှာ ဤ Popular စာအုပ်ဆိုင်၏ ကလေးစာပေ များ ထားသော စာအုပ်စင် ဖြစ်ပါသည်။ ခလေးများ အတွက် စာအုပ်စင် ဖြစ်သောကြောင့် အရမ်း မမြှင့်ပါ။ ခလေးစာအုပ်များ ကာတွန်းစာအုပ်များ မျိုးစုံ ရှိပါသည်။

စနေ တနင်္ဂနွေ နေ့များတွင် ဤ Popular စာအုပ်ဆိုင်၏ ကလေး စာပေများရှိသည့် နေရာသွားကြည့်လျင် မူကြိုကျောင်း ထဲသို့ ရောက်သွားသည်နှင့် တူပါသည်။ အရွယ်စုံ ခလေး တပြုံ တမကြီး စာဖတ်နေကြသည်။ အချို့က ထိုင်လျက် အချို့က မှောက်လျက် အချို့က စာအုပ်စင်အား မှီလျက် အချို့က စာအုပ်ထဲမှ ပုံများအားကြည့်ကာ အော်ကြီးဟစ်ကျယ် စကားပြောလျက် ပုံစံမျိုးစုံဖြင့် တွေ့နိုင်ပါသည်။ မူလတန်း အရွယ် ခလေးများ ဖြစ်ပါသည်။

သူတို့ဘေးတွင်လည်း စာအုပ်များက ပွကြဲနေပါသည်။ တအုပ်ယူဖတ်လိုက် နောက်တအုပ်ယူဖတ်လိုက် အနည်းငယ် ငယ်ရွယ်သော ခလေးများကတော့ စာအုပ်ထဲမှ ပုံများအား ရောင်စုံခဲတံဖြင့် ချယ်နေကြပါသည်။ ဤ မျှ ပွက်လောရိုက် စာအုပ်များ ပွစာကြဲ လျက် စာဖတ်နေသည့် ခလေးများ ရှိရာသို့ မည်သည့် ဝန်ထမ်းမှ လာ၍ " ဟဲ့ ခလေးတွေ စာအုပ်တွေ ယူမဆော့ကြနဲ့ ပြဲကုန်မယ် " ဟူ၍ လာမဟန့်ပါ။

ခလေးများ စိတ်ကြိုက်စာဖတ်နိုင်သော နေရာဖြစ်ပါသည်။ ဤ သည်မှာ ခလေးသူငယ်များအား စာအုပ်နှင့် ရင်းနှီးစေရန် ပြုလုပ်ပေးခြင်း ဖြစ်ပါသည်။ ထို့ကြောင့် Popular စာအုပ်ဆိုင်သို့ စာအုပ်ပို့သော Pensing ၏ စာအုပ်များ တွင် ခလေး စအုပ်များက အဘယ့်ကြောင့် ပို၍ ပျက်စီး သည်ကို ဖေါ်ပြပေးရခြင်း ဖြစ်ပါသည်။

ဤ Pensing Warehouse တွင် အလုပ်လုပ်ရခြင်း အတွက် ကျွန်တော်အမြတ်ထွက်သည်မှာ စာအုပ်အသစ်များ ရောက်လာလျင် အခြားသူဌာများ မဖတ်ရသေးခင် ကျွန်တော် တို့ အလျဉ် မြည်းစမ်းခွင့် ရရှိခြင်း ပင် ဖြစ်ပါသည်။ ဤ သို့ ရေးသား လိုက်သော ကြောင့် မိတ်ဆွေအနေဖြင့် ဟာ... Henry Aung ကတော့ စာကောင်း ပေမွန်တွေ အတော် ဖတ်ရမှာပဲ ဟူ၍။ မထင်ပါနှင့် ။

ကျွန်တော် မြည်းစမ်းခွင့် ရသော စာပေမှာ ကာတွန်း ဖြစ်ပါသည်။ အခြားသော စာအုပ်မျာ လည်း မြည်းစမ်းခွင့်ရခဲ့ပါသည်။ ကျွန်တော် ကြိုက်သော စာအုပ်များ ဖျက်ဆီးမည့် စာအုပ်ပုံထဲတွေ့လျင် Return Supervisor ထံမှ တောင်းယူပါသည်။ သူတို့ကလည်း အသာတကြည် ပေးပါသည်။ သို့သော် ပထမဆုံး Contents ဟူသော စာမျက်နှာ အား ဖြဲထားပြီး ဖြစ်ပါသည်။ မြန်မာစာ ဖြင့် ဆိုလျင် မှာတိကာ စာမျက်နှာအား ဖြဲလိုက်ခြင်း ဖြစ်ပါသည်။

Pensing က လည်း နင်သာ စာဖတ်ချိန်ရှိလျင် အလကား ဖတ်စမ်း အိမ်တော့ယူမသွားနဲ့ ဟု ပြောပါသည်။ တနေ့ ၁၂ နာရီ အလုပ်လုပ်နေရချိန် မည်သည့် အချိန် စာသွားဖတ်မည်နည်း။ ကျွန်တော်ရသော စာဖတ်ချိန်မှာ ထမင်းစား ချိန် တနာရီတွင် ၁၅ မိနစ် ထမင်းအမြန်စာ ကျန်သော ၄၅ မိနစ်အား စာအုပ်စင်များကြားတွင် စာထိုင်ဖတ်နေခြင်း ဖြစ်ပါသည်။

ဆိုခဲ့သည့် အတိုင်း ကာတွန်းစာအုပ်များသာ ဖြစ်ပါသည်။ ကျွန်တော် အကြိုက်ဆုံးမှာ Bill Watterson ရေးဆွဲသော Calvin and Hobbes ဟူသော Comic ဖြစ်ပါသည်။

Calvin ဟူသော ကောင်လေးက သူ့အရုပ်ကျားလေးအား တကယ့် သက်ရှိကျား သဖွယ်ထင်ယောင်ပြီး ခလေး တယောက်၏ စိတ်ကူးယဉ် မှုများအား ရေးဆွဲထာသော ကာတွန်း ဖြစ်ပါသည်။

များသော အားဖြင့် ၃ ကွက်ကာတွန်း ၄ ကွက် ကာတွန်းများ ဖြစ်ပါသည်။ စိတ်ဝင်စားလျင် Google ခေါက်၍ ဖတ်ရှုနိုင်ပါသည်။ နောက် ဆောင်းပါးများတွင် ကျွန်တော် ဤ Pensing Warehouse တွင် ဖတ်ရှုခဲ့ရသော စာအုပ်စာပေများ အကြောင်း အသေးစိတ် ရေးသားဖေါ်ပြပေးပါမည်။

ဆက်လက်ဖေါ်ပြပေးပါမည်။

Henry Aung ( Kachin )

26/01/2022 - Wednesday - 18;14 Pm



0
0
0.000
23 comments
avatar

က​လေး​တွေကို စိတ်ကြိုက်စာဖတ်​စေတာ အရမ်း​ကောင်းတဲ့ planတစ်ခုပဲ​နော် ကိုယ့်ပြည်သား က​လေးငယ်​တွေ စစ်​​ရှောင်​နေရချိန် သူများက​လေး​တွေ ​မြေဆီ ​ကောင်း​ကောင်းမှာရှင်သန်​နေရပြီ

0
0
0.000
avatar

ကိုယ်တွေ နောက်ကျနေတာ နှစ်ပေါင်း မနည်းတော့ဘူး... သူများ ရှေ့ကိုသွားနေချိန် ကိုယ်တွေက နောက်ပြန် သွားနေကြတာ... တွေးလိုက်ရင် ရင်နာစရာပေါ့။ အထူးသဖြင့် အနာဂတ် ခလေးတွေ အတွက်ပေါ့။

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
htwegyi tipped kachinhenry (x1)
kachinhenry tipped htwegyi (x1)
donjaun tipped kachinhenry (x1)
kachinhenry tipped nyimwa (x1)
@kachinhenry(4/15) tipped @nweoomon (x1)
nyimwa tipped kachinhenry (x1)
walarhein tipped kachinhenry (x1)
kachinhenry tipped johndieo (x1)

Join us in Discord!

0
0
0.000
avatar

နောက်အပိုင်းတွေကိုလည်း စောင့်နေပါတယ် ဗဟုသုတ အများကြီး ရပါတယ် အကိုရေ့

0
0
0.000
avatar

ခုတော့ ခဏ နားထားလိုက်အုံးမယ်😁😁😁 !PIZZA

0
0
0.000
avatar

အတော်ကို ကောင်းတဲ့ ဝန်ဆောင်မှုပဲဗျာ
ကလေးတွေ စာဖတ်အောင်း လုပ်ကြတာ။
!PIZZA
!LOL

0
0
0.000
avatar

အဲတာ လွန်ခဲ့တဲ့ ၁၂ နှစ်လောက်တုန်းကဗျို့ ဦးထွေးရေ...😁😁 !PIZZA

0
0
0.000
avatar
(Edited)

အကယ်၍များ ကလေးတွေထဲက တစ်ယောက်ယောက်က စာအုပ်တစ်အုပ်ကိုဆုတ်ဖြဲလိုက်ရင်ကော ဘယ်လိုဖြစ်မလဲဆာဟင် သိချင်လို့ပါ 😐 return ဆိုတဲ့စကားလုံးကိုသုံးတာ စာရင်းကိုင်ဘက်ကလာတဲ့စကားလုံးဖြစ်မယ်ထင်တယ်ဆာဟင် ထင်တာပြောတာပါ...

0
0
0.000
avatar

ကျွန်တော် သိသလောက် ဆုတ်ဖြဲထားတဲ့ စာအုပ် Return ရောက်လာတာ မရှိသလောက်ပဲ။ အများဆုံး အဖုံး တွန့်ကြေ ... စာမျက်နှာ လိမ်ခေါက်... အနားသား တွန့်ကြေ ... အဲသလိုမျိုး။ စင်္ကပူ မှာ စာအုပ်ရောင်းတာ ကုန်ကုန်ပြောမယ် စာအုပ် အဖုံး ကော်ကပ်လို့ မညီမညာ တွန့်နေရင်တောင် Damage ဆိုတဲ့ စာရင်းထဲ ထည့် ပြစ်ကြတာ။

0
0
0.000
avatar

အတွေ့အကြုံတွေနဲ့ ဗဟုသုတတွေကို ဖတ်လိုက်ရလို့ အားကျ နေမိသဗျာ။ !PIZZA

0
0
0.000
avatar

ရေးစရာ အတော်များများတော့ ကျန်ပါသေးတယ်။ ဖတ်တဲ့သူတွေ ပျင်းမှာစိုးလို့ !PIZZA

0
0
0.000
avatar

ငုယင်လေးတို့ ဖက်
လှည့်ပေးပါ ဟီးဟီး
!PIZZA

0
0
0.000
avatar

ငုယင်လေး ဖက်လှည့်ဖို့ အလှည့်မကျသေးဘူး။😀😀😀😀 !LOL

0
0
0.000
avatar

မိုက်လိုက်တာ။ ကလေးတွေကို စာအုပ်နဲ့ရင်းနှီးအောင်လုပ်ပေးတာ သဘောကျတယ်။

0
0
0.000
avatar

အဲဒါ လွန်ခဲ့တဲ့ ၁၂ လောက်တုန်းက စင်္ကပူရဲ့ ပြင်ဆင်မှု !PIZZA

0
0
0.000
avatar

မင်္ဂလာပါ အကို
ကျနော်က Logistics နဲ့ ပတ်သက်တာတွေ သင်ချင်လို့ google မှာ လျှောက်ရာရင်းကနေ အကို စင်္ကာပူအကြောင်းရေးထားတွေ ဖတ်မိရင်းကနေ ကျန်တာတွေပါ ဆက်ဖတ်ဖြစ်နေခဲ့ပါတယ်။ ကျနော်တို့အလုပ်မှာ Logistics ဘာသာရပ်က ရှေ့လျှောက် အများကြီးအသုံးချရမှာမို့လို့ အကိုတို့လို အတွေ့အကြုံရှိတဲ့ သူတွေ ရေးထားတာ အများကြီးဖတ်ချင်ပါတယ်။ ဆက်လက်မျှဝေပေးစေချင်ပါတယ်။ logistics ဘာသာရပ်က မြန်မာပြည်မှာ သင်ယူဖို့ ခက်နေသလို သင်တန်းကြေးတွေကလည်း ဈေးကြီးလွန်းတယ်။ ဘယ်ကျောင်းက အမှန်အကန်သင်ယူလို့ရမယ် ဆိုတာလည်း မသိရတော့ ဘယ်သင်တန်းမှာ တက်ရမှန်းကို မသိသေးဘူး။ ဘယ်ကျောင်းတက်သင့်တယ်ဆိုတာ လမ်းညွှန်ပေးပါအုံးခင်ဗျ

Posted Using LeoFinance Beta

0
0
0.000
avatar

မှန်တာကို ပြောရရင် မြန်မာပြည်မှာ လျပ်စစ်မီးနဲ့ အင်တာနက် မကောင်းသရွေ့ Logistics ကို လုပ်ရတာ အတော်လေး အခက်အခဲတွေ့ပါလိမ့်မယ်။ သူက System software နဲ့ IT နည်းပညာ တွေနဲ့ လုပ်ရတာဆိုတော့။ အလုပ်သမား ဖြစ်ရုံ အတွက်တော့ သင်တန်း သီးသန့် တက်စရာ မလိုဘူးထင်ပါတယ်။ ဘာဖြစ်လို့ ဆိုတော့ Logistics တခုနဲ့ တခု အသုံးပြုတဲ့ System မတူကြလို့ပါ။ ကိုယ်က Professional ဖြစ်ချင်တယ်ဆိုရင်တော့ Logistic Engineering ကို တက်နိုင်ပါတယ်။ စင်္ကပူက တက္ကသိုလ် တွေမှာ အဲဒီဘာသာရပ်ကို သင်ပေးပါတယ်။ အစ်ကို့ရဲ့ စင်္ကပူ အတွေ့အကြုံ တွေကို ထပ်ရေးပြပါ့မယ်။ ရေးသားစရာလည်း အတော်များများ ကျန်ပါသေးတယ်။

0
0
0.000