Hot Pot ပူပူလေး စားကြမယ် ( Henry Aung )

avatar

111.jpeg

မင်္ဂလာပါ။ ယခုတလော လျပ်စစ်မီး နှိပ်စက်သော ကြောင့် မီးလာသည့် အချိန် ထမင်းဟင်း ညမနက်စာ ချက်ထားရပါသည်။ မီးလာလျင်တော့ ချက်ထားသည့် ထမင်းဟင်းများ microwave နှင့် ပြန်နွေးစား။ မီးမလာလျင်တော့ ရေခဲသေတ္တာထဲမှ အေးတိအေးစက် ဟင်းထုတ်စားပေါ့။

မိတ်ဆွေတို့ သိကြသည့် အတိုင်း နေ့စဉ် ထမင်းဟင်းကို အလုပ်တခုလို ချက်စားနေကြရသည် ဆိုတော့ တခါတလေ လျှာ အပြောင်းအလည်း ဖြစ်ရန် ပြင်ပ အစားစာများဝယ်စားရပါသည်။

ပြင်ပအစားစာ ဆို၍ အခြားမဟုတ်ပါ။ ညနေခင်း ဈေးဘက်တွင် ရတတ်သော ပဲကုလား ဟင်း နှင့် ငါးခြောက် ကြော် / သို့မဟုတ် ဝက်ခေါင်း သုပ် ဝယ်၍ ဆိုင်မှ ဝက်ဟင်းရည်ပါ တခါတည်း တောင်းလာ၍ ညစာပြီးလိုက်ကြသည်လည်း ရှိပါသည်။

အစား အသောက် အတွက်တော့ ကရိကထမများလှပါ။ တခါတရံ ဘားမျှ မချက်လို၍ ကြက်ဥ တယောက်တလုံး စီကြော် ထမင်းပူပူ နှင့် နေ့လည့်စာ ပြီးလိုက်သည်လည်း ရှိပါသည်။ တခါတရံ ၅၀ တန် စည်တော်ကြီး လက်ဖက်နှပ် နှင့် ပဲဆံ အချို့ဝယ်ကာ ခရမ်းချဉ်သီး နိုင်ချင်း လက်ဖက်သုပ် နှင့် ထမင်းကြမ်းအား မည်သည့် အသားဟင်းနှင့်မှ မလဲနိုင်ပါ။

ဆိုတော့ အစားအသောက်အတွက် ဝိစီကိစ္စ မများလှပါ။ ရှိသည်နှင့် ကြုံသည်နှင့် စားသောက်နိုင်ပါသည်။ ကျွန်တော့ မဟေသီကတော့ အရင်ကတည်း က အသားမစားသူ ( လုံးဝမစားသလားဆိုတော့လည်း မဟုတ် အသားအား ဟင်းအဖြစ်ချက်ထားလျင် မစားသော်လည်း ခေါက်ဆွဲတွင် ထည့်ထားလျင်တော့ စားပါသည် ) ဆိုတော့ ဟင်းချက်ရသည်မှာ ပို၍ ပင် အဆင်ပြေပါသည်။

သူ့အကြိုက် လိုက်ချက်စရာမလို ကိုယ့် အကြိုက် ချက်ယုံသာ။ တနေ့ကတော့ မဟေသီမှ Hot Pot စားချင်သည်ဟု ပူဆာပါသည်။ အပြင် ထွက်စားလိုခြင်း မဟုတ်ပါ။ အိမ်တွင် ကိုယ်ဖာသာ ကိုယ် ချက်စား လိုခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့ နှစ်ယောက် ဝယ်ထားသော Hot Pot အိုးလေးကလည်း သည် အတိုင်း သိမ်းထားရသည်ဆိုတော့ ။ Hot Pot ချက်စားကြမည်ပေါ့။

ညနေဘက် ဆိုင် စောစော သိမ်းမည်။ အစားအသောက် စားနေစဉ် ဈေးထရောင်း နေရလျင် အစားအသောက်ပျက် နေအုံးမည်။ ကျွန်တော် ဈေးသွားရန် ပြင်ရပါပြီ။ မဟေသီကတော့ Hot pot ထဲထည့်သည့် အသားလုံး လေးများ ဝယ်ခဲ့ရန် မှာပါသည်။

ထို့နောက် Hot Dog / ကြက်အူချောင်း / ဝက်သား သုံးထပ်သားအား ပြားပြားလေး လှီးထားသည့် အသားပြား / ကိုးရီးယားတို့ ကင်ချီလုပ်သည့် မုန်လာရွက် အဖြူ / အပ်မှို / ရုံးပတီ သီး / ဆလတ်ရွက် / ထို့ နောက် ပုဇွန် လက်ညှိုးခန့် အကောင်များ ၁၅ ကောင်ခန့် / မာလာဟင်း အနှစ် နှင့် တုံယမ် ဟင်းချို အနှစ်တို့ ဝယ်လာခဲ့ပါသည်။

မာမီး ခေါက်ဆွဲခြောက် က အိမ်တွင် ရှိပြီးသားမို့ ထပ်မဝယ်တော့ပါ။ မနက်ကတည်းက ဝယ်ထားပြီး အစားအသောက်များအား ရေခဲသေတ္တာ တွင် ထည့်ထားလိုက်ပါတော့သည်။ နေ့လည်စားအား ဖြစ်သလို စားကာ ညနေအတွက် Hot Pot စားမည် ဆိုတော့ ထမင်းမချက်တော့ပါ။ Hot Pot အဝကြိတ်မည်။

လျပ်စစ်မီး ပျက်လျင်တောင် ဖယောင်းတိုင်ထွန်း မီးသွေး မီးဖိုဖိုပြီး ရအောင် ချက်စားမည်ဟု ကြံထားပါသည်။ မီးပျက်လျင်တော့ Hot Pot အိုး မသုံးရတော့သည်တခုတည်းသာ။ ညနေ စောင်းလာပါလေပြီ။ ည ၇ နာရီ ခွဲ ဆိုတော့ အတော်လေး မှောင် သွားပြီ ဖြစ်ပါသည်။

Hot Pot စားပါမည် ဆိုမှ ဈေးဝယ်သူက မပြတ်တော့။ မဟေသီက သူနာပြု ဆိုတော့ ရောဂါ အကြောင်း ဆေးအကြောင်း ပညာပေးရလျင် လေကြောက မပြတ်တော့။ ည ၈ နာရီကျော်မှ ဆိုင်ပိတ်လိုက်ရပါသည်။ Hot pot စားတော့မည်။

အသီးအရွက်များအား ၁ နာရီခန့် ဆားရည် စိမ်ထားပြီမို့ အသင့်ဆေးကြောကာ ပန်းကန်များ ဖြင့်ထည့်။ ကြက်အူချောင်းများ / အသားချောင်းများအား တစောင်း မထူမပါး လှီးထား / အသားပြားများကလည်း အချပ်လိုက် အဆင်သင့် / ဆလပ်ရွက် ကလည်း လတ်ဆတ် လိုက်ပါဘိ။

အစကတော့ ကျွန်တော့ အနေဖြင့် အသားပြား နှင့် ပုဇွန်အား ကင်၍ ဆလပ်ရွက်နှင့် လိပ်ပြီး စားမည်ဟု ကြံထားပါသည်။ မဟေသီက အကင် ကင်လျင် ညှော်နံ့ထွက်သည် ဆေးပစ္စည်း များ အနံ့စွဲ ကုန်မည်ဟူ၍ အားလုံး ပြုတ်စားရန် အကြောင်း ဖန်လာပါတော့သည်။ ကိစ္စမရှိ။

အသားပြုတ်လေးများအား ဆလပ်ရွက်ဖြင့် လိပ်စားလိုက် / ခေါက်ဆွဲ ဖတ်များ ဆယ်စားလိုက် / ဟင်းရည် လေး ခပ်သောက်လိုက် / ကာလူး ခွက်လေး ကိုင်လိုက်ပေါ့။ မစားခင် စိတ်ကူးနှင့် မြူးရပါသည်။

ဤသို့ဖြင့် Hot Pot အိုးထဲ ရေထည့် ရေနွေးဆူ လျင် မဟေသီက မာလာ အနှစ်နှင့် တုံယမ် အနှစ် ဖေါက်ထည့် ထို့နောက် ထန်းလျက် အလုံးအသေးလေး တလုံးထည့် ဆားအချိုအပေါ့ အငံ မြည်းကြည့်ကာ အသားပြားများ ကြက်ဥ ချောင်း များ ထည့် ရသည်ပေါ့။ အသားနှင့် ပုဇွန်က ကျက်မှ ဖြစ်မှာကိုး ။

ဤသို့ဖြင့် အသားများ ကျက်လျင် ခေါက်ဆွဲ ခြောက်ထည့် ခဏစောင့်ပြီး ရုံးပတီးသီး နှင့် မုန့်ညှင်းဖြူ ထည့် မွှေးကြိုင်သော Hot Pot ရနံ့လေးက သင်းကြိုင်နေပါတော့သည်။ စားရန် အသင့်ဖြစ်ပြီ။ ကျွန်တော့ အနေဖြင့် Hot Pot ပိုကောင်း စေရန် ကြက်ဥ တလုံးလောက် ဖေါက် ထည့် လိုက်မည် စိတ်ကူးမိပါသည်။

ဟုတ်ကဲ့ ပွက်ပွက်ဆူ ၍ အသားငါးများ ဖြင့် စားချင် စဖွယ် ဖြစ်နေသော Hot Pot အိုး အတွင်းသို့ ကြက်ဥ တလုံး ဖေါက်ထည့်လိုက်ပါသည်။ ထိုအခါ ကြမှ မျက်လုံးပြူးရပါတော့သည်။ ကြက်ဥ က အပုပ်ကြီး။ နံဟောင် လိုက်သည်မှာ မပြောပါနှင့်။ ပွက်ပွက်ဆူ နေသော Hot Pot နံနံ အိုးကြီး ကြည့်လိုက် တယောက်မျက်နှာ တယောက်ကြည့်လိုက်။

ဟုတ်ကဲ့။ လွန်ခဲ့သော တနေ့ည က ကျွန်တော်နှင့် မဟေသီ ယမ်ယမ်ချဉ်စပ် ခေါက်ဆွဲပြုတ်ဖြင့် ညစာစားခဲ့ပါသည်။

Henry Aung ( Kachin )

27/01/ 2022 - Thursday - 17;58 Pm



0
0
0.000
19 comments
avatar
(Edited)

နှ​မြောစရာကြီး ဗိုက်ဆာ​နေတုန်း ဘယ်​လောက်ခံစားလိုက်ရမလဲ🤣🤣🤣ကြက်ဥဆိုတာကလည်း ​ကြော်တာဖြစ်ဖြစ် ​မွှေ​ကြော်ဖြစ်ဖြစ် ဇွန်း​လေးနဲ့ ခွပ်ကနဲခွဲ ဒီတိုင်းထည့်ကျတာဆို​တော့ ပြန်နုတ်လို့လည်း မရ

0
0
0.000
avatar

ဟုတ်တယ်လေ... ကြက်ဥ အပုပ်လို့ ဘယ်ထင်ပါ့မလဲ... ဒီအတိုင်း... ခေါက်ပြီး ထည့် လိုက်တာရယ်...ထီသာ အဲသလို မျိုး မပေါက်တာ.... ပေါက်ကရဆိုရင် ဖြစ်ပါ့ !😁😁😁😁😁

0
0
0.000
avatar

ဟာ...ကိုဟင်အဟုတ်မှတ်လို့ ဒီမှာ ကမန်းကတမ်းထမင်းပြေးခူးလိုက်တယ်လေ။ ကိုဟင့်ဟော့ပေါ့ပိုစ့်လေးဖတ်ရင်းစားမလို့။ အဆုံးသတ်ကျမှ ကြက်ဉပုတ်နဲ့ ညားရသလား။ 😭😭😭

0
0
0.000
avatar

အင်းပါ... @nweoomon က မှ ထမင်းပွဲပြင်နေတာ ... ကိုဟင်က ... Hot Pot အိုးလေး ကြည့် လိုက်... ဇွန်းနဲ့ မွှေကြည့်လိုက်... အပုပ်နံ့ က ဟောင်နေရောပဲ... ပုဇွန်တွေက ဝက်သားပြားတွေက ကိုယ့်ကို လှောင် နေသလိုလို😀😃😁

0
0
0.000
avatar

ပုစွန်တွေ နှမြောလိုက်တာ။ 😋😋

0
0
0.000
avatar

ဟမလေး အဖြစ်က မနှစ်က ထက်ဆိုးသပ
အမယ်မင်းရယ်မှ စားရတော့မယ် ပါးစပ်ပြင်ကာမှ
ရက်စက်တဲ့ ဘဲဥပုတ်။
!PIZZA
!LOL

0
0
0.000
avatar

ပြောပါပြီကော... ကိုဟင်တို့ ဖြစ်လိုက်ရင်....အဲသလိုပါဆို...😁😁😁

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
@kachinhenry(3/15) tipped @myanmarkoko (x1)
htwegyi tipped kachinhenry (x1)
uthantzin tipped kachinhenry (x1)
kachinhenry tipped uthantzin (x1)
kachinhenry tipped myothuzar (x1)
myanmarkoko tipped kachinhenry (x1)

Join us in Discord!

0
0
0.000
avatar

ပူတဲ့အိုးမစားရတော့ဘူးပေါ့ အွန်လိုင်းတင်ရောင်းရင် ရောင်းကောင်းအုံးမှာ 😂

0
0
0.000
avatar

ရေးသာ ရေးရတာ... အရင်ဘဝက သူများ အစားအသောက်တွေ ဖျက်ဆီးခဲ့တဲ့ သူဖြစ်မယ်ထင်တယ်...😁😁😁

0
0
0.000
avatar

အော် ဖြစ်မှဖြစ်ရတယ်...ကံက အဲသလိုကို ဖြစ်နေရော...စားကောင်းတော့မယ်ထင်နေတာ အပြီးသတ်ရောက်မှ...!PIZZA

0
0
0.000
avatar

ပြောပါပြီကော... ကိုဟင်တို့ ဖြစ်လိုက်ရင်....!PIZZA

0
0
0.000
avatar

ကံမကောင်းချက်😁😁😁

!PIZZA

0
0
0.000
avatar

ပါးစပ်ထဲ ရောက်ကာနီး ဖလွှတ်ဆို... ပြုတ်ကျ သွားသလိုပေါ့...😁😁😁 !PIZZA

0
0
0.000
avatar

သတိထားစရာပေါ့။ များသောအားဖြင့် ကြက်ဥဆိုရင်
ဇွန်းနဲ့တစ်ချက်ခေါက်ခွဲပြီး ဆီအိုးထဲထဲ့ကြော်တာ။
ကြက်ဥပုပ်တော့ ထဲ့မကြော်မိသေးဘူး 😅

!PIZZA

!LOL

0
0
0.000
avatar

ကိုဟင်ကတော့ ကြုံရပါ့ အဲသလို အဖြစ်တွေ...😁😁😁 !PIZZA

0
0
0.000