Hive Platform နှင့်ပတ်သက်သောအတွေးများ ( Henry Aung )

avatar
(Edited)

111.jpeg

မင်္ဂလာပါ။ ယခုကျွန်တော်ရေးသားမည် ဖြစ်သော အကြောင်းအရာတို့မှာ ကျွန်တော့ အတွေး ကျွန်တော့ အထင် ကျွန်တော့ အာဘော်သာ ဖြစ်၍ ကျွန်တော်ရေးသား ထားသည့် အတိုင်း တထစ်ကျ ဖြစ်လာလိမ့်မည်ဟု မမှတ်ယူစေလိုပါ။ မိတ်ဆွေတို့ ကိုယ်တိုင် ခွဲခြမ်းစိတ်ဖြာ နိုင်ရန် အတွက် ဖေါ်ပြပေးလိုက်ရခြင်းသာ ဖြစ်ပါသည်။

အခြား မဟုတ်ပါ။ Hive Platform အကြောင်းသာ ဖြစ်ပါသည်။ ကျွန်တော်၏ ယခင် ဆောင်းပါးများတွင် Hive အနေဖြင့် ၂၀၂၂ တွင် အရှိန်ပြင်းပြင်း ဖြင့် ထိုးဖေါက်လာပြီ ဖြစ်ရာ Hive Engine token များမှာ မေးခွန်းထုတ်စရာ ဖြစ်လာပြီ ဖြစ်ပါသည်။

မိတ်ဆွေတို့သိသည့် အတိုင်း Hive Engine Layer 2 token များမှာ ပြင်ပရှိ Cryptocurrency Exchange site သို့ ပို့၍ မရပါ။ Leo အနေဖြင့် အောင်မြင်စဉ်ကာလက Uniswap သို့ ပို့ရာတွင် Swap Leo အဖြစ်သာ ပို့၍ ရခဲ့ပါသည်။ ထို့ အတူ Hive Engine ရှိ အခြားသော token များကလည်း ပြင်ပသို့ ဈေးကွက်ဖေါက်နိုင်စွမ်း မရှိပါ။

ဤ ကန့်သတ်ထားသော Hive Platform မှ အသိုင်းအဝိုင်းများအား မှီခိုရပ်တည် နေကြခြင်း ဖြစ်ပါသည်။ အထူးသဖြင့် Blogging token များ ဖြစ်ကြသော POB / CCC / Archon အစရှိသဖြင့်။ မိတ်ဆွေတို့ သိသည့် အတိုင်း SPK Network အသက်ဝင်လာလျင် SPK Network အား အသုံးပြု၍ နောက်ထပ် Project အများအပြား ထွက်လာအုံးမည်မှာ အသေအချာ ဖြစ်ပါသည်။

အကယ်၍ အသစ်ထွက်လာသော Exchange Site ဖြစ်သည့် Peerplays DEX တွင် Hive Engine token များ ချရောင်းခွင့်မရှိဆိုလျင်တော့ Hive Engine token များ၏ ခေတ်ကုန်ဆုံးပြီဟူ၍ ပြော၍ ရပါသည်။ အသစ်ထွက်လာသော နည်းပညာဖြစ်သည့် SPK Network သည် Hive Engine ကဲ့သို့ Community များ ဖွဲ့နိုင်သည် / ကိုယ်ပိုင် Cryptocurrency များ ထုတ်နိုင်သည်ဟူ၍ အတိအလင်ကြေညာ ထားပြီး ဖြစ်ပါသည်။

ထို့အပြင် SPK Network ၏ Light Paper တွင် Ecency နှင့် Peerplays DEX တို့ဖြင့် ပူးပေါင်းဆောင်ရွက်မည်ဟု ကြေညာထားသော်လည်း Hive Engine အကြောင်းတော့ ဖေါ်ပြထားခြင်း မရှိပါ။ ဤသည်ကို ထောက်ကြည့်ခြင်းအားဖြင့် Ecency ၏ point များက Cryptocurrency တခု ဖြစ်လာနိုင်စရာ အကြောင်း ရှိနေပါသည်။

ဤ SPK Network အတွက် Fundraising proposal တင်ခဲ့သည့်မှာ 2021 September လတွင် ဖြစ်ပါသည်။ သို့သော် Hive Engine ဘက်မှ မည်သို့ ပြင်ဆင်ထားသည်ဆိုသည့် အကြောင်း မတွေ့ခဲ့ရပါ။ SPK Network မှ ထွက်လာသော Layer2 token များသည် Peerplays DEX တွင် ချရောင်း နိုင်မည်ကတော့ အသေအချာပင် ဖြစ်ပါသည်။

ထို့ကြောင့် SPK Network အသက်ဝင်လာလျင် ကျွန်တော်တို့၏ အဆွယ်အပွား Hive Engine token များ၏ ရှေ့ရေးက မသေမချာ မရေမရာ ဖြစ်လာမည်ကတော့ သေချာနေပါသည်။

နည်းပညာ အပြောင်းအလည်း တွင် လိုက်ပါမပြောင်းလည်း နိုင်သူတိုက ပြတ်ကျန်ခဲ့မည်မှာသေချာပါသည်။ Hive Community ၏ ရှေ့ရေးမှာ Hive Platform အား ယခင် Steemit ကဲ့သို့ စာရေးခြင်း သက်သက် ( Blogging) ဖြင့် ရှေ့ဆက်မည် မဟုတ်ပါ။ Blockchain Gaming/ Social Media / E-commerce စသည်ဖြင့် အကောင်ထည်ဖေါ်နေကြပြီ ဖြစ်ပါသည်။

လက်ရှိ Hive Community မှ ရှေ့ဆက်သွားနေသော ပုံစံအားကြည့်ရသည်မှာ " ငါတို့ သည်လို လုပ်ကြမည် သဘောတူပါသလား ... တူပါတယ်'' ဟု ဝိုင်းထောက်ခံကြလျင် ထိုအလုပ်လုပ်မည့် Project team အတွက် Fund ထုတ်ယူကြ ပြီးလျင် အကျိုးအမြတ်အား Hive Community တခုလုံး မျှဝေခံစားကြသည့် ပုံစံဖြစ်ပါသည်။

Hive ဈေးတက်လာပြီး နောက်ပိုင်းတွင် Hive Engine token များ ဈေးကွက် စတင်ကျဆင်းလာသည်ကို သတိပြုမိပါသည်။ အဘယ့်ကြောင့် ဆိုသော် Hive အကောင့်တိုင်းက Hive Power ကိုသာ ပို၍ အာရုံစိုက်လာသည့် သဘော ဖြစ်ပါသည်။

အထူးသဖြင့် Hive Engine ၏ blogging token များ ဖြစ်သော POB နှင့် ASH တို့က ပို၍ သိသာပါသည်။ ASH ဆိုလျင် မသိမသာ ပျောက်ကွယ်နေပြီ ဖြစ်ပါသည်။ ထို့ကြောင့် မိတ်ဆွေတို့ အနေဖြင့် SPK Network ထွက်ပေါ်လာပြီး နောက်ပိုင်းတွင် မိမိတို့ စုထားသော Hive Engine layer 2 token များ အတွက် စဉ်းစားနိုင်ရန် ဖေါ်ပြပေးရခြင်းသာ ဖြစ်ပါသည်။

Hive Engine ဈေးကွက်ပျက်တော့မည်ဟု ဆိုလိုရင်း မဟုတ်ပါ။ ဖြစ်ပျက် နေသော အခြေအနေနှင့် ပြောင်းလည်းနေသော နည်းပညာ များအား မျက်ခြေမပြတ် စေရန်နှင့် မိမိက လက်ဦးမှု ယူထားနိုင်ကြရန် အသိပေးလိုရင်း ဖြစ်ပါသည်။

Cryptocurrency စုခြင်းဟူသည်မှာ သူ့အကြိုက် ကိုယ့်အကြိုက် နှင့် ယုံကြည်ချက်သာ ဖြစ်ပါသည်။ coin / token တခုအား မိမိသဘောကျလျင် မည်သူက မည်သို့ပင် တားနေပါစေ ဝယ်စုမည် ဖြစ်သလို ကိုယ်စု နေသော Token အား အခြားသူများအာ စုကြပါပြောသော်လည်း အခြားသူများက သဘောကျချင်မှ ကျမည် ဖြစ်ပါသည်။ Hive Platform ကတော့ဖြင့် အရှိန်ဖြင့် ရှေ့ဆက်သွားနေပြီ ဖြစ်ပါသည်။ ကျွန်တော်တို့ နောက်ကျနေလျင် ကျန်နေခဲ့မည်သာ ဖြစ်ပါသည်။

PS.. .......SPK Network ၏ LARYNX Mining token Airdrop အား SPK Desktops App တွင် မဟုတ်ပဲ Website တွင် Airdrop ချပေးရန် လုပ်ဆောင် နေကြောင်း ကြားသိရပါသည်။ February လ အစောပိုင်းလောက်တွင် Airdrop Claim လုပ်နိုင်မည် ဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ရပါသည်။

Henry Aung ( Kachin )

06/12/2022 - Thursday - 17;56 Pm



0
0
0.000
24 comments
avatar

အပြောင်းအလဲမှာ လိုက်ပါစီးမျှောကြရမှာပေါ့ အကိုရာ
ကြိုသိထားတော့ ကြိုပြင်ဆင်ထားလို့ရပါတယ် 😁

0
0
0.000
avatar

ဒီလိုပဲပေါ့... ဟိုကွေ့ဟိုတက်နဲ့ လှော် ဒီကွေ့ ဒီတက်နဲ့ လှော်ပေါ့။ !LOL. !PIZZA

0
0
0.000
avatar

Apparently adding herbs to your garbage can makes it smell better.
But I don't have thyme for that rubbish.

@johndieo, I sent you an $LOLZ on behalf of @kachinhenry
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/6)

0
0
0.000
avatar

မည်သို့ပင်ဆိုစေ အစ်ကိုရဲ့ အတွေးအမြင်ကြောင့် ရှာဖွေစုဆောင်း လုပ်ဆောင်နေသောသူများအတွက် သိထားရမည့် အကြောင်းအချက်ပဲ ဖြစ်ပါသည်။ တန်ဖိုးရှိသော အယူအဆလေးတစ်ခုဖြစ်တဲ့အတွက် မှတ်သားထားပါ့မယ်။SPK Network နဲ့ Hive engine ရဲ့ လိုက်ပါစီးမျော နိုင်မှုကို သတိထားစောင့်ကြည့်ရမှာပေါ့။Airdrop အတွက် ဝမ်းသာရပါတယ်အစ်ကို။!PIZZA

0
0
0.000
avatar

အများကလည်း စောင့်ကြည့်နေကြတယ်။ !LOL. !PIZZA

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
kachinhenry tipped johndieo (x1)
kachinhenry tipped myanmarkoko (x1)
myanmarkoko tipped kachinhenry (x1)
kachinhenry tipped callmemaungthan (x1)
kachinhenry tipped htwegyi (x1)
kachinhenry tipped yuzana (x1)
naythan tipped kachinhenry (x1)
uthantzin tipped kachinhenry (x1)
htwegyi tipped kachinhenry (x1)
kachinhenry tipped sheinthu (x1)
sheinthu tipped kachinhenry (x1)
@kachinhenry(8/15) tipped @naythan (x1)
kachinhenry tipped uthantzin (x1)

Learn more at https://hive.pizza.

0
0
0.000
avatar

ဗဟုသုတ ရပါတယ်ဗျာ
ကျွန်တော်တို့လည်း hive power သာအဓိကထားပါတယ် ကျန်တဲ့တုံကင်တွေ အာယုံမရပါ။

0
0
0.000
avatar

Hive Blockchain အတွက်တော့ Hive Power သာ အရေးကြီးဆုံးပါ။ !PIZZA.

0
0
0.000
avatar

Spk Airdrop က Hive နဲ့ Hive Power ကိုင်ထားသူတွေကို
အဓိကချပေးသွားမှာလားဗျ။ အဲ့လိုချပေးမယ်လို့ ဖက်မိလိုက်တယ်။
Hive Engine ရှေ့ရေးကတော့ ရင်လေးစရာပေါ့ ဆာဟင်။

!PIZZA

!LOL

0
0
0.000
avatar

ဟုတ်ပါတယ်။ SPK Network ကော Ragnarok ကော Hive / Hive Power ရှိထားသူတွေကိုသာ Airdrop ချပေးမှာပါ။ !PIZZA

0
0
0.000
avatar

မသိဘူး ဟိုက်အင်ဂျင်က တိုကင်တွေ တဝက်ဆီ သွားထုတ်ထားတော့မယ်။
!PIZZA
!LOL

0
0
0.000
avatar

ကိုဟင်ကတော့ အချို့ တဝက်ကို ထုတ်ထားဖို့ လုပ်နေပြီ။ !PIZZA

0
0
0.000
avatar

ကျနော်ထင်တာတော့ hive ကြောင့် သူ့အစွယ်အပွားတွေအပေါ်သက်ရောက်မူဟာ ရိုက်ခက်မူကြီးကြီးမားမားမဖြစ်နိုင်လောက်ဘူး။ ဖြစ်လာခဲ့ရင်တောင် hiveကသာလိုက် အလားအလာရှိတဲ့ tokensလေးတွေက နိမ့်လိုက်မြင့်လိုက်နဲ့ အရမ်းကြီးမကွာဟတဲ့နေရာကနေ စောင့်ခေါ်မယ်ထင်မိတယ်။ကျနော့စိတ်ထဲက hive-engine မှာ အဲ့အတွက် တစ်ခုတော့ ပြင်ဆင်ထားမယ်လို့လည်းထင်မိတယ်။!PIZZA !LOL

0
0
0.000
avatar

အေးပေါ့။ Hive platform ကြီးကြီးမားမား ပြောင်းလည်း လာရင် သူလည်း တခုခု တော့ လုပ်ရမှာပေါ့။ !PIZZA

0
0
0.000
avatar

Hive power ပဲ ကြိုးစားစုနေမိတာ ဟိုတစ်နေ့က အကိုဟင် post မှာ Hive Engine ကနေတလ $200 နီး ပါး၀င်ငွေရတယ်ဆိုလို့ အံ့သြမိသေးတယ်။ ကျနော် ရိုးရိုး tag ကနေရတဲ့ Token က ၇လကို $ 70 ၀န်းကျင်ပဲရတာ။ အကိုဟင် ဘယ်လို ရှာလိုက်ပါလိမ့်ပေါ့ ။ !LOLZ !PIZZA

0
0
0.000
avatar

အစ်ကိုက Leo token ကြောင့်မို့ပါ။ Leofinance ကို Delegate လုပ်ထားတော့ တလကို Leo 1000 လောက်ပြန်ရနေလို့ပါ။ !PIZZA

0
0
0.000
avatar

သတင်းလေးတွေသိရတာ ကျေးဇူးတင်ပါတယ်အကို
အခု HBD ကိုလဲ Stablecoin ဖြစ်အောင် ကြိုးစားနေတယ်လို့ leo founder ကပြောနေတယ်
10 Stablecoins ထဲဝင်သွားရင်တော့ အပြင်ကနေ စိတ်ဝင်စားမှု့ပိုမြင့်ပြီး စျေးတတ်နိုင်မယ် ထင်တယ်အကို

!PIZZA
!LOLZ
!LUV

0
0
0.000
avatar

I went to the doctors to see him about my memory loss.
But I forgot to mention it to him.

@kachinhenry, I sent you an $LOLZ on behalf of @naythan
Use the !LOL or !LOLZ command to share a joke and an $LOLZ. (8/10)

0
0
0.000
avatar

HDB stable coin ဖြစ်ဖို့ ကြိုးစားတာ မှန်ပေမယ့် ပြင်ပဈေးကွက် ပေါက်ဖို့ အတော်ကြိုးစားရအုံးမှာ။ ဘာဖြစ်လို့ဆိုတော့ ပြင်ပမှာ လည်ပတ်ဖို့ အတွက် လုံလောက်မှု မရှိသေးလို့ပါပဲ။ !PIZZA

0
0
0.000
avatar

ကျတော်ဖြင့် ဟိုက်အင်ဂျင်ကို တပါတ်မှ တစ်ခါလောက်ဝင်ကြည့်ဖြစ်တာ တိုကင်တွေရထားတာလဲ သေချာတွက်ချက်ပီး စုမထားဖြစ်ဘူး ဟိုက်ပါဝါကိုသာ အဓိကထားစုနေမိတာ။ ကိုဟင့် တင်ပြချက်ကိုတွေ့မှ သတိထားမိတယ်။ အာ့ကြောင့် လီဒါကြီးကို အားကိုးတာ :D !PIZZA

0
0
0.000
avatar

ကိုဟင်ပြောပြလို့ သတိထားမိတယ် ။ ဟိုက်ပါဝါကိုစုဘို့သာ စိတ်ကသန်နေတာ။ !LUV

0
0
0.000