Hive Platform အားရွေးချယ်ခြင်း ( Henry Aung )

avatar

111.jpeg

မင်္ဂလာပါ။ ယခုတလော Hive ဈေးတက်လာသည့် အပျော်များ မကုန်သေးသောကြောင့် Hive အကြောင်းသာ ဆက်၍ ရေးပါအုံးမည်။ သည်းခံ၍သာ ဖတ်ကြပါကုန်။ ယခုတလော မိတ်ဆွေတို့သတိထားမိပါလိမ့်မည် မိမိ Vote ပေးလျင် ယခင်ကထက် vote value တက်လာသည့်အကြောင်း ။

ဆိုလိုသည်မှာ ယခင်က မိမိ Vote သည် 0.1 သာ ရသည်ဆိုလျင် ယခု 0.3 လောက်တက်လာပါလိမ့်မည်။ ဤသည်မှာ Internal market တွင် Hive ဈေး တဖြည်းဖြည်းတက်လာသည့် သဘောဖြစ်ပါသည်။

ယခု ပြင်ပတွင် Hive ဈေး 2.3$ ရှိနေသော်လည်း Hive Blockchain ၏ internal market တွင် hive ဈေးမှာ 1.8$ သာ ရှိပါသေးသည်။ မနက်ဖြန်လောက်ဆိုလျင်တော့ 2$ လောက်ရှိပါလိမ့်မည်။ ဤ Hive Internal market အကြောင်းရေးရလျင် ဆောင်းပါးတပုဒ် စာရှိသည့် အတွက် ပြင်ပ Hive ဈေးအကြောင်းသာ ဆက်ကြပါအုံးစို့။

ယမန်နေ့က ကျွန်တော်ရေးသားခဲ့သော ဆောင်းပါးတွင် Power Down ၍ အကျိုးအမြတ်ယူထားကြရန် သတိပေး ရေးသားခဲ့သော်လည်း မိတ်ဆွေ အတော်များများကတော့ အသီး သာခူးစားမည် ပင်စည်တော့ အဖဲ့မခံနိုင် ဟူသော သဘောထားကို တွေ့ခဲ့ရပါသည်။

ဆိုလိုသည်မှာ Hive Power အား အမှီပြု၍ ရရှိလာသော အသီးအပွင့် ဖြစ်သည့် အပို Hive များအား ရောင်းစားမည် Power တော့ မ Down နိုင်ပါဟူသည့် သဘော ဖြစ်ပါသည်။ မှန်ပါသည်။ ကျွန်တော်အပါ အဝင် ကျွန်တော့ မိတ်ဆွေ အတော်များများသည် Power Down ရန် စိတ်မဝင်စားကြတော့ပါ။

ဟိုယခင် Steemit ကာလတွင်တော့ Power Down မလုပ်ကြပါရန် Power Up ကြပါရန် တောင်းတောင်းပန်ပန် တိုက်တွန်းခဲ့ရသလို စည်းမျဉ်း စည်းကမ်း များဖြင့်လည်း ထိန်းချုပ်ခဲ့ရပါသည်။ ယခု တော့ Power Down ၍ အကျိုးအမြတ် ထုတ်ယူကြပါ ပြောသည့်တိုင် မည်သူမှ ပင်စည်အား ခုတ်ထစ်ရန် စိတ်မဝင်စားကြတော့ပါ။

အဘယ့်ကြောင့် ဆိုတော် ကျွန်တော့ မိတ်ဆွေများ Hive Power ၏ သဘောတရားများအား သေချာနားလည် လာသည့်အတွက်ကြောင့်သာ ဖြစ်ပါသည်။

Power များလာလေလေ အသီးအပွင့် များလာလေလေ ဟူသော ပုံသေနည်းအား သဘောပေါက်လာသည့် အပြင် ကျွန်တော်တို့ Hive Platform အား မျှော်လင့်ထားသည်မှာ 2$ / $3 ဟူသော ဈေးမျိုး မဟုတ်ပါ။ ထိုထက်မက အများကြီး မျှော်လင့်ထားသည်ကတော့ သေချာပါသည်။

ကျွန်တော့ မိတ်ဆွေများနည်းတူ Hive Account အတော်များများကလည်း Power Down ရန် စိတ်မဝင်စားကြပါ။ Power Down ခြင်းထက် မိမိ Hive Engine token များအား ဈေးကွက်ပို့၍ Hive ပြောင်းယူရန် သာပို၍ စိတ်ဝင်စားသည်ကို တွေ့ရပါသည်။ ဤသည်က လက်ရှိ Hive ဈေးတက်လာခြင်းနှင့် အတူ တွေ့မြင်နေရသည့် အရာများ ဖြစ်ပါသည်။

Hive Platform ၏ အနာဂတ်သည် အတော်လေးတောက်ပ နေပါသည်။ ကျွန်တော့ အနေဖြင့် အဘယ့်ကြောင့် ဤသို့ ပြောနိုင်ရသနည်း ဆိုသော် ၂၀၂၂ တွင် Hive Blockchain ဖြင့် လက်တွဲ ဆောင်ရွက်လိုသော Project အတော်များများ ရှိနေသည်ကို သိထား၍ ဖြစ်ပါသည်။

ထို Project များထဲမှ Spark ဟူသော Project သည် January 6 / 2022 တွင် Hive Power ရှိထားသူတိုင်းအား သူတို့၏ token အသစ် ဖြစ်သည့် SPK - 1:1 Airdrop ချပေးမည်ဟု ကြေညာထားသည်ကို တွေ့ခဲ့ရပါသည်။ ( ဤ Spark project အကြောင်း အလျဉ်သင့်လျင် အကျယ်တဝင့် တင်ပြပေးပါမည် )

ဤသို့ဆိုလျင် ယခု Hive ဈေးတက်လာခြင်းသည် အကြောင်း ၂ မျိုးကြောင်း ဖြစ်နိုင်ပါသည်။ ပထမ အကြောင်း အရင်းမှာ Hive အား ရင်းနှီးထားရုံမျှဖြင့် SPK အလကား ရနိုင်မည် ဖြစ်သောကြောင့် Hive အဝယ်တက်လာကာ ဈေးတက်လာခြင်း ဖြစ်ပါသည်။

ဒုတိယအကြောင်းမှာ မိတ်ဆွေတို့အားလုံး သိပြီးဖြစ်သည့် အတိုင်း ယခုတကြိမ် Hive ဈေးမှာ ကိုရီးယာတို့ ဆွဲတင် သည်ဆိုသည့် အကြောင်း ။ ပြီးခဲ့သည့် ရက်များ တွင် Hive ဝယ်ရောင်းသည် ၂ ဘီလီယံ ဒေါ်လာအထိ ရှိခဲ့ပါသည်။ အဘယ့်ကြောင့် ကိုးရီးယားတို့ Hive အားဆွဲတင်ကြသနည်း ။

သူတို့အတွက် မည်သို့သော အကျိုးအမြတ်ရနိုင်ပါသနည်း။ အဘယ့်ကြောင့် သူတို့ ရင်းနှီးမြုပ်နှံမှု ကြီးကြီးမားမားလုပ်ထားသော Steem အား ဆွဲမတင်ပဲ Hive အားဆွဲတင်ကြသနည်း။ မနက်ဖြန် တင်မည့် ဆောင်းပါးတွင် အပြည့် အစုံဖေါ်ပြပေးပါမည်။

( ယနေ့တော့ မီးပျက်နေ၍ ဤမျှသာ.. ကြင်စိုးအားသာ မေတ္တာပို့ပါလေ..)

Henry Aung ( Kachin )

27/11/2021 - Saturday - 18;10 Pm



0
0
0.000
31 comments
avatar

ဈေးတတ်တာ ပျော်ရပေမယ့် Rewards အတော် လျော့ရတာတော့ နှမြောမိ၊ ကိုယ်တွေက Power စုနေသူ ဆိုတော့ကာ

0
0
0.000
avatar

အဲဒီတခုကတော့ လူသစ်တွေအတွက် အတော်လေး သက်ရောက်မှုရှိတယ်။ Power စုရတာ ခက်သွားပြီ။. !PIZZA

0
0
0.000
avatar

Hive engine token တွေကို ဝင်မကြည့်ဖြစ်ဘူးဆာဟင်

0
0
0.000
avatar

ဝင်ကြည့်လိုက်ပါ.... အချို့တွေက Airdrop ရတာတွေရှိတယ်.... !PIZZA. !LOL

0
0
0.000
avatar

ဟင်း ကောင်းခန်းရောက်မှ မီးပျက်သကွာ
နှမပေး ကြင်စိုး ဒင်းကြောင့်။
!PIZZA
!LOLZ

0
0
0.000
avatar

I left my last girlfriend because she wouldn’t stop counting.
I wonder what she’s up to now.

@kachinhenry, I sent you an $LOLZ on behalf of @htwegyi
Use the !LOL or !LOLZ command to share a joke and an $LOLZ. (7/8)

0
0
0.000
avatar

ကြင်စိုး... အတော်ဒုက္ခပေး..!PIZZA. !LUV. !LOL

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
kachinhenry tipped naythan (x1)
kachinhenry tipped nyimwa (x1)
donjaun tipped kachinhenry (x1)
kachinhenry tipped htwegyi (x1)
kachinhenry tipped ansoe (x1)
htwegyi tipped kachinhenry (x1)
uthantzin tipped kachinhenry (x1)
kachinhenry tipped donjaun (x1)
kachinhenry tipped hive.phyowinkoko (x1)
@sheinthu(9/10) tipped @kachinhenry (x2)
kachinhenry tipped uthantzin (x1)
naythan tipped kachinhenry (x1)
kachinhenry tipped golden.future (x1)

Learn more at https://hive.pizza.

0
0
0.000
avatar

ဇာတ်အရှိန်တန့်။!PIZZA

0
0
0.000
avatar

ကြင်စိုး လုပ်တာလို့...

0
0
0.000
avatar

အဲ့ကြင်စိုးကလည်း တမှောက်😁။!PIZZA

0
0
0.000
avatar

မနက်ဖြန်တော့ ကောင်းပြီ။စောင့်မျှော်နေပါ့မယ်။!PIZZA

0
0
0.000
avatar

သိလိုတာတွေကြည့်ပဲ ပြောသွားတော့ အထူးကျေးဇူးဗျ။ ကောင်းခန်းရောက်ရင် ကြင်စိုးက တရားခံဖြစ်ဖြစ်နေတယ် အဲခွေးကောင်ကလဲ သေမသေနိုင်ဘူး။ !LOLZ

0
0
0.000
avatar

ကံကောင်းလို့ ဒီနေ့တော့ မီးမပျက်ဘူး..!LOL. !LUV. !PIZZA

0
0
0.000
avatar

စိတ်ဝင်စား ပြီလေ
!PIZZA

0
0
0.000
avatar

ပိုက်ဆံ.... ပိုက်ဆံ .... စိတ်ဝင်စားရမယ်လေ.!PIZZA. !LUV. !LOL

0
0
0.000
avatar

ပါဝါကတော့ မဒေါင်းတော့ဘူးအကိုရေ
အကိုပြောသလို အလကားရလာတဲ့ တိုင်ကင်လေးတွေပဲ ရောင်းတော့မယ်
!PIZZA
!LOLZ

0
0
0.000
avatar

အဲတာ အကောင်းဆုံးပဲ.. အစ်ကိုလည်း အဲသလိုပဲ တွေးထားတယ်...!PIZZA. !LUV. !LOL

0
0
0.000
avatar

အစ်ကို ​ပြောတဲ့ spark airdrop က hive power ကို delegate လုပ်ထားရင်​ရော ရမှာလား

0
0
0.000
avatar

အစ်ကို့ အထင်တော့ Hive power ရှိသလောက် ဆိုတော့ ... Delegate လုပ်ထားလည်း ကိစ္စမရှိဘူးလို့ ထင်ပါတယ်။ ဒါပေသိ ညီ သံသယရှိရင် အဲဒီ ရက်အတောတွင် ခဏလေး undelegate လုပ်ထားပေါ့။. !PIZZA. !LUV. !LOL

0
0
0.000