Hive ဈေးအတက်ဖြင့် အဆင်ပြေကြစေရန် ( Henry Aung )

avatar

111.jpeg

မင်္ဂလာပါ။ ကျွန်တော်တို့၏ ဇတ်လိုက် Hive ကတော့ ယခု ဤဆောင်းပါးရေးနေချိန်တွင် USD $2.6 ဝန်းကျင်တွင် ဈေးငြိမ်နေပြီ ဖြစ်ပါသည်။ ဤ Hive ဈေးတက်လာခြင်းနှင့်ပတ်သက်၍ အမျိုးမျိုးဝေဖန်သံများကြားနေရပါသည်။

ယခင်ကတော့ Hive အားဆွဲတင်လိုက် $1 ကျော်ကျော် ဝန်းကျင်တွင် ဈေးကစားလိုက်ရှိနေရာမှ ယနေ့နံနက်ကတော့ $3.4 အထိရောက်အောင် ထိုးတက်သွားခဲ့ပါသည်။

ဤ Hive ဈေးတက်လာခြင်းနှင့်ပတ်သက်၍ ကျွန်တော့ သတိထားမိသည်မှာ အချို့ Hive Liquid ကိုင်ထားသူများက Hive သည် ဤ နှစ်မကုန်ခင် အထိ $3 သို့ မရောက်နိုင်ဟူ၍ ယူဆထားကြပါသည်။ ကျွန်တော်ကိုယ်တိုင်းလည်း Hive အနေဖြင့် December လကုန်အထိ အမြှင့်ဆုံး ဈေး အနေဖြင့် 2$ ဝန်းကျင်တွင်သာ ရှိလိမ့်မည်ဟု ထင်ထားခဲ့ပါသည်။

ဤသို့ဖြင့် Hive သည် 1$ မှ 2$ ကျော်လာသော အခါ အလျင်အမြန် ဈေးကွက်သို့ တွန်းပို့ကြပါတော့သည်။ အချို့ Hive Liquid မကိုင်ထားသူများကလည်း မိမိတွင် ရှိထားသော Hive Engine token များအား ဈေးကွက်သို့ ရသမျှဈေးဖြင့် တွန်းပို့ကာ Hive ပြန်ဖေါ်ယူကြပါတော့သည်။ အကျိုးဆက်အနေဖြင့် HE token များ ဈေးထိုးကျကုန်ပါတော့သည်။

Hive တန်ဖိုးတက်လာ၍သာ Wallet Value များ မသိသာသော်လည်း Token တခုချင်းစီ၏ ဈေးများမှာ ဝယ်လိုအားထက် ရောင်းလိုအား ပိုများနေသည်ကို သတိထားမိကြပါလိမ့်မည်။ အချို့ကလည်း ဤ Hive ဈေးအတက်တွင် ငွေဖေါ်ရန် ယခုမှ Power Down နေကြသည်ဖြစ်ရာ နောက် တပတ်ဆိုလျင် Hive ဈေးသည် အကျဘက်သို့ရှိလိမ့်မည်ဟု ထင်ပါသည်။

သို့သော် မျှော်လင့်စရာရှိသည်မှာ Hive သည် 3$ ဈေးသို့ ရောက်ထားဘူးပြီး ဖြစ်ရာ အချို့ကလည်း နောက်တခါ $3 အရောက်ကို စောင့်ကြလိမ့်မည်ဟု ထင်ပါသည်။ သို့သော် တခု စဉ်းစားစရာရှိသည်မှာ Hive Power သည်မည်မျှ အရေးကြီးကြောင်း Hive Platform ပေါ်ရှိ Community Member တိုင်း သဘောပေါက်ကြပါသည်။

Hive ၏ ရှေ့ရေးသည် မည်သို့ တောက်ပနေကြောင်း အားလုံးအသိပင် ဖြစ်ပါသည်။ ထို့ကြောင့် Hive Power ကိုင်ထားသူတိုင်း Power Down လိမ့်မည်တော့ မဟုတ်ပါ။ Power Down ထားလျင်တောင် သူလိုချင်သော ဈေးတခုအား စောင့်လိမ့်မည်ဟု ထင်ပါသည်။ ထို့ကြောင့် ဈေးကွက်အတွင်းသို့ Hive ဗုံးဘောလအော ရောက်လာစရာတော့ မမြင်မိပါ။

အခြား ဖေါ်ပြလိုသော အရာတခုမှာ လက်ရှိ အချိန် Hive ဈေးသည် မြန်မာငွေဖြင့် 1 Hive = 4700 MMK ဈေးပေါက်နေပါသည်။ ယခင်အချိန်များက Hive 100 ရောင်းလျင် မြန်မာငွေ ၁ သိန်း မရနိုင်သော်လည်း ယခု Hive 100 လျင် မြန်မာငွေ ၄ သိန်းကျော်ရနိုင်ပြီ ဖြစ်ပါသည်။

မိမိတို့ အနေဖြင့် ဤ Hive Platform ဖြင့် ရေရှည် စခန်းသွားလိုလျင် Phone / computer ကောင်းကောင်း လိုအပ်ပါသည်။ ထို့ကြောင့် Hive 200 ခန့် ရောင်းလိုက်လျင်ဖြင့် မိတ်ဆွေတို့ အတွက် စမတ်ဖုန်း ကောင်းကောင်း သို့မဟုတ် အတော်အသင့် ကောင်းသော Computer တလုံးတော့ ရနိုင်လိမ့်မည်ဟုထင်ပါသည်။

ထို့ကြောင့် မိတ်ဆွေတို့ Power Down ဖို့ လိုအပ်လျင် Power Down ယူနိုင်ပါသည်။ အချို့က " ကိုဟင်က Power up ဖို့ပဲ ပြောနေတာ Power Down ရမှာ အားနာစရာ " ဟုထင်ကောင်း ထင်ပါလိမ့်မည်။ ကိစ္စမရှိပါ။ တခါတရံ အခွင့်အရေးသည် မိမိထံသို့ နှစ်ခေါက် ရောက်လာလေ့မရှိပါ။

ကျွန်တော်တို့ အနေဖြင့် သစ်ပင် ခုတ်ရန် လည်လိုသလို ပုဆိန် သွေးရန်လည်း လိုပါသည်။ အကောင်းဆုံးမှာ ပုဆိန် ကောင်းကောင်း တလက်ပိုင်ဆိုင်ထားလျင်ဖြင့် ပို၍ အဆင်ပြေပါသည်။

မိတ်ဆွေတို့ အနေဖြင့် အသုံးလို၍ Power Down ရသော်လည်း နေ့စဉ် post ပုံမှန် တင်နိုင်ပါသည်။ Ecency point ဖြင့်လည်း Boost လုပ်နိုင်ပါသည်။ ကျွန်တော့ အနေဖြင့်လည်း တတ်နိုင်သလောက် Vote ပေးပါမည်။Power Down ထားခြင်း၏ အားနည်းချက်မှာ အခြားသူများက မိမိ Post အား Vote ပေးနိုင်သော်လည်း မိမိက အခြားသူများအား Vote မပေးနိုင်ခြင်း တခုသာဖြစ်ပါသည်။

ကျွန်တော့အနေဖြင့်ကတော့ Hive သည် တာထွက်ခဲ့ပြီဟု ယူဆမိပါသည်။ ၂၀၂၂ တွင် Hive သည် ပြေးလမ်းပေါ်၌ အခြား cryptocurrency များအား ကျော်ဖြတ် တက်နိုင်မည်လား သို့မဟုတ် ဖြည်းဖြည်း မှန်မှန်သာ ဆက်သွားနေမည်လား စောင့်ကြည့်ရတော့မည် ဖြစ်ပါသည်။

Henry Aung ( Kachin )

26/11/2021 - Friday - 17;46 Pm



0
0
0.000
29 comments
avatar

Hive ကမရှိ hive-engine ကတိုကင်တွေက စျေးကျဆိုတော့
ဘယ်လိုလုပ်ရမလဲ မသိတော့ပါဘူး အကို
!PIZZA
!LOLZ

0
0
0.000
avatar

ဟုပါ့။ Hive Engine token တွေ ရောင်းရက်စရာမရှိဘူး။. !PIZZA. !LUV. !LOL

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
@kachinhenry(9/20) tipped @naythan (x1)
golden.future tipped kachinhenry (x1)
kachinhenry tipped donjaun (x1)
uthantzin tipped kachinhenry (x1)
kachinhenry tipped golden.future (x1)
htwegyi tipped kachinhenry (x1)
donjaun tipped kachinhenry (x1)
kachinhenry tipped htwegyi (x1)
kachinhenry tipped mamamyanmar (x1)
kachinhenry tipped ansoe (x1)
myanmarkoko tipped kachinhenry (x1)
kachinhenry tipped myanmarkoko (x1)
kachinhenry tipped nweoomon (x1)
naythan tipped kachinhenry (x1)
kachinhenry tipped uthantzin (x1)

Learn more at https://hive.pizza.

0
0
0.000
avatar

အသုံးမလိုသေးရင်တော့ စောင့်နိုင်လျှင် စောင့်နိုင်သလောက် အကျိုးရှိမည်ဟုထင်ပါသည်။

0
0
0.000
avatar

အမှန်ပါပဲ။ စောင့်နိုင်ရင်တော့ အကျိုးများပါလိမ့်မယ်။ !PIZZA. !LUV

0
0
0.000
avatar

စိတ်ဝင်စားစရာကောင်းသော Hive စျေးနှုန်း နှင့်အတူ Hive platform ပေါ်တွင် 2022 အားရင်ခုန်စွာ စောင့်မျှော်နေလျှက်ပါ...!PIZZA

0
0
0.000
avatar

၂၀၂၂ ကတော့ Hive ကနေ အောင်မြင်ခြင်းတွေယူ ဆောင်လာပေးပါလိမ့်မယ်။. !LUV. !PIZZA. !LOL

0
0
0.000
avatar

တာမထွက်ခင်ကတည်းက ‌ခြေခေါက်လဲနေတော့ကာ

0
0
0.000
avatar

ခြေခေါက်လဲ နေလည်း ပြန်ထပြေးရတာပါ့။ အဓိက ပြေးလမ်းပေါ်ရောက်နေဖို့လိုတယ်။!LOL. !PIZZA. !LUV

0
0
0.000
avatar

ပြားဘဝက လွတ်နေရင်ကို ပျော်လှပါပြီ။

!PIZZA

0
0
0.000
avatar

အခုတော့ လွှတ်သွားပြီလို့ ထင်ပါတယ်။ Cryptocurrency ကပြောရတော့ခက်သား ။ $10 လောက် လွတ်လွတ်ကျွတ်ကျွတ် ဖြစ်သွားရင်တော့ တမျိုးပေါ့။. !PIZZA. !LUV

0
0
0.000
avatar

နှစ်ကုန်နီးရင် coin တေစျေးအတက်ဘက်များတာမို့ hive လည်း ဒိထက်တက်နိုင်ခြေ ရှိတယ်လို့ ယူဆမိပါတယ်

0
0
0.000
avatar

ကျွန်တော်လည်း အဲသလိုပဲ မျှော်လင့်မိပါတယ်။. !LUV. !LOL. !PIZZA

0
0
0.000
avatar

ပါဝါတော့ မဒေါင်းပါဘူး၊
Hiveအစွန်းထွက်လေးတွေတော့ အနည်းငယ် ရောင်းကြည့်ချင်သေးပ။
!PIZZA
!LOLZ

0
0
0.000
avatar

အသီးအပွင့်လေးတွေခူး စားတော့မယ်ပေါ့။. !LOL. !LUV. !PIZZA

0
0
0.000
avatar

let dance and drink
တွေ ဘာတွေ လုပ်လို့ရပြီ။
တော်လှန်ရေး အပြီး၊ စျေးလည်း အတက်
!PIZZA

0
0
0.000
avatar

လာမယ်လေ.... Chevas နဲ့ ဆေးပြင်းလိပ်နဲ့. !PIZZA. !LUV. !LOL

0
0
0.000
avatar

I received straight Ds in all my biology classes in college
I guess I’m bio-D-grade-able

@donjaun, I sent you an $LOLZ on behalf of @kachinhenry
Use the !LOL or !LOLZ command to share a joke and an $LOLZ. (2/4)

0
0
0.000
avatar

Power တော့ မဒေါင်းရက်ဘူး ဆာဟင်ရေ...
အစွယ်အပွားလေးတွေတော့ ရောင်းစားမိတယ်။ 😅

!PIZZA

0
0
0.000
avatar

အကောင်းဆုံးပါပဲ။ အဆင်ပြေပါစေ.. !PIZZA. !LOL. !LUV

0
0
0.000