Airdrop သတင်းကောင်း ( Henry Aung )

avatar

111.jpeg

မင်္ဂလာပါ။ ယနေ့ကတော့ မိတ်ဆွေတို့ အတွက် Hive Engine မှ Airdrop တခုအကြောင်း ဖေါ်ပြပေးပါမည်။ ထိုAirdrop မှာ Writer token ခေါ် ( WIT ) ဖြစ်ပါသည်။ မည်ကဲ့သို့ Airdrop ရနိုင်မည့် အကြောင်း အသေးစိတ်ဖေါ်ပြပေးပါမည်။

ဤ WIT မှာ Hive Platform ပေါ်တွင် ကျွန်တော်တို့ ကဲ့သို့ Blogging လုပ် စာရေးသားရင်း ဝင်ငွေရှာဖွေနေသူများ အတွက် အဓိကထား ထုတ်လုပ်ထားခြင်း ဖြစ်ပါသည်။ ထုတ်လုပ်ထားသော token ပမာဏမှာ WIT ၁၀ သန်းသာ ရှိပါသေးသည်။

WIT airdrop ရနိုင်သည့် နည်းလမ်းမှာ Creative Coin ( CCC ) အား @cccf သို့ Delegate လုပ်ထားသူတိုင်း ၁:၁ WIT ရရှိနိုင်မည် ဖြစ်ပါသည်။ Creative Coin အား မိတ်ဆွေတို့ နှင့် အထူးမိတ်ဆက်ပေးစရာ လိုမည်တော့ မထင်ပါ။ ကျွန်တော်တို့ နေ့စဉ် Post များတွင် Tag တွဲ နေကျဖြစ်ပါသည်။

Creative Coin ၏ အသုံးဝင်ပုံအား ကျွန်တော်၏ ယခင် post များတွင် ဖေါ်ပြပေးခဲ့ပြီး ဖြစ်ပါသည်။ CCC stacking လုပ်ထားခြင်း နှင့် Delegate လုပ်ထားခြင်း တို့ အတွင် အပတ်စဉ် Reward များ ပြန်လည်ရရှိပါသည်။

အကယ်၍ မိတ်ဆွေအနေဖြင့် 10000 CCC အား @cccf သို့ delegate လုပ်ထားလျင် အပတ်စဉ် 55.770 CCC ရရှိနိုင်မည် ဖြစ်ပါသည်။ ယခု အသစ် ထွက်လာမည် ဖြစ်သော WIT airdrop ပြီးသွားလျင် မိတ်ဆွေအနေဖြင့် 10000 CCC delegate လုပ်ထားရုံမျှဖြင့် token သုံးမျိုးရနိုင်မည် ဖြစ်ပါသည်။ ဥပမာပြပါမည်။

မိတ်ဆွေ အနေဖြင့် 10000 CCC အား @cccf သို့ delegate လုပ်ထားသည်ဆိုပါစို့။ မိတ်ဆွေအနေဖြင့် အပတ်စဉ် 55.770 CCC နှင့် 55.770 WIT ရရှိ နိုင်မည် ဖြစ်ပါသည်။ အကယ်၍ မိတ်ဆွေ ၁:၁ Airdrop ကြောင့် ရရှိထားသော 10000 WIT အား ရောင်းမပြစ်ပဲ Stacking လုပ်ထားမည် ဆိုပါက stacking reward အဖြစ် တပတ်လျင် 55.770 CCC ထပ်မံရရှိမည် ဖြစ်ပါသည်။ ဤသို့ ဆိုလျင်ဖြင့် မည်မျှ ကောင်းသော Airdrop ဖြစ်ပါသနည်း။

ဤ Airdrop တွင်တခုသတိထားရမည်မှာ CCC အား Stacking လုပ်ထားရုံဖြင့် Airdrop မရနိုင်ပါ။ Stacking လုပ်ထားသော CCC များအား @cccf သို့ Delegate လုပ်ထားမှသာလျင် Airdrop ရနိုင်မည် ဖြစ်ပါသည်။ December 31 ရက်နေ့ည တွင် မိမိတို့ Hive Engine account အား Snapshot ရယူ ကာ ၂၄ နာရီအတွင်း WIT 1:1 airdrop ချပေးမည် ဖြစ်ကါသည်။

ဆိုတော့ မိတ်တွေတို့ အနေဖြင့် CCC အား Hive Engine တွင် ဝယ်ယူနိုင်ပါသည်။ လွန်ခဲ့သော ၄ နာရီခန့်က CCC team မှ တင်လိုက်သော ဤ Airdrop post ကြောင့် CCC များ ဈေးတက်စပြုနေပြီ ဖြစ်ပါသည်။ ယနေ့ Hive ပေါက်ဈေး ၃၁၀၀ ကျပ်ဖြင့် တွက်လျင်ပင် 1CCC အား ၁၀ ကျပ်ကျော် ဈေးပေါက်နေပြီ ဖြစ်ပါသည်။ အသေးစိတ်အား ဤ နေရာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://peakd.com/@cccf/creative-coin-fund-investor-report-token-airdrop-to-delegators

Henry Aung ( Kachin )

28/12/2021 - Tuesday - 18;30 Pm



0
0
0.000
61 comments
avatar

သတင်းကောင်းပါးလို့ ကျေးဇူးပါဗျာ။
!PIZZA

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
naythan tipped kachinhenry (x1)
kachinhenry tipped nyinyiwin (x1)
htwegyi tipped kachinhenry (x1)
kachinhenry tipped sayalu (x1)
kachinhenry tipped callmemaungthan (x1)
kachinhenry tipped nayhlaingsoe (x1)
kachinhenry tipped golden.future (x1)
@kachinhenry(15/15) tipped @htwegyi (x1)
kachinhenry tipped myothuzar (x1)
kachinhenry tipped nweoomon (x1)
nyinyiwin tipped kachinhenry (x1)
nyimwa tipped kachinhenry (x1)
kachinhenry tipped nyimwa (x1)
golden.future tipped kachinhenry (x1)
kachinhenry tipped yuzana (x1)
kachinhenry tipped cccf (x1)
kachinhenry tipped myanmarkoko (x1)
nayhlaingsoe tipped kachinhenry (x1)
kachinhenry tipped ansoe (x1)
kachinhenry tipped johndieo (x1)
kachinhenry tipped uthantzin (x1)

You can now send $PIZZA tips in Discord via tip.cc!

0
0
0.000
avatar

Good newsပါပဲ !PIZZA !LOLZ

0
0
0.000
avatar

ကျွန်တော်လည်း ဘာမှန်းမသိဘူး အခုနောက်ပိုင်း အဲ​ဒီကွိုင်ကို tag တွဲတင်တာများတယ် သူများတွဲတာမြင်လို့ 😂😂
အခုမှဘဲ ဂဂနန သိတော့တယ် 😁😁ကေျးဇူးပါ

0
0
0.000
avatar

တဆယ်ရရ ငါးကျပ်ရရ ... ယူသာ ထားလိုက် အလကားရတာ။ !PIZZA. !LOL

0
0
0.000
avatar

Did you hear about the new corduroy pillows?
I understand they're really marking headlines.

@yuzana, I sent you an $LOLZ on behalf of @kachinhenry
Use the !LOL or !LOLZ command to share a joke and an $LOLZ. (3/8)

0
0
0.000
avatar

စမ်းလုပ်ကြည့်ရအုံးမယ် 😁

0
0
0.000
avatar

LeoDex ထဲမှာ စမ်းကြည့်ပါ။ !PIZZA. !LOL

0
0
0.000
avatar

ဟုတ် အကို ကျေးဇူးပါခင်ဗျ

0
0
0.000
avatar

Wow တကယ်သတင်းကောင်းပါဗျို့ ။ ပြောပါတယ် Hive ဘလော့ချိန်းကြီးက ပျော်စရာကောင်းလာပါပီဆို။ !LOL !PIZZA

0
0
0.000
avatar

နောက်ထပ် airdrop တခုလည်းရှိသေးတယ်။ !LOL. !PIZZA

0
0
0.000
avatar

သတင်းကောင်းပါ...delegate လုပ်ပြီး airdrop လေးရအောင် ဆောင်ရွက်ပါအုံးမည်။ကျေးဇူးအများကြီးတင်ပါတယ်အစ်ကို...!LOLZ

0
0
0.000
avatar

လှုပ်ရှားလိုက်တော့...!LOL. !PIZZA

0
0
0.000
avatar

သိရှိခွင့်ရလို့ ကျေးဇူးတင်ပါတယ်။

0
0
0.000
avatar

Hive Engine ထဲကော ဝင်ကြည့် ဖြစ်ရဲ့လား..? !LOL. !PIZZA

0
0
0.000
avatar

ကြည့်ဖြစ်ဘူး။ 😁😁

0
0
0.000
avatar

လူသစ်ဆိုတော့ CCC ကိုယ့်စီမှာ ၁၀၀ တောင် မပြည့်ဘူး။ ကြိုးစားရဦးမယ်။

0
0
0.000
avatar

ဖြည်းဖြည်းပေါ့။ Hive platform က နှစ်နဲ့ ချီပြီး လုပ်ဆောင်သွားရမှာ။ !LOL. !PIZZA

0
0
0.000
avatar

I always try to use the word mucho around my Spanish-speaking friends.
It means a lot to them.

@sayalu, I sent you an $LOLZ on behalf of @kachinhenry
Use the !LOL or !LOLZ command to share a joke and an $LOLZ. (8/8)

0
0
0.000
avatar

ကျေးဇူးဆာသင်

0
0
0.000
avatar

5800 ccc လောက်တော့ နဂိုက delegate လုပ်ထားတယ်။၁၀၀၀၀ပြည့်အောင် ထပ်ဖြည့်လိုက်မယ်။

!LOLZ

0
0
0.000
avatar

သတင်းထူးလေးကိုမျှဝေပေးလို့ ကျေးဇူးပါဆာဟင်။
CCC 5000 တော့ရှိတယ်။ လုပ်ကြည့်လိုက်ဦးမယ်ဗျ။

!PIZZA

!LOL

0
0
0.000
avatar

CCC ဈေးကြောင့် အများကြီး ရှုံးဆုံးခဲ့ဖူးတယ် အဲအရှုံးတွေ ခုထိခံရတုန်း !LOLZ !LUV !PIZZA

0
0
0.000
avatar
(Edited)

CCC ကြောင့် ဘယ်လောက် ဆုံးရှုံး သွားလဲ..? Hive Engine - layer 2 token တွေက အပျော် ကစားဖို့လောက်ပါ။ Leo တို့ SPS တို့လို ဖေါက်ထွက်ရင်တော့ တမျိုးပေါ့။ !LOL. !PIZZA

0
0
0.000
avatar

Hi @kachinhenry. Thank you for your support and for spreading the word about the upcoming airdrop. Much appreciated!

0
0
0.000
avatar

အင်း ကိုဟင် ပိုစ့်က ညမှတင်။
ကိုယ်တွေက မျက်လုံးကြောင့် ည ဖုန်းမကြည့်။
မနက်မှကြည့်တော့ လုပ်ဖို့ နောက်ကျ။
ယနေ့မှ cccကို 8hiveနဲ့လှယ်ပြီး
3200ccc သာ delegate လုပ်လိုက်ရသည်။
!PIZZA
!LOL

0
0
0.000
avatar

ရရင် ရသလောက်ပေါ့ ဦးထွေးရေ... ၅ ကျပ်ရရ ၁၀ ရရ အလကားရတာ ယူထားမှ။ !LOL. !PIZZA

0
0
0.000
avatar

သတင်းကောင်းပဲ အကိုရေ
!PIZZA
!LOLZ

0
0
0.000