ယနေ့ စားဖွယ်စုံ

avatar

img_0.7621092795142147.jpg

ယနေ့တော့ Hive ဈေးက နှစ်ဒေါ်လာအနီး
ရောက်ရှိနေသည်မို့ အဖွဲ့သားတွေ အေးဆေး
ငြိမ်နေကြသည်။ Massager မှာ ပွဲ သိပ်မဆူတော့။
ကိုယ်အတွေးနဲ့ ကိုယ် ငြိမ်နေကြသည်။
ဒီနေ့တော့ အလှည့်အပြောင်းဖြစ်အောင်
ပိုစ့်ရေးဖို့ အမစနေသမီးအနားကပ်၍
ကုန်ကြမ်းရှာရသည်။

img_0.5497438310786569.jpg

img_0.1796083027755538.jpg

ယနေ့ အိမ်မှာ ဘာဟင်းချက်သလဲ စုံစမ်းရင်း
ဟင်းချက်မည့် ဟင်းလျှာများကို ဓာတ်ပုံရိုက်၍
ပိုစ့်တစ်ခု ကြံရပေတော့သည်။ ငါးဟင်းချက်မည်
ဖြစ်သည်။ ငါးအုံတုံ ကို လေးတုံကြော်၍
ရှစ်တုံးချက်သည်။ တူမဖြစ်သူက ငါးချက်မကြိုက်
ကျွန်တော်က ငါးချက်ကြိုက်သည်။
ငါးကို အရည်လေးဖြင့်ချက်မှ ပိုကြိုက်သည်။
ငါးဟင်းရည်ကို ထမင်းတွင်ဆမ်းစားသည်
ပြီးမှ ငါးတုံးကို ထမင်းစားပြီးမှ ဒီအတိုင်း
စားလိုက်သည်။

img_0.8332003193480111.jpg

img_0.7870837606993012.jpg

img_0.7289493889203874.jpg

မုန်ညှင်းချဉ်ရည်ဟင်း ကိုတော့ မုန့်ညှင်း
အခါးကို မန်းကျီးသီးအမှည့်ဖြင့် ချဉ်ရည်ချက်သည်။

img_0.11860151687788066.jpg

ပဲကြော် ကတော့ အမေ့ရွာမှ ထွက်သည့်
စွန်တာနီပဲပြုတ်ကို ကြက်သွန်ဖြူနှင့် ပြန်ကြော်
ထားသည်။ ထိုပဲပြုတ်က ကျွန်တော်တို့အိမ်၏
ဖေဘရိတ်ဖြစ်သည်။ အမေက ပဲမပါရင်
ထမင်း စားမဖြစ်ဟုပြောတတ်သည်။

img_0.9414419672675567.jpg

နောက်ဆုံး မြင်းခွာရွက်သုပ်ကတော့
ကျွန်တော့်လက်ရာဖြစ်သည်။ မြင်းခွါရွက်
သုပ်တွင် ထည့်ရန် ပဲကြော်စုံကို ဆုံ၌
မညက်တညက်ထောင်းသည်။ အမေနှင့်
စနေသား အကိုက သွားမကောင်းပါ။
ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုပ်သီးစိမ်း
နှစ်တောင့်၊ ပဲမှုန့်နှင့် သုပ်ပါသည်။
ငံပြာရည်ချက်နှင့် အတို့အမြုပ်ကိုတော့
မဖော်ပြတော့ပါ။ ထမင်းစားလို့ကောင်းပါသည်။

@htwegyi
28-11-2021



0
0
0.000
14 comments
avatar

ငါးချဉ်စပ်၊ ပဲကြော်၊ ချဉ်ရည်ဟင်၊း မြင်းခွာရွက်သုပ် မိုက်တယ် စားဖိုမှုးကြီးရေ သွားရည်တောင်ကျမိတယ်။ !LOLZ

0
0
0.000
avatar

I received straight Ds in all my biology classes in college
I guess I’m bio-D-grade-able

@htwegyi, I sent you an $LOLZ on behalf of @nyimwa
Use the !LOL or !LOLZ command to share a joke and an $LOLZ. (4/4)

0
0
0.000
avatar

ငါးဟင်းက မချဉ်ဘူး အချိုချက်ဗျ 😁

0
0
0.000
avatar

ဘုတ်ပါဝါကျနေလို့ ပီဇာစားပါ !PIZZA

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
@uthantzin(8/10) tipped @htwegyi (x1)
kachinhenry tipped htwegyi (x1)
nyinyiwin tipped htwegyi (x1)

Join us in Discord!

0
0
0.000
avatar

စားချင်တာအေ

0
0
0.000
avatar

လာမှ မလာကြတာ။

0
0
0.000
avatar

နားမလည်သည်က ... " ငါးအုံတုံးအား လေးတုံးကြာ်၍ ရှစ်တုံးချက်သည် " .... လေးတုံးအား ဒီအတိုင်းချက်၍ လေးတုံးအား ကြော်ချက် ချက်သည်လား..? ကျွန်တော်လည်း ငါးဆိုသည်နှင့်... သွားရည်ကျနေသူပါ။ !PIZZA.

0
0
0.000
avatar

အင်း ဒီလို လေးတုံးကကြော်ပြီးဖယ်ထားတာ။
အကြော်အတိုင်းစားတာ မချက်ဖူး။
ရှစ်တုံးက အစိမ်းအတိုင်း သက်သက်ချက်တာ။

0
0
0.000
avatar

ကြည့်နေရင်းကို စားချင်စိတ်ပေါက်။!PIZZA

0
0
0.000
avatar

စားပါလို့စ် 😁😁

0
0
0.000
avatar

ဟင်းလျာလေးတွေ ကြည့်ပြီး စားချင်လာပြီဗျို့...!PIZZA

0
0
0.000
avatar

စားပါဗျာ😁

0
0
0.000