ပြောလိုက်ပါ ဧရာဝတီ

avatar
(Edited)

img_0.7621092795142147.jpg

မည်သို့ပင်ဆိုစေ ခေတ်ကာလကြီးက
မကောင်းတော့ စိတ်မှာလည်း မကောင်းဘူး။
ယနေ့ အလုပ်မှ ကိုယ့်ဆရာသမားတဦး
သေဆုံးသည်။ ဘာလိုလိုနဲ့ ခေတ်ပျက်ကြီးမှာ
ကိုယ့်မိတ်ဆွေ လုပ်ဖော်ကိုင်ဖက်များ
တဦးပြီးတဦး သေဆုံးသွားကြသည်။
ကိုယ့်အလှည့်မရောက်သေး။
တဖြုတ်ဖြုတ်ကြွေကျသည့် သစ်ရွက်များလို
တဖြေးဖြေး ကြွေနေကြပေသည်။

ဘဝသံသရာကြီးထဲမှာ သံသရာခရီးသည်
များပါ။ သံသရာခရီးသွားများ
ခရီးလမ်းမဆုံးမီ လမ်းတဝက်မှာ
ကျန်နေကြသူများ ခရီးအဆုံးထိ
လျှောက်နေသူများ ဖြင့်
ဘဝသံသရာကြီး လှုပ်ရှားနေဆဲပင်။

နေ့ရက်တို့က တရက်ပြီးတစ်ရက်
ပြောင်းလဲနေသည်။ ရာသီစက်ဝန်းများလည်
လည်ပတ်နေသည်။ အသက်များလည်း
တရက်ပြီးတရက် ကြီးလာသည်။
အချို့တွေက အသက်ကြီးလာသည်ဟု
ပြောရင် မကြိုက်ပါ အသက်များလာသည်ဟု
ပြောသည်။

img_0.3467021568362393.jpg

img_0.4214058937666837.jpg

ကြီးရင် ကြီး၊ များရင် များ အချိန်စက်ဝန်း
ကတော့ ရွေ့လျှားနေမြဲပင်။ မြစ်တို့သည်လည်း
စီးဆင်းနေမြဲပင်။ မြန်မာပြည်၏
အကောင်းအဆိုး၊ အကြောင်းအကျိုး ကို
ဧရာဝတီမြစ်ကြီးက အကြောင်းစုံသိနေပေမည်။
ဧရာဝတီသာ စကားပြောတတ်ခဲ့ပါရင်
မြန်မာပြည်အကြောင်း ရင်နာစွာ၊
ဝမ်းနည်းစွာ၊ ခံပြင်း နာကြစွာ
တတွတ်တွတ် ရေးရွတ်နေမည်သာ။

img_0.6932204010707768.jpg

@htwegyi
26-12-2021



0
0
0.000
14 comments
avatar

ကြီးငည်ဖြစ်စေ များသည်ဖြစ်စေ ကြိုက်ကြိုက် မကြိုက်ကြိုက် အချိန်ကျရင်တော့ ဘယ်သူမှမညှာ ခေါ်မှာပဲ

0
0
0.000
avatar

သူကမျက်နှာမလိုက်ပါဘူးလေ။
!PIZZA

0
0
0.000
avatar

သင်္ခါရသဘော ဘယ်သူဘာပြောနိုင်မလဲဗျာ
!LOL
!LUV

0
0
0.000
avatar

I need to figure out the best treatment for my narcolepsy.
My doctor told me to sleep on it.

@htwegyi, I sent you an $LOLZ on behalf of @tin.aung.soe
Use the !LOL or !LOLZ command to share a joke and an $LOLZ. (2/8)

0
0
0.000
avatar

လက်ရှိအချိန်မှာ အကောင်းဆုံးတွေ လုပ်ကြတာပေါ့ အကိုရေ့

0
0
0.000
avatar

အကောင်းဆုံး အားတင်းထားပါတယ်လေ။
!PIZZA

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
@nyimwa(5/6) tipped @htwegyi (x1)
uthantzin tipped htwegyi (x1)
htwegyi tipped johndieo (x1)
htwegyi tipped ansoe (x1)

You can now send $PIZZA tips in Discord via tip.cc!

0
0
0.000
avatar

ဟုတ်တယ် အသက်တွေကြီးလာပါပြီ။ဘယ်တတ်နိုင်ပါ့မလဲ လက်ရှိအချိန်ကို အကောင်းဆုံး ကြိုးစားဖြတ်သန်းကြတာပေါ့...!PIZZA

0
0
0.000
avatar

လက်ရှိအချိန်က အကောင်းဆုံးဖြတ်သန်းကြတာပ

0
0
0.000
avatar

အချိန်တန်တော့ ကိုယ်လဲ သွားရအုန်းမှာပဲလေ။ လက်ရှိအချိန်ကိုသာ အကောင်းဆုံး ကျော်ဖြတ်ကြတာပေါ့။ !PIZZA

0
0
0.000
avatar

ဟုတ်ပါ့။ အရင်ကလည်းဆုံးတာတွေရှိခဲ့ပေမယ့် ခုကာလမှာ ဆုံးရှုံးသွားကြတာ တကယ်စိတ်မကောင်းဘူး။

0
0
0.000
avatar

ခုကာလက ပိုအမှတ်ရတာပ

0
0
0.000