ပွဲဈေး သုံးဖို့ငွေရှာခြင်း

avatar

img_0.7621092795142147.jpg

ငယ်စဉ်က ဒီလိုအချိန် ဒီရာသီရောက်ပြီဆိုပါလျှင်
ငထွေးတစ်ယောက် ယောက်ယက်ခတ်နေသည်။
ဒီရာသီက ဒီအချိန်မှစ၍ မန္တလေးမြို့ပေါ်တွင်
ကထိန်ပွဲ၊ ဘုရားပွဲများ ခြိမ့်ခြိမ့်သဲ ကျင်းပ
ကြသည်။ ကလေးတို့သဘာဝ ပွဲလမ်းသဘင်းသို့
သွားချင်သည်။ ကလေးတို့သဘာဝ ဆိုတာ
ယခုခေတ်လို မိဘများ၏ လက်ကိုဆွဲ၍
ပွဲဈေးတန်း ဟိုဟာဝယ်ပေး၊ ဒီဟာဝယ်ပေး
ခိုင်း၍ ရသည်မဟုတ်ပါ။

မိဘများက ဘုရားပွဲ လိုက်ပြဖို့နေနေသာသာ
စားဝတ်နေရေးအတွက် ရုန်းကန်နေရသည်။
ငထွေးတို့လို ဘဝတူ၊ စရိုက်တူ ကလေးများသာ
နှစ်ဦး၊ သုံးဦးစု၍ ဘုရားပွဲဈေးသွားကြသည်။
ဘုရားပွဲသွားတာက နှစ်ပြ၊ သုံးပြခန့်
တစ်ဦးထဲ သွားလိုက်လည်း ပြဿနာမရှိပါ။
ပြဿနာက ဘုရားပွဲမှာ သုံးစွဲဖို့ငွေဖြစ်သည်။

ငွေ ငွေကို ဘယ်မှာရှာရမလဲ။ ထိုအချိန်က
ငထွေးစိတ်ထဲ တောင့်တမိသည်မှာ

img_0.3743108247419967.jpg

"ဒီအချိန်များ ငါ့ကို တယောက်ယောက်က
လာပြီး တစ်မတ်၊ ငါးမူးလောက် လာပေးရင်
ကောင်းမှာပဲ ဒါမှမဟုတ် ပိုက်ဆံကောက်တွေ့လို့
ရရင်လည်း သိပ်ကောင်းမှာပဲ"

ငယ်စဉ်က ကလေးအတွေးဖြစ်ပေါ်ခဲ့ဖူးသည်။
ထို ပိုက်ဆံ တမတ် ငါးမူးနဲ့ ဘုရားပွဲမှာ
မုန့်ဝယ်စားမယ်၊ လောင်းကစား လုပ်မယ်
လို့ စိတ်ကူးခဲ့သည်။ ကလေးအတွေးနဲ့
ပိုက်ဆံရဖို့ ကြံစည်မိတော့သည်။
ငထွေးအကြံအစည်ကြီးကို စတင်
အကောင်အထည်ဖော်လေသည်။

de8jbz2ucm.jpg

မန္တလေးဘူတာကြီး မြောက်ဖက်
လမ်း30မှ 26ဘီလမ်းအထိ၊ 78လမ်း
အနောက်ဖက်၌ ရထားတွဲများ ရှန်တိန်
လုပ်သည့်လမ်းရှိသည်။ ထိုရှန်တိန်လမ်သည်
ရထားတွဲများပေါ်မှ အမှိုက်များ လှည်းကျင်း
ချပစ်ခဲ့သည်။ ထိုအမှိုက်များရှိရာ ရှန်တိန်လမ်း
သို့ နံနက်စောစော စောဆို ခုနှစ်နာရီ အချိန်ဖြစ်သည်။ သွားရောက်၍ အသွားအပြန်
လမ်းလျှောက်ပြီး ပိုက်ဆံရှာပုံတော်ဖွင့်ပါသည်။

ကံကောင်းလျှင် ကျပ်စေ့၊ ငါးမူးစေ့များ
တွေ့တတ်သည်။ ကံမကောင်းလျှင် တပြားမှ
မတွေ့ပါ။ ကံကောင်းသည့်အခါမှသာ
တွေ့တတ်သည်။ ရထားတွဲပေါ် တံမြက်စည်း
လှည်းသူများ မတွေ့ မှာသာ ရခြင်းဖြစ်သည်။
ပိုက်ဆံကောက်ရဖို့ ကိစ္စက လွယ်တော့
မလွယ်ပါ။ သုံးလေးခေါက်လျှောက်
ရှာပြီး မတွေ့သည့်အဆုံး အမေ့ထံ
တောင်းပန်း၍ တောင်းသောအခါ
ဆယ်ပြားစေ့ တစေ့တော့ရပါသည်။
ဆယ်ပြားစေ့ တစေ့က ပွဲဈေးသုံးဖို့
အတော်နည်းသည့်ငွေပါလေ။

@htwegyi
2-11-2021



0
0
0.000
12 comments
avatar

ရထားမှာ ရေကုသိုလ် မလုပ်ခဲ့ဘူးလားဗျ
!PIZZA

0
0
0.000
avatar

အဲ့ဒါက နည်းနည်းကြီးမှာဗျ။ ခုဟာကနှစ်တန်းသုံးတန်းအရွယ်။
လေးငါးတန်းအရွယ်မှ ဈေးရောင်းတာ။

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
@uthantzin(4/10) tipped @htwegyi (x1)
golden.future tipped htwegyi (x1)
kachinhenry tipped htwegyi (x1)
nyinyiwin tipped htwegyi (x1)
htwegyi tipped kachinhenry (x1)

Join us in Discord!

0
0
0.000
avatar

သံလမ်းအတိုင်းခြေတိုအောင်လျောက်ပီး ကံစမ်းတယ်ပေါ့။ တမတ်၊ ငါးမူး သုံးခဲ့ရတဲ့ခေတ်လေး တစ်ခါတစ်ခါ ပြန်လွမ်းမိသဗျာ။ 😃😃 !PIZZA

0
0
0.000
avatar

ဟုတ်တယ်ဗျာ။

0
0
0.000
avatar

ငယ်ငယ်ကအကြွေခေတ်ဆိုတော့ ပိုက်ဆံခဏခဏကောက်ရတာ။

0
0
0.000
avatar

ပျော်စရာကောင်းခဲ့ပ

0
0
0.000
avatar

အကြွေစိလေးတွေ စွပ်ကျယ်ဗိုက်ပေါက်အောင် သားရေကွင်းနဲ့ စုစည်းခဲ့တာလေး သတိရမိတယ်ဗျာ။😃😂

0
0
0.000
avatar

အ‌ေကြွစေ့လေးတွေသုံးရတာ အရသာတစ်မျိုး။

0
0
0.000
avatar

အကြွေစိတွေကိုတောင် လွမ်းသွားတယ်.... လေးထောင့် ဆယ်ပြားစေ့ ၊ အဝိုင်း နဲ့ ၅ ပြားစေ့ ... ပြား ၅၀ / ၂၅ ပြား ... အဲဒီ အကြွေ စေ့လေးတွေ မြေကြီးပြောင်ပြောင်မှာ တန်းစီ စိုက်ထားပြီး ဂေါ်လီနဲ့ ပစ်ကြတာ။ ဂေါင်ထိ အကုန်စား... ခလေးဘဝ ပျော်စရာကောင်းချက်တော့။ !PIZZA

0
0
0.000
avatar

ဟုတ်ပ ကိုဟင် အကြွေစေ့လေးတွေ မြေမှာထောင်ပစ်ရတာ
လွမ်းမိပ။

!PIZZA

0
0
0.000
avatar

ငယ်ဘဝ လုပ်ချင်တာလုပ်တဲ့ ပျော်စရာအချိန်လေးပဲပေါ့... !PIZZA

0
0
0.000