မဲမဲကြီး ပြားပြားကြီး

avatar
(Edited)

img_0.7621092795142147.jpg

မြွေ ကြောက်စရာသတ္တဝါဖြစ်သည်။
အဆိပ်ရှိ၍ လူကို အန္တရာယ်ပြုနိုင်သဖြင့်
ပို၍ ကြောက်ပါသည်။ အဆိုပါမြွေအား
မြင်တာနှင့် ကျွန်တော့်မှာ အသည်းယားကာ
ကြောက်မိပါသည်။ သို့ပေသိ ထို
အဆိပ်ရှိပြီး အန္တရာယ်များသည့်မြွေကို
အိမ်မြွေတိရစ္ဆာန်အဖြစ် မွေးကြပေသည်။
ကျွန်တော့်အနေဖြင့် အဆိုပါလူတို့အား
အံ့ဩမဆုံးနိုင်ပါ။

မြွေ ဆိုသည်နှင့် အဆိပ်ရှိရှိ မရှိရှိ မြင်တာနဲ့
တွန့်ကနဲ့ဖြစ်သွားတတ်ပါသည်။ မြွေ
ရုပ်ရှင်ဇာတ်ကားများကိုတော့ ကြောက်ကြောက်နှင့်
ကြည့်မိပါသည်။ ငယ်စဉ်က အန်ဒါကွန်နာ
မြွေကားကို ကြည့်ရသည်မှာ အသဲတယားယား
စိုးတထိတ်ထိတ်နဲ့ ကြည့်ခဲ့ဘူးသည်။
ယခုအချိန်ပြန်ကြည့်တော့ ဇာတ်ကားက
မှုန်ဝါး၍ ငယ်စဉ်ကလောက် အရသာ
မတွေ့တော့ပါ။

img_0.07650021910712722.jpg
Credit Image

မြွေနှင့်ပတ်သက်၍ ကုလားကားများလည်း
ကြည့်ဖူးသည်။ မြွေထီးကို သတ်၍ မြွေမက
သတ်သူများကို လိုက်၍ လက်စား(ဂလဲ့)စားချေ
သည့် ကုလားကားကိုလည်း စွဲလန်းစွာ ကြည့်ဖူးခဲ့သည်။
ကုလားကားထဲမှာ မြွေကို ကုလားကြီးက
နှဲဖြင့်မှုတ်ကာ ပြသသည့်အခန်းကို တီးလုံး
နောက်ခံဖြင့်ကြည့်ရသည်မှာ တမျိုး သဘောကျခဲ့သည်။

မနေ့က @nweoomon တို့အိမ်ရှေ့ လမ်းမပေါ်
တွင် ကလေးလက်မောင်းလုံးခန့် မြွေတကောင်ကို
ခွေးက ကိုက်နေသည်။ ညမှောင်မှောင်ဆိုတော့
သေချာမမြင်ကြရ။ အိမ်ရှေ့ဝရံတာထွက်ရင်း
မြင်ရခြင်းဖြစ်သည်။ သေချာကြည့်လေ
မြွေခေါင်းကို ခွေးက ကိုက်နေခြင်းဖြစ်သည်။
အိမ်ရှိလူကုန် ဝရံတာမှ ထွက်ကြည့်ကြသည်။
မှောင်ရိပ်ကျနေ၍ သေချာစွာ မမြင်ကြရ။
ထိုကြောင့် သေချာစေရန် မှန်ဘီးလူးယူ၍
ကြည့်ကြသည်။

received_340224694772753.jpeg

မှန်ဘီးလူးဖြင့် သေချာကြည့်မှ

"အာလားလားမြွေက အနက်ရောင်ကြီး
ပြားပြားကြီး မည်းနက်နေတာ"

ဆိုတော့
မြွေကောင်းတော့
မဖြစ်နိုင်ဘူး မြွေဆိုးသာဖြစ်ရမည်။
လူတွေရှိသည့်အရပ်မှာ မည်သည့်ကြောင့်
ဆိုးတဲ့မြွေရောက်နေတာလဲ။

"သေချာ
ကြည့်ကြပါဟဲ့ အန္တရာယ်များလိုက်တာ"

သေချာ စေ့စပ်စွာကြည့်မိလိုက်တော့မှ
သကောင့်သား ခွေးက ခါးပတ်အ‌မဲရောင်
အပြားကြီးကို အားရ ပါးရ ကိုက်ခဲနေခြင်း
ဖြစ်ပေတော့သည်။

@htwegyi
19-1-2022



0
0
0.000
16 comments
avatar

ကျန်း မှန်ဘီလူးနဲ့ကြည့်တာတောင် ထည့်ရေးသေးတယ်။ ငါစပ်စုတာ အကုန်သိကုန်ပြီ။ 🙄🙄

0
0
0.000
avatar

အရေးအသား သေချာတာဂလား

0
0
0.000
avatar

မြွေဆို အူယားသဗျာ

0
0
0.000
avatar

လူသားတွေရဲ့ ပင်ကိုယ်ဗီဇစိတ်မှာကိုက မြွေကိုကြောက်တက်တဲ့ ဗီဇပါတယ်လို့ လေ့လာဘူးပါတယ် !lol

0
0
0.000
avatar

Knock knock...
ERROR: Joke failed.

@johndieo, You need more $LOLZ to use this command. The minimum requirement is 16.0 LOLZ.
You can get more $LOLZ on HE.

0
0
0.000
avatar

ဟုတ်မယ်ဗျို့

0
0
0.000
avatar

မြွေ ဆိုလို့ ဘာမြွေပါလိမ့် ဆက်ဖက်လိုက်တာ ခါးပတ်မြွေ ဖြသ်နေတော့တာပဲ။
!LOL

0
0
0.000
avatar

အမည်က အဆန်းနော့ ခါးပတ်မြွေတဲ့။

0
0
0.000
avatar

မြွေဆိုး လို့ ရေးလည်း ရတာကို ... မဲမဲပြားပြား ကြီးတဲ့... Attention ယူတတ်တာပြောပါတယ်...😁😁😁 !LOL. !LUV

0
0
0.000
avatar

ဟေလကွာ ဘာဖစ်သတုန်း နည်းနည်းမှ စိတ်ဝင်စားစား
ကြံဖန်ရတာပ။

0
0
0.000
avatar

🤣🤣🤣တကယ်မှတ်လို့ ဘ​ထွေးက​တော့ ​နောက်ပြီ

0
0
0.000