လွယ်လွယ်လေး ချစ်သူရေ့

avatar

img_0.7621092795142147.jpg

ငယ်စဉ်က ကလေးဘဝ ကစားကြသည့်အခါ
သူခိုး၊ ပုလိပ် လုပ်တိုင်းကစားကြသည်။
သူခိုး၊ ပုလိပ် ဆိုသည်က အမှန်က တူတူပုန်း
တမ်း ကစားခြင်းဖြစ်သည်။ သူခိုးဖြစ်သူက
ပုန်းရသည်။ ပုလိပ်လုပ်သူက လိုက်ရှာဖမ်း
ရသည်။ အများအားဖြင့် ပုလိပ်လုပ်ချင်သူက
များသည်။ သို့သော်လည်း သူခိုး၊ ပုလိပ်ကို
တလှည့်စီလုပ်ကြရင်း အပျော်သဘော
ဆော့ခဲ့ကြသည်။

အနည်းငယ်ကြီးလာသည့်အခါ ဗီဒီယိုများ
ကြည့်ဖြစ်လာသည်။ ထိုအခါ လူဆိုးလုပ်သည်ကို
အားကျလာသည်။ အထူးသဖြင့် ကျော်ဟိန်း
လူဆိုးလုပ်သည့်ဇာတ်ကား အကြွေး ဆိုသည်
အမည်ဖြစ်မည်လား မမှတ်မိတော့ပေ။ ထိုကားမှာ
လူဆိုးသရုပ်ဆောင်သည့် ကျော်ဟိန်း ကို
အားကျ၍ ကလေးဘာဝဆော့သည့်ကြသည့်အခါ
လူဆိုးလုပ်ချင်လာသည်။

ထိုဇာတ်ကားမှ ကျော်ဟိန်း၏ အပြောအဆို
အိုက်တင်များကို အားကျ၍ လိုက်အတုခိုးကြသည်။
ထိုဇာတ်ကားမှာ ကျော်ဟိန်း ပြောခဲ့သည့်
"ဆယ်နှစ်" ဆိုသည့် စကားလုံက လူတိုင်းနှုတ်ဖျား
ရေပန်းစားခဲ့သည်။ ထိုကြောင့် အောင်မြင်
ကျော်ကြားသူများ၏ စကား၊ အမူအရာများက
ပြည်သူ့ရင်ကို ထိရောက်စွာ ရောက်ရှိစေခဲ့သည်။

img_0.5447045586324927

မကောင်းမှုကို အယူမှား အတုမှားဖို့က အင်မတန်မှ
လွယ်ကူစေသည်။ ကောင်းမှု၊ ကောင်းဖို့အတွက်
အတုယူရန်မှာက အချိန်ကြာရပေသည်။
ငယ်စဉ်အချိန်က အတုယူကြသလို အသက်
အရွယ်ကြီးလာသည့်အခါမှာလည်း လူက
အလွယ် ဖြတ်လမ်းကို လိုက်ချင်ကြသည်။

ရိုးသားကြိုးစား စီးပွားရှာသူနှင့် ဖြတ်လမ်းမှ
စီပွားရှာသူနှစ်ဦးအနက် ဖြတ်လမ်းမှ စီပွားရှားသူ
ကို ပို၍ အားကျမိသည်။ လူ့သဘောကိုက
အလွယ်လမ်းလိုက်ချင်သူက များသည်။
လွယ်လွယ်ရ၊ လွယ်လွယ်ကုန်သည်မှာ
မှန်ပေသည်။ အလွယ်ရသည့် ငွေကို
တန်ဘိုးမထားကြသည်ကို သတိထားရင်
သိနိုင်သည်။ ခက်ခဲ ပင်ပန်းစွာရှာရသည့်ငွေကို
တန်ဘိုးထားကြသည်ကိုလည်း သိကြသည်။
သို့သော် အလွယ်လမ်းရှိရင် လိုက်ချင်သူက
များနေကြပေသေးသည်။

@htwegyi
2-7-2022



0
0
0.000
5 comments