ကျောင်းတော်ကြီးသာ စကားပြောတတ်ရင်

avatar

img_0.7621092795142147.jpg

တခါတုန်းက တက္ကသိုလ် ဒါက ဆရာနွမ်းဂျာသိုင်း၏
ဝတ္ထုအမည်ဖြစ်သည်။ တက္ကသိုလ် တက်ဖူးသူတိုင်း
တခါတုန်းက တက္ကသိုလ် ဆိုတာရှိကြပေမည်။
ငယ်စဉ်က အထက်တန်းကျောင်း၊ အလယ်တန်း
ကျောင်းနှင့် မူလတန်းကျောင်းများသည်လည်း
ကျောင်းသားတိုဘအတွက် မေ့မရသည့် ကျောင်း
များဖြစ်ခဲ့သည်။

img_0.7912190325220283

ကျောင်းပညာသင်ကြားခဲ့သူချင်းအတူတူ
ဘဝတွေက မတူညီကြပေ။ ပညာတတ်သူ၊
ဆင်းရဲသူ၊ ချမ်းသာသူဟူ၍ ကွဲပြားသွား
ကြသည်။ ဆင်းရဲ၊ ချမ်းသာ၊ ပညာရှိကြစေမူ
အားလုံးရဲ့ တူညီစိတ်ထားက ကိုယ်သင်ခဲ့ကြသည့်
ကျောင်းတော်ကြီးကို ပြန်လည်းသတိရမိတာ
ချင်းကတော့ အတူတူပင်။

အော် လွမ်းခဲ့ရပါသော ကျောင်းသားဘဝများ
ပါပေ။ ကျောင်းသားဘဝ ဆိုသည်က
ဘဝဇာတ်ခုံ၏ အငို၊ အရီ၊ လောဘ၊ ဒေါသ၊
မောဟများနှင့် အလှမ်းကွာဝေးနေဆဲမို့
ဖြူစင်ပျော်ရွှင်စရာ ကောင်းခဲ့ကြသည်။
အချစ်၊ အလွမ်း၊ အဆွေး၊ ဟာသများဖြင့်
ထုံမွမ်းနေသော ကျောင်းတော်ကြီးပေမို့
ပိုလို့ သတိရမိနေကြသလား‌လေ။

img_0.027077213215021594

ခုလိုကာလကြီးမှာ အမိကျောင်းတော်ကြီးကို
လွမ်းဆွတ်သတိရမိတာ အတော်ကို ကို့ရို့
ကားယားနိုင်လှပါသည်။ အမှန်တကယ်ဆိုပါရင်
ကျောင်းတော်ကြီးမှာ ကျောင်းတော်သူ/သား
များဖြင့် လွတ်လပ်ပေါ့ပါးစည်ကားနေပေမည်။
ခုများတော့ တွေးလေလေ အသည်းနာရတယ်။
ကျောင်းနေအရွယ် လူငယ်တို့က အမှန်တရား
အတွက် သုရို့လေးတွေရဲ့ ကျောင်းတော်ကြီးကို
ခွဲခွါ နေကြရရှာတယ်။ ကျောင်းတော်ကြီးကတော့
စကားပြောတတ်ရင် ငါ့ကလေးတွေ ဘယ်တွေများ
ရောက်နေရှာကြပါလိမ့် ဟူ၍......။

@htwegyi
1-7-2022



0
0
0.000
6 comments
avatar

အတ္တသမားလေးတွေတော့ ကျောင်းတတ်နေကြပါပြီ
!LOL

0
0
0.000
avatar

အဲ့တာတွေနဲ့ ကျောင်းကြီးက စည်ကားမနေပါဘူးတဲ့။

0
0
0.000