ဒီဇင်ဘာ ဗွီးရှင်း

avatar

img_0.7621092795142147.jpg

"တကယ်ဆိုရင် ကိုယ်ကလည်း ချစ်မိနေပြီး
ဖွင့်ဟဖို့ အပြောခက်သည်၊
မျက်လုံးချင်း စကားပြောနေပြီး"

အဲ့မှာ တွေ့တာပဲ

မျက်လုံးချင်းစကားပြောဖို့

"မျက်လုံးမှ မျက်လုံး စကားပြောနေတယ်
ကြားလား"

"မကြားဘူး"

"မျက်လုံးချင်းစကားပြောနေတယ်လေ
ကြားဖူးလား"

img_0.39487975030996386.jpg

"ကြားဖူးဆို"

"ဒုက္ခပါပဲ ဒီဖက်က မျက်လုံးဖြင့် မျက်လုံးရော
မျက်ခုံးရော မျက်တောင်မွှေးပါမကျန်
အချက်ပြ ပြောနေတာ မကြားဘူးလားလေ"

"ကြားပါဘူးဆို"

"အင်း ဒါဆို တခုခုတော့ လွဲနေပြီ"

img_0.8512896343926603.jpg

"လွဲမှာပေါ့ တော့မှာလည်း ဟိုဟာကြီးနဲ့၊
ကျုပ်မှာလည်း ဟိုဟာကြီးနဲ့"

"ဘာလည်းဟ ဟိုဟာကြီးဆိုတာ"

"မျက်မှန်ကြီးတွေကို ပြောတာ"

"အော် ဟော ဒါကြောင့်ကို"

ကိုယ့်ဟာကို မျက်မှန်ကြောငြာဝင်လိုက်တာ။
ကျွန်တော် မျက်မှန်တပ်တာ မန်းတက္ကသိုလ်
ညနေသင်တန်း တတိယနှစ်က စတပ်ရသည်။
ညနေ သင်တန်းဆိုတော့ ညမီးထွန်းသင်ရသည်။
မီးချောင်းတွေတော့ စာသင်ခမ်းမှာ ထွန်းထားသည်။
သို့သော် သင်ပုန်းက စာကိုကြည့်ရတာ
အားမရပေ။ ထို့ကြောင့် မျက်လုံးကိုစမ်းသပ်သည့်သည်အခါ
မျက်မှန်တပ်ရပါတော့သည်။

မျက်မှန်တပ်လာသည့်နှင့်အမျှ ဘယ်
မျက်မှန်ကိုင်းက လေးသည်၊ ပေါ့သည်၊
ကောင်းသည်၊ ခိုင်ခံ့သည် အစရှိသဖြင့်
မျက်မှန်အတွေ့အကြုံများရခဲ့သည်။
မိတ်ဆွေအနေနှင့် မျက်မှန်စတပ်မည်ဆိုပါက
ပေါ့ပါးသည့် မျက်မှန်ကိုင်းကိုရွေးချယ်ပါ။
ဆရာကြီးလုပ်ကြည့်တာပါ။ ကျုပ်မပြောလဲ
မျက်မှန်ဆိုင်ကပြောမှာပါ။

တီဗီကြည့်ခြင်း၊ ဗီဒီယိုများကြည့်ခြင်းနှင့်
ဖုန်းများ ပေါ်လာသောအခါ ဖုန်းအကြည့်များ
လာသဖြင့် ကျွန်တော့်မျက်လုံးတွင်
မျက်ရည်လမ်းကြောင်းပိတ်သည့်ရောဂါ
ဖြစ်ခဲ့သည်။ ထိုရောဂါကို မျက်လုံးအတွင်း
ဆေးထိုးအပ်ဖြင့် ထိုး၍ ကုသခဲ့ရသည်။
နှစ်ကြိမ်တိတိ ကုသခဲ့ရသည်။ နောက်ပိုင်း
မျက်စိဆရာဝန်ဖြင့် ပြသရန် ကြန့်ကြာ၍
အတွင်းတိမ်ဖြစ်သည်ဟု ကိုယ့်ကိုယ်ကို
သံသယဖြစ်ခဲ့သည်။

img_0.3292875030236028.jpg

အတွင်းတိမ်ဆိုသည်မှာ အသက်ကြီးလာ၍
လည်းဖြစ်တတ်သည်ဟု သိရသည်။
ယခုလောလောဆယ်တော့ မျက်စိက
ကြည့်၍ ရပါသေးသည်။ လူရွှင်တော်များ
ပျက်သလို။

"အမေနှင့် သမီး ယှဉ်တွဲလျှောက်လာပါက
သမီးကို ကွက်ကွက်ကွင်းကွင်း
မြင်ရပါသေးတယ်လို့"

"အဲ့ဒါ ပြောမလို့ ပိုစ့်တင်လိုက်တာပါဗျာ"

@htwegyi
1-12-2021



0
0
0.000
10 comments
avatar

မျက်လုံးလေးတော့ ဂရုစိုက်ပါဗျာ

!PIZZA

0
0
0.000
avatar

ကျေးဇူး ကိုဟိန်း

0
0
0.000
avatar
(Edited)

PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
@uthantzin(7/9) tipped @htwegyi (x1)
golden.future tipped htwegyi (x1)

Join us in Discord!

0
0
0.000
avatar

ဂရုစိုက်အုန်းဗျ မျက်စိက အဓိကနော် တော်ကြာ သမီးကို ကွက်ကွက်ကွင်းကွင်းမမြင်ရပဲ အမေအိုကြီးပဲ ရှင်းနေအောင်မြင်နေမှ ခက်မယ်နော်။ !LOLZ

0
0
0.000
avatar

Hotel receptionists are creepy.
They spend all day checking people out.

@htwegyi, I sent you an $LOLZ on behalf of @nyimwa
Use the !LOL or !LOLZ command to share a joke and an $LOLZ. (2/4)

0
0
0.000
avatar

အဲဒါဆို ဒုက္ခဗျ

0
0
0.000
avatar

အံ့ဩစရာမျက်လုံးပဲအေ။

0
0
0.000
avatar

ထူးဆန်သော မျက်လုံးပိုင်ရှင်ပ

0
0
0.000
avatar

မျက်လုံးကိုတော့ ပုံမှန်ဂရုစိုက်ပါ ဦးထွေးရေ...!PIZZA

0
0
0.000
avatar

ဟုတ်ကဲ့ပါဗျာ

0
0
0.000