Cleaning in Tue, December 21.

avatar

Cleaning mission.
Cleaning in 21st December 2021 CLEANPLANET .

တနေ့က CLEANPLANET ပိုစ့်တင်တော့
သူက comment လာ‌ ပေးသွားသည်။
ကျွန်တော်ရဲ့ ပို့စ်က ‌ပလပ်စတစ်လေတံခွန်များ
လွင့်ခြင်းကြောင့် ပလပ်စတစ်သည်
မြေပြင်မှာမက ဝေဟင်မှာပင်ရောက်နေကြောင်း
ရေးသားခဲ့သည်။ ကျွန်တော်က မြန်မာဘာသာ
ဖြင့် ရေးသားထား၍ သူရိုအနေဖြင့်
ဘာသာပြန်အခက်အခဲဖြစ်နေ၍ လားမသိပါ။

img_0.38300316091268094.jpg

CLEANPLANET က ပိုစ့်၏ မန့်မှာ
အဆိုပါ ပလပ်စတစ်စွန်များအတွက် ကိစ္စမရှိပါဟု
လာမန့်ကာ ဗုတ်တော့ ပေးပါမည်ဟု
ရေးသွားသည်။ ပလပ်စတစ်ဆိုသည်က
ကျွန်တော်တို့ ကမ္ဘာမြေကြီးအတွက်
အင်မတန်အန္တရာယ်များသည်ဟုထင်ပါသည်။
အဆိုပါ ပလက်စတစ်အိတ်များကို
မည်သူတို့ကစတင် တီထွင်သည်ခဲ့သည်မသိ
အတော်ဆိုးပေသည်။

img_0.4057794312251326.jpg

ယခုအခါ ကျွန်တော်တို့ မြန်မာပြည်၌
မြို့အဝင်၊ ရထားလမ်း၊ ကားလမ်းများဘေး
တလျှောက်တွင် အဆိုပါ ပလပ်စတစ်အိတ်
များက ကြီးစိုး မင်းမူနေ သည်။
အဆိုပါ ပလပ်စတစ်အိတ်များကြောင့်
မြေဆီလွှာများ ပျက်စီးနေသည်။
အပင်စိုက်မည့် မြေကြီးထဲ ထိုပလပ်စတစ်အိတ်
များရှိနေပါက သစ်ပင်မကြီးထွားပဲ သေဆုံး
သွားသည်။

img_0.1751426811198052.jpg

img_0.3193509981966496.jpg

ထိုကြောင့် ကျွန်တော်သည် အိမ်ဘေးမှာ
တွေ့ရှိသည့် ပလပ်စတစ်အိတ်များကို
တက်နိုင်သလောက် ကောက်ယူ၍
အမှိုက်ပုံးအတွင်း ပစ်မိသည်။
ပလပ်စတစ်နှင့် ပြုလုပ်ထားသည့်
အိတ်များက အမျိုးအစားစုံလင်လှသည်။
လူတို့ အလွယ်တကူ ကြိုက်နေသမျှ
ပလပ်စတစ်အိတ်များ ပေါများနေပေအုံးမည်။

@htwegyi
21-12-2021



0
0
0.000
10 comments
avatar

မိုက်တယ်အေ။ ရေးတတ်တာ။

0
0
0.000
avatar

အံမယ် မြှောက်က်တယ်ဟ အလိုက်သင့်လေ ခုန်လိုက်အုံးမှ။

0
0
0.000
avatar

တကယ်ပြောတာ။

0
0
0.000
avatar

ပလပ်စတစ်အမှိုက်ကတော့ မရှိလေကောင်းလေပဲဗျ။ !PIZZA

0
0
0.000
avatar

ပလပ်စတစ်က ပြန်သုံးရသေး ကြွတ်ကြွတ်အိတ်က ဆိုးသဗျို့

0
0
0.000
avatar

ပလပ်စတစ်တွေ စနစ်တကျ သုံးစွဲပြီး စွန့်ပစ်ရမှာပါ။ကောင်းမွန်တဲ့ post လေးပါ

0
0
0.000
avatar

အတော်မလွယ်တဲ့ကိစ္စ။

0
0
0.000
avatar

ဖတိလိုက်မှ ဘဲ အမှိုက်တွေ သိမ်းရအုံးမှာပါလား 😁😁😁 ပလပ်စတစ်က ခပ်များများ

0
0
0.000