Cleaning in 29 November 2021

avatar

img_0.7621092795142147.jpg

Cleaning mission ဆိုပါသဖြင့်
Cleaning in 29 November 2021 CLEANPLANET .

မင်္ဂလာပါ @cleanplanet
ကမ္ဘာကြီး သန့်ရှင်းဖို့ ကိုယ့်ပတ်ဝန်ကျင်
သန့်ရှင်းစို့။ ကမ္ဘာမြေကြီးထံမှ ရသလောက်
နှိုက်ထုတ်ယူကြသည်။ ကမ္ဘာကြီး ကို ပြန်ပေးတာက
အမှိုက်တွေဖြစ်နေသည်။ ကမ္ဘာကြီး သာ
လူသားဆိုပါရင် အားကြီး စိတ်ဆိုးပေမည်။
ရေမြေတောတောင် လှပသည့် သဘာဝ
တရားကြီး ကို ပေးထားသည့် ကမ္ဘာကြီး ကို
ကျွန်တော်တို့ သူစိတ်မဆိုးအောင် ဂရုစိုက်ရ
ပေမည်။

img_0.4717071845991821.jpg

img_0.8848158859605189.jpg

ယနေ့ ပတ်ဝန်ကျင် သန့်ရှင်းရေးအတွက်
ခြံအနီးဝန်းကျင် အမှိုက်များကို လိုက်လံ
သိမ်းဆည်းကောက်ယူသည်။ ကိုယ့်က
အမှိုက်ကောက်သည်ဆိုပါမှ အိမ်က
ညီမ အငယ်က အကိုစနေသား၏
ယမကာပုလင်းများကို လွင့်မပစ်ပဲ
သိမ်းထားသည်။ အရက်ပုလင်းများအပြင်
ရေသန့်ဗူးနှင့် အခြားတိုလီမိုလီ များကိုလည်း
စုထားသည်။

img_0.16453870250167182.jpg

"အေး အငယ်မ ညည်းဒီဟာတွေက ဘာလုပ်ဖို့လဲ
ရောင်းလဲ ဘာမှ မရဘူး၊ သိမ်းထားတာ
အိမ်တောင်ရှုပ်သေး"

ပြောလို့ မဆုံးသေး ပုလင်းခွံ၊ အိတ်ခွံ၊ ဗူးခွံ
ဝယ်သည့်အသံကြား၍ အငယ်မက လှမ်းခေါ်သည်။

" ဒီဟာတွေ ဘယ်လောက်ရမလဲ"

အိတ်ခွံသည်က အငယ်မ ဗူးပုလင်းများကို
ရေတွက်ရင်း

"တစ်ရာ ရမယ် အမ"

"ဟင်း တော်ပြီအေ တစ်ရာတော့ မရောင်း
သေးဘူး"

ဈေးသည်ပြန်သွားတော့ မနေနိုင်သူ ကျွန်တော်က
ပြောမိသည်။

"ညည်း ငွေတစ်ရာ ရဖို့ အိမ်ထဲ အမှိုက်ရှုပ်တယ်၊
ပြီးတော့ အပြင်က ဈေးသည်အိမ်ထဲဝင်လာတော့
ရောဂါပိုးတွေလည်း သယ်လာနိုင်တယ်၊
နောက်မစုပါနဲ့အေ အမှိုက်ပုံးထဲ ပစ်လိုက်ပါ"

"အို ဈေးသည်နဲ့ ငါက အဝေးကြီး စကား
ပြောတာ။ ဘာရောဂါမှ မကူးဘူး၊ ငါက
ဘုရား တရားနဲ့နေတာ။ ဘုရားတရား
မကိုးကွယ်သူတွေသာ ရောဂါဖြစ်တာ။
အကို ဆို ကြည့်ပါလား အရက်ဆိုင်သွားနေတာ
သူ့ဆို ရောဂါပိုပြီး ကူးမှာ သူ့ကြ မပြောဘူး၊
ငါ့ကြ ပြောတယ်"

img_0.3356469318636564.jpg

အွန့် ကျွန်တော့်မှာ ပြောစရာ စကား
မရှိသကဲ့သို့ ဖြစ်ရပါသည်။ စိတ်မကောင်းစွာနဲ့
အိမ်ခြံအပြင်သို့ ထွက်ခဲ့သည်။ ကလေးငယ်တစ်ဦး
စွန်လွှတ်နေသည်။ မနေတတ် မထိုင်တတ်သော
ကျွန်တော်က

"ဖိုးသား မင်းစွန်လွှတ်တာ စက္ကူစွန် ကြိုက်လား၊
ပလပ်စတစ်စွန်ကြိုက်လား"

"ဟွာ ပလပ်စတစ်စွန်ပဲ ကြိုက်တာ၊
သူက ရေစိုရင် မပြဲဘူး၊ စက္ကူစွန်က
ရေစိုရင်ပြဲလို့"

img_0.7709309450571015.jpg

"အော် ဟ ဟိုမှာ စက္ကူစွန် အပြဲလေး
ဖာပြီး ပြန်လွှတ်ရင်ရတယ်ကွ"

"ဟာ နေပါစေဗျာ အလုပ်ရှုပ်ပါတယ်
စွန်တခုမှ တစ်ရာပဲဟာ ဝယ်လိုက်တာ
ကောင်းပါတယ်"

img_0.7779987562333291.jpg

အွန့် ကျုပ်တို့ ငယ်တုန်းကများ ယခုလို
စွန်ကိုင်းအပြဲလေးကို ဖာပြီး တဖက်မှာ
စက္ကူစ မဲလေး တပ်ပြီး ပြန်လွှတ်ခဲ့ကြတာ။
ယခုခေတ်ကလေးတွေ ဘောစိတွေပ။
စွန်စုတ်လေးကောက်ပြီး အမှိုက်ပုံထဲ
အသာထည့်ခဲ့ရပါတော့သည်။

@htwegyi
29-11-2021



0
0
0.000
21 comments
avatar

ခုခေတ်ကလေးတွေက ရယ်ဒီမိတ်ခေတ်မှာကြီးလာတော့ ရယ်ဒီမိတ်ကိုပဲ ပင်ပန်းမယ့်အလုပ်ဆို ဆောရီးပါတဲ့ ကဲ ဘယ်နှယ့်လုပ်ကြမလဲ

0
0
0.000
avatar

ဟုတ်ပေ့ဗျာ တိုးတက်လာတာပ။

0
0
0.000
avatar

Hive မှာတော့လည်း ၅၀ ၁၀၀ ပီဇာ လေးတွေ အသည်းအသန်စုရတယ် !PIZZA

0
0
0.000
avatar

ကျွန်တော့်ကို ပီစာက လာမမန့်ဘူး ဘာဖြစ်တယ်မသိ။

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
@uthantzin(8/9) tipped @htwegyi (x1)
myanmarkoko tipped htwegyi (x1)
sheinthu tipped htwegyi (x1)
callmemaungthan tipped htwegyi (x1)
nyinyiwin tipped htwegyi (x1)
kachinhenry tipped htwegyi (x1)

Learn more at https://hive.pizza.

0
0
0.000
avatar

ဦးထွေး ပို့စ်တွေ $ တွေ အတော် တတ်လာနေပြီ

!LUV

0
0
0.000
avatar

ဟုတ်တယ် ကိုဟိန်းကို အားကျသမို့။

0
0
0.000
avatar

ကမ္ဘာကြီးကို ဂရုစိုက်ပေးလို့ hive က ပြန်ပေးတာ ကျေနပ်စရာ။

0
0
0.000
avatar

ဟုတ်ပ ကျေးဇူးပါ ဗုတ်ပေးသူများ။

0
0
0.000
avatar

ဟဟ မိုက်တယ် ရေးကွက်တွေ့သွားပီ ကြိုဆိုပါတယ် အွန်လိုင်းစည်ပင်သာယာရေးကော်မီတီ အသစ် !PIZZA

0
0
0.000
avatar

ကွီးရွှေရေးတာ အတုခိုးရသပ။

0
0
0.000
avatar

Hello happy to see you using cleanplanet action on hive !

Really great spirit which will become viral soon

Now for your next post , I want to see the date of the day clearly written on a paper on each photography

It's tha basic rules of @cleanplanet then you will receive big upvote and soon PLANET TOKEN

see you !

0
0
0.000
avatar

ကမ္ဘာကြီးကို သန့်ရှင်းကြရအောင်လားဗျာ။
အရမ်းကောင်းတဲ့အစီစဥ်လေးပါ...
လုပ်ကြည့်ဦးမယ်ဗျို့... !PIZZA

0
0
0.000
avatar

အယ်လဲ့... ဦးထွေးလည်း သန့်ရှင်းရေး လုပ်နေပြီ။. !PIZZA. !LUV. !LOL

0
0
0.000
avatar

ကျနော်တို့ လည်း ဦးထွေးနဲ့အတူ ကမ္ဘာကြီးကို clean မယ်လေ။တစ်ယောက်တည်းဆို ပမ်းနေမှာ ဆိုးလို့။!PIZZA.!LOL

0
0
0.000
avatar

Knock knock...
ERROR: Joke failed.

@sheinthu, You need more $LOLZ to use this command. The minimum requirement is 8.0 LOLZ.
You can get more $LOLZ on HE.

0
0
0.000
avatar

လုပ်လိုက်လေ ကြာသလားလို့

0
0
0.000
avatar

မိမိပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ပြီး စာတစ်ပုဒ်လည်းရ ဟန်ကျနေရောပဲ...!PIZZA

0
0
0.000
avatar

ဟုတ်သဗျို့ ခုမှ စမ်းတင်ကြည့်တာ။

0
0
0.000