ဘယ်လိုလဲ Hive ဈေးတက်အုံးမယ် မို့လား

avatar

img_0.7621092795142147.jpg

ကိုယ်တွေ မနေ့ညက hive ဈေး
သွားကြည့်သည်။ coinmarketcap မှာ
Hive က $1 ဖြစ်နေသည်။ မျက်လုံးပွတ်ကြည့်၊
နောက်တခါ ထပ်ကြည့် ဘယ်လိုကြည့်ကြည့်
တစ်ဒေါ်လာဖြစ်နေသည်။ ဟုတ်နေပါပြီး
သေချာပါပြီ Hive က $1 ဖြစ်နေသည်။
ဝမ်းသာအားရ ဂရုမှာသွားတင်သည်။

img_0.6657331072491524.jpg

အက်လယ် ကိုယ့်ဆရာတွေ က မလှုပ်။
Delegate နှင့် ပတ်လည်ရိုက်နေကြသည်။
ကိုယ်တွေသာ တယောက်ထဲ ယောက်ယက်ခတ်
နေသည်။ ကိုယ်ရဲ့ wallet သွားကြည့်တော့လည်း
အငြိမ် တန်ဘိုးက တက်မလာပါ။ အင်း
ဟုတ်သေးပါဘူး။ ကိုယ်ဟာကိုယ် ပြန်စစ်ကြည့်မှ
တလောက hive ဈေးနှုန်းမှ HBD ဈေးနှုန်းသို့
ပြောင်းလဲကြည့်ထားမိသည်။

img_0.5832469350158614.jpg

ဒါနဲ့ မကျေနပ်၍ Coingecko မှာ သွားကြည့်သည်။
အဲ့မှာ Hive ဈေးနှုန်းကို မြန်မာကျပ်ငွေဖြင့်
ပြခိုင်းထားသည်။ ထို Coingecko မှာလည်း
Hive ဈေးနှုန်း ကိုးရာကျပ်ကျော်သာပြထားသည်။
တခါတလေများပြောပါတယ် ကိုယ်ဖြစ်စေချင်တာ
က ပေါ်နေသည်။ သို့သော် ဖြစ်စေချင်တာနဲ့
ဖြစ်နေတာ အဲ ပြနေတာက တခြားစီ
ဖြစ်နေတတ်ပေသည်။

img_0.8442951188317684.jpg

HBD ဈေးနှုန်း တဒေါ်လာကို Hive ဈေးနှုန်း
ထင်မှတ်ကာ တယောက်ထဲ အလုပ်ရှုပ်နေခြင်းဖြစ်သည်။
ဂရုမှာ ကိုညီ က Ecency မှာ
Delegate လုပ်သည့်အကြောင်း၊ tag တွဲသည့်
အခါ pgm ကိုတွဲပေးကြရန် ရေးသားထားသည်။
အဆိုပါ pgm tag က မည်သည့် ပိုစ့်အမျိုးအစား
ဖြစ်စေ တွဲလို့ရပါသလား။ ဂိမ်းအကြောင်းပိုစ့်
ရေးမှ တွဲလို့ရပါသလား ဆရာတို့ပြောကြားပေးပါ။

မည်သို့ဆိုစေ ကိုယ်တွေ Hive က ပြားငါးဆယ်
အနီး တဝဲဝဲလည်နေ၍ တော်သေး။ အောက်သို့
ပြုတ်မကျလောက်တော့ဘူး ထင်ပ။ ဒီတခါ
Hive တစ်ဒေါ်လာဈေးကျော်ရင်ဖြင့်
အနည်းငယ်ရောင်းချင်ပါသေး။ ဘယ်လိုလဲ
Hive ဈေးတက်အုံးမယ် မို့လား။

@htwegyi
18-5-2022



0
0
0.000
10 comments
avatar

မှားတက်ပါတယ်။ Hive စျေးက ပြန်တက်မှာပါ။
အာ့ကြောင့် Hive စုနေတယ် 😀

0
0
0.000
avatar

အေးပါလေ မြန်ကို ပြောသလိုပ 😁

0
0
0.000
avatar

ဟုတ်သဟေ့ အချိန်ရှိခိုက် ဟိုက်စုလိုက်။

0
0
0.000
avatar

ဟိုက် ရှား ပါး !LOL

0
0
0.000
avatar

I can never take my dog to the park because the ducks keep trying to bite him.
I guess that’s what I get for buying a pure bread dog.

Credit: reddit
@htwegyi, I sent you an $LOLZ on behalf of @tin.aung.soe
Use the !LOL or !LOLZ command to share a joke and an $LOLZ.
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.
(2/6)

0
0
0.000
avatar

Hive ဈေးက တကယ်ကို တက်လာမှာပါ။ August လောက် ဖြစ်မယ်ထင်တယ်။!PIZZA

0
0
0.000
avatar

မျော်နေမယ်လေ သူတက်မည့်အချိန်ကို။

0
0
0.000