အများနှင့် သက်ဆိုင်ခြင်းမရှိ

avatar

img_0.7621092795142147.jpg

တနေ့ တနေ့ နေထွက်လာတာကြည့်၊
နေဝင်သွားတာကြည့်ပြီး တနေ့ကုန်သွားပြန်ပေါ့။
တနေ့သာ ကုန်သွား ဘာမှမရ အသက်က
တရက်ကြီးသွားသည်။ စာအုပ်ဖတ်၊ ဖုန်းကြည့်
တီဗွီကြည့်ရင် အချိန်ကုန်ခဲသည်။
Hive မှာ စာရေး၊ ပိုစ့်တင်ရ၍သာ
တော်သေးသည်။

ယောင်ချာချာနေလာခဲ့ရ တနှစ်ကျော်ခဲ့ပေပြီ။
မည်သို့ မည်ပုံ ဆက်ဖြစ်လာမည်ကို မသိပါ။
စ ခဲ့မိဟာမို့ တနေ့မှာ ဆုံးရာရောက်ပေလိမ့်
ဖန်ဖန်အားအင်းမွေးရင်း ရှေ့သို့သာလျှောက်။
ကိုယ်ဟာကို အားတင်းရင်း ကိုယ့်အပူ
လူမသိ သူမသိစေနဲ့။ ဆိုသလို
ရောင်နီလာမည့်နေ့ လက်ချိုးရေရင်း
စောင့်နေရပေသည်။

ကျန်းမာရေးအတွက် လမ်းလျှောက်ရင်း
လမ်းမထက် သွားလာလှုပ်ရှားနေသော
ယာဉ်များကိုကြည့်မိသည်။ ဝမ်းစာအတွက်
သွားလာနေကြသည်။ မြို့ပြင်မှ မြို့ထဲရှိရာသို့
ဆိုင်ကယ်ကိုယ်စီ ထမင်းထုပ်ကိုယ်စီဖြင့်
နှစ်ယောက်တစီး၊ သုံးယောက်တစီးဖြင့်
အလုပ်သွားကြသည်။

img_0.29428963847014805.jpg

ထိုဆိုင်ကယ်များအနက် အများစု ဆိုင်ကယ်
များက မြေတူးရာ၊ မြေကော်ရာတွင် အသုံး
ပြုသည့် ဂေါ်ပြား၊ တူးရွင်ပြားများကို
ဆိုင်ကယ်နောက်တွင် ချည်နှောင်းထား
ကြသည်။ ထိုအရာကို ကြည့်ခြင်းဖြင့်
မြေတူးကြသူများဟု ကျွန်တော်ထင်မိသည်။

ခေတ်ပျက်သည်သာ ဆိုသည် ဆောက်နေကြသည့်
တိုက်အိမ်များ၊ ပြုပြင်နေသည့် အိမ်များကို
အများအပြားတွေ့မြင်ရသည်။ ခေတ်ပျက်သည်သာ
ဆိုသည် ကိုယ်တွေလမ်းမထိပ်ရှိ ဘီယာဆိုင်မှာ
လူအများအပြား ညနေစာ အသွေး
အသားအတွက် ပေးဆပ်နေကြသည် ။
ခေတ်ပျက်သည်ဆိုတာ ကိုယ်တွေနှင့် အချို့သော
သူများအတွက်သာဖြစ်ပေမည်။ အများနှင့်
သက်ဆိုင်ခြင်းမရှိပါလေ။

@htwegyi
19-5-2022



0
0
0.000
9 comments
avatar
(Edited)

PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
walarhein tipped htwegyi (x1)
@kachinhenry(1/15) tipped @htwegyi (x1)
golden.future tipped htwegyi (x1)

Learn more at https://hive.pizza.

0
0
0.000
avatar

မန်းလေးမြို့ပေါ်က အများနှင့်သာ မဆိုင်တာ၊
စစ်ကိုင်းတိုင်းက ရွာတွေမှာတော့ဖြင့် ...
!PIZZA

0
0
0.000
avatar

ဟုတ်သပ စစ်ကိုင်းတိုင်းကတော့ လေးစားစရာပ။

0
0
0.000
avatar

ရန်ကုန်မှာလည်း တိုက်တွေ ဆောက်နေကြတယ်။ အိမ်ဆောက်ပစ္စည်းတွေ ဒီလောက်ဈေးတက်နေတာ !PIZZA

0
0
0.000
avatar

မြန်မာပြည် ဆင်းရဲသတဲ့ မယုံစရာပ။

0
0
0.000
avatar

အဆင်မပြေပင်မဲ့ အဆင်ပြေအောင် ကြိုးစားနေရတယ်

ကြိုးစားနေလည် အဆင်မပြေပါဘူး !lol !pizza !luv

0
0
0.000
avatar

သံသရာလည်နေတယ်ပ။

0
0
0.000