အမနှင့် အပင်များ

avatar

img_0.7621092795142147.jpg

အရိပ်နေနေ အခက်ချိုးချိုး ဆိုတာ ကျွန်တော့်
အမကို ပြောသည်ဖြစ်ပေမည်။ အဘယ်ကြောင့်
ဆိုသော် အမသည်။ အိမ်ဝင်းအတွင်းရှိ
အပင်မှန်သမျှကို လိုက်လံချိုးခြင်း၊ အပင်ပေါက်
လေးများ၏ ဘေးကိုင်းအတက်လေးများကို
ကတ်ကြေးဖြင့် ဖြတ်ခြင်းများ ပြုလုပ်တတ်သည်။

သူမပြောသည်က ထိုသို့ ချိုးပေး၊ ဖြတ်ပေးမှ
အပင်က အပေါ်သို့သန်၍ ထောင်တက်မည်ဟု
ပြောသည်။ မှန်သင့်သလောက်မှန်ပေသည်။
မှားတာလည်းရှိပေသည်။ မှားဆို ယနေ့
အိမ်တောင်ဖက်ရှိ ကုက္ကိုလ်ပင် အတက်ကြီး
ခုတ်ပစ်သည်။

img_0.10187395568531142.jpg

ထို ကုက္ကိုလ်ပင် အတက်ကြီးက မနက် ဆယ်နာရီ
မှ ဆယ့်နှစ်နာရီထိအချိန်များတွင် ခြံပေါက်ဝကို
အရိပ်ရသည်။ သူမသည် ထို ကုက္ကိုလ်ပင် ကို
ခုတ်ပြီးသကာလ ဆယ့်တစ်နာရီအချိန်တွင်
ခြံပေါက်ဝ အပြင်ထွက်ပြီး ရပ်သည့်အခါမှာ
အရိပ်မရ၍ ပူပါတော့သည်။

"အဲ ငါ ခုတ်တာ လက်လွန်သွားပဟေ့၊
ခြံပေါက်ဝ အရိပ်မရှိတော့ဘူး။ ကိစ္စတော့
မရှိပါဘူး၊ တမာပင်က အရိပ်ရတော့မှာပါ"

img_0.42209347863648694.jpg

မှန်ပါသည်။ ထို ကုက္ကိုလ်ပင် အတက်ကြီး၏
အောက်တွင် တမာပင်ပေါက်တပင် စိုက်ထားသည်။
ထို တမာပင်ကလည်း အမ၏ လက်ချက်ဖြင့်
ဘေးကိုင်းများဖြတ်ထား၍ အပေါ်သို့ အပင်က
လု တက်နေသည်။ ယခုအခါ တမာပင်က
လွတ်လွတ် ကျွတ်ကျွတ်ရှင်သန်နိုင်ပေတော့မည်။
အမက သူ့ဟာနှင့် သူတော့ ဟုတ်နေပေသည်။

@htwegyi
20-5-2022



0
0
0.000
6 comments
avatar

သစ်ပင်ကြီးတွေကို မစိုက်နိုင်ရင် နေပါ။ မခုတ်ကြပါနဲ့။
!LOL

0
0
0.000
avatar

အချို့အပင်တွေက မခုတ်လို့မရဘူးဗျ
ခုတလော မန်းလေး လေကြမ်းတော့
သစ်ပင်လဲပြီး အိမ်ပိနေကြတယ်။
ကျုပ်တို့အိမ်က အပင်ပိရင် အခြေအနေမကောင်းဘူး။

0
0
0.000
avatar

အပင် ကြီးမျိုးတွေဆိုရင် ငယ်ငယ်ကတည်းက ကိုင်းခက်တွေ ခုတ်ထွင်းပေးရတာ။ ကြီးလာတော့မှ ဆိုရင် အပင် အစ်ကိုင် ကမညီတော့ဘူး။ !LUV

0
0
0.000
avatar

ဟုတ်တယ် ငယ်တုန်းခုတ်ထားမှ ကြီးသွားရင်တော့
ခုတ်ရတာ မလွယ်ဘူး။

0
0
0.000